နှောင်းခဲ့ပြီးတဲ့အတိတ်ကို
ပြန်မတမ်းတကောင်းပေမယ့်
ငါကတော့နောင်တမဲ့စွာ
ချစ်ခြင်းကိုရင်မှာထွေးပိုက်
အလွမ်းတသိုက်ကိုကဗျာဖွဲ့ 
တမ်းတခြင်းအိပ်မက်တွေ
မဆုံးနိုင်အောင်မက်ခဲ့တယ်
ရေတွက်ရခက်တဲ့
အထီးကျန်ညတွေမှာ
နိဂုံးရဲ့ နိဒါန်းအစကို
ရှာဖွေနေတုန်း
ဆုံစည်းခြင်းဆိုတာမသိနိုင်သေးခင
လရိပ်အောက်မှာခို လရောင်ကိုငေးမော
လမင်းကိုတိုင်တည်နေခဲ့ပေမယ့်
ငါ့အချစ်ကိုမြုပ်နှံထားခဲ့တဲ့လမ
တစ်ချိန်ချိန်မှာတိမ်ညိုတွေ
ဖုန်းအုပ်သွားမှာကိုတော့
ငါတွေးကြောက်နေမိခဲ့တယ်
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
0 comments:
Post a Comment