Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

Welcome Happy New Year 2013....

မေ့မရတဲ့ ဂရုစိုက်မှုတွေနဲ့ 
မင်းအပြုံးတွေကိုတမ်းတ
လွမ်းရတဲ့ ဘ၀က
မွမ်းကြပ်တယ်...ချစ်သူ...




ဆင်တူအင်္ကျီနဲ့ 
ပျော်စရာ ၂၀၁၂မှာ
ချစ်သူလက်ကိုတွဲ
ရဲရဲလျှောက်ခဲ့လမ်းတွေ
ချစ်သူပခုံးကိုမှီရင်း
ခံစားချက်တွေမျှဝေခဲ့
နေရက်တွေတိုင်း
Valentine ပေါ့...ချစ်သူ...



ပုံးနေတဲ့ နှုတ်ခမ်းရဲ့ ပျော်ရွင်မှု
မဲ့နေတဲ့ နှုတ်ခမ်းရဲ့ နာကျင်မှု
အံ့သြစရာကောင်းတဲ့ ဘ၀လှိုင်းဒဏ်တွေကြား
မြှပ်တစ်လှည့် ပေါ်တစ်လှည့်
ကြိုးစားဖြတ်သန်းရင်း
ဆိုးအတူ ကောင်းဘက်
တွဲလက်တွေခိုင်မြဲခဲ့တယ်...ချစ်သူ...


December 31 ,2012 မှာ
နှစ်ဟောင်းကုန်သွားပေမဲ့
မကုန်ဆုံးနိုင်တဲ့ အချစ်တွေနဲ့ 
အပေးအယူမျှတဲ့ နားလည်မှုပေါင်းစု
အပြန်အလှန် ယုံကြည်မှုတွေကို သစ္စာပြုရင်း
ပျော်စရာကောင်းတဲ့
Happy new year 2013 ကို
တူတူကြိုဆိုလိုက်ရအောင်...ချစ်သူ...

ချစ်တဲ့ သူငယ်ချင်းများ ၂၀၁၃ မှာ ပျော်ရွင်သောနှစ်သစ်ဖြစ်ပါစေ...

ဖူး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

HAPPY NEW YEAR 2013

           ချပ်....ချပ်.........ချပ်...နဲ့အချိန်
နာရီတွေကသက္ကရာဇ်  ၂၀၁၂  ကို
တစ်ရွှေ့ရွှေ့နဲ့ကုန်လွန်ခဲ့ပြီး
သူငယ်ချင်းတို့ရေ
ငါတို့တစ်တွေရဲ့ကျန်ခဲ့တဲ့
အတိတ်ကာလမှာ
စိတ်ပျက်ဝမ်းနဲစရာတွေ
ရှိခြင်ရှိခဲ့မယ်....
ပေးဆပ်ခဲ့ရတာ     နာကျည်းခဲ့ရတာတွေ
ရှိခဲ့မယ်    မလုပ်ခဲ့  မပျက်သားခဲ့တာတွေ
အဆင်မပြေမူတွေနဲ့    ပူလောင်သောကတွေ
ရှိခြင်ရှိခဲ့မယ်....
မင်းဘာမှစိတ်ဓါတ်မကျလိုက်နဲ့
သူငယ်ချင်း 
လောကကြီးမှာ   အဆိုးနဲ့အကောင်း
ကဒွန်တွဲနေသလို
ခရောင်းလမ်းတွေ   ပြီးရင်  ပန်းခင်းသောလမ်းပေါ့
ငါတို့တစ်တွေရဲ့ဘဝမှာ
အမှားတွေရှိခဲ့ရင်လည်း
ပြင်ဆင်ဖို့အချိန်ကနောက်မကျသေးပါဘူး
သက္ကရာဇ်    ၂၀၁၃  မှာ
ငါတို့တစ်တွေ ဘဝကိုအကျိုးရှိရှိအသုံးချပြီး
အောင်မြင်မူ  တွေ  ဆွတ်ခူးဖို့အတွတ်
စိတ်သစ်  လူသစ်နဲ့
၂၀၁၃  ......ဆိုတဲ့  နှစ်သစ်ကိုကြိုဆိုရင်း
အပြုံးပန်းတွေ   အားမာန်စိတ်ထားတွေနဲ့
ငါတို့တစ်တွေ     အတူတူ
လျှောက်လှမ်းကြရအောင်  ...


         ..............သူငယ်ချင်းအားလုံးကိုဒီနေရာလေးကနေဆုမွန်ကောင်းတောင်း
ပေးလိုက်ပါတယ်    ကောင်းသောနှစ်သစ်ကူးလေးကိုအားလုံးသောသူငယ်ချင်းတို့
ပိုင်ဆိုင်ကျပါစေလို့ဆန္ဒပြုလိုက်ပါတယ်

                                      ..............................အသည်းလေး                                                                         


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီဆောင်း


 နှင်းခဲလေးတွေတစ်ဖွဲဖွဲကျလို့
မှောင်ရိပ်သန်းနေတဲ့ဒီလမ်းလေးထဲမှာ
လေ၇ာင်ကအလင်းယဲ့ယဲ့လေးနဲ့
ကဗျာဆန်လွန်းလှတဲ့ ......ဒီဆောင်း
သစ်ကိုင်းခြောက်တွေပေါ်
ခိုတွယ်နေတဲ့  နှင်းစက်လေးတွေ
အိမ်ခေါင်မိုးပေါ်တစ်တောက်တောက်
ကျနေတဲ့နှင်းစက်တွေရယ်
ဘယ်နေရာကိုပဲကြည့်ကြည့်
နေရာတိုင်းနေရာတိုင်းအဖြူရောင်သန်းလို့
လွမ်းဆွတ်တမ်းတမူတွေကိုပေးနိုင်လွန်းတဲ့ဆောင်း
ဒီဇင်ဘာရဲ့နောက်ဆုံးညလေးမှာ
ပျော်ရွင်မူတွေနဲ့
ဒို့      .....နှစ်ယောက်အတူတူ
နှစ်သစ်ကိုကြိုတဲ့ဆောင်း
အို  ဆောင်းရယ်
မင်းရဲ့အလှကို  ကဗျာတွေဖွဲ့
စာတွေတည်     သီချင်းတွေဆိုရင်း
မြူနှင်းတွေဆိုင်းတဲ့  ဒီမနက်ခင်းလေးမှာ
ချမ်းစိမ့်စိမ့်နဲ့   ကိုယ့်တစ်ယောက်တည်း
နွေးထွေးတဲ့ချစ်သူ့ကိုယ်ပွါး
ဒီစောင်လေးကိုခြုံပြီး
တစ်ကိုယ်တည်းဆက်ကွေးလိုက်ဦးမယ်.................p;p;p;

                                                 .........................................အသည်းလေး



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ဆိုသည်မှာ

           လောကကြီးမှာကျွန်တော်တို့တစ်တွေချစ်သာချစ်နေကြတာ အချစ်ဆိုတာဘာလဲလို့
 အမေးခံရတော့လည်း ယောင်လည်ယောင်လည် ဖြစ်ကုန်ကျတယ်
 အချစ်ဆိုတာကြီးကလည်းထူးဆန်းလိုက်တာ လူတစ်ဦးချင်းဆီရဲ့ ခံစားချက်နဲ့ လိုက်ပြီး
 ကွဲပြားနေတတ်ပြန်တော့လူတစ်ယောက်ခြင်းစီရဲ့ ခံယူချက်တွေလည်း အမျိုးမျိုးကွဲလွဲနေကျပြန်ရော
       ကျွန်တော်ကတော့အချစ်ဆိုတာ   တစ်ယောက်အပေါ်တစ်ယောက်လေးစားခြင်း!
နားလည်မူရှိခြင်း !  ယုံကြည်စိတ်ချခြင်း  ! သစ္စာရှိခြင်း  တို့  အချိုးကျပါဝင်တယ်လို့
ထင်နေမိတယ်..
        လောကကြီးထဲမှာ    အချစ်တွေအမျိုးမျိုးရှိနေကြတာပဲမဟုတ်လား  သူငယ်ချင်းတို့....?
နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ကြသူတွေ၊ တဖက်သက် နဲ့ နှစ်နှစ်ကာကာချစ်နေသူတွေ။
 ပေးဆပ်မှုတွေ၊ ရယူမှုတွေ၊ နားလည်မှုတွေ နဲ့ ချစ်နေကြတာပဲလေကျွန်တော်ကတော့အချစ်ကို

နှစ်မျိုးခွဲခြားထားတယ်


(၁)အချစ်ဆိုတာ တစ်ခါတစ်လေ အဆုံးစွန်သော နားလည်ပေးမှုတွေနဲ့ စွန့်လွှတ်ပေးနိုင်တယ်

ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် သူကိုယ့်ကို လိုအပ်ချိန်မှာ ရှိနေပေးချင်ကြမယ်၊ မလိုအပ်တော့ဘူးဆိုရင် ပြောနေစရာတောင်မလို ရှောင်ပေးနေပြီးသားဖြစ်နေမယ်။ အဲဒီအတွက်လည်း အမုန်းတွေ ကင်းစွာနဲ့ ကျေနပ်နေတက်ကြတယ်။ အပြစ်တင်ပြောဆိုမှုတွေ ကင်းနေမယ်။ ဘယ်သူမှားခဲ့တယ် ဘယ်သူမှန်ခဲ့တယ်ဆိုတဲ့
 အမှားအမှန်တွေ မရှိ၊ အနိုင်အရှုံးတွေ မရှိ ပကတိ စိတ်ထဲကနေ ချစ်တယ်ဆိုတာနဲ့ပဲ ချစ်ပြသွားတတ်ကြတယ်။


သူ့ကို သူ့စိတ်တိုင်းကျ ရွေးချယ်မှုတွေ ရှိနေစေမယ်။ သူရွေးချယ်နေတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်က နားလည်မှုတွေနဲ့ လက်ခံပေးလိုက်မယ်။ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို သူကလည်း
 ယုံကြည်နေစေသလို၊ သူရွေးချယ်သွားတဲ့ လမ်းအတွက်လည်း ကိုယ်က အသိအမှတ်ပြုပေးလိုက်ပါမယ် ဒီလိုနည်းလေးနဲ့ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို လေးလေးစားစားဖြစ်နေစေမယ်
 ကိုယ်ကိုယ်တိုင် မပူလောင်သောနည်းနဲ့ ကိုယ့်ချစ်သူကိုပါ အေးချမ်းနေစေခြင်တယ်

ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရလို့ နာကျင်ရမှာ မှန်ပါတယ်ဒါပေမယ့် ကိုယ့်အနားမှာ
 သူရှိနေပြီး သူ့စိတ်က ကိုယ့်ဆီမှာ မရှိပဲ နှစ်ယောက်လုံး နာကျင်နေရမှာထက်စာရင် ကိုယ်တစ်ယောက်တည်း နာကျင်နေရတာက ပိုကောင်းပါတယ်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို နှစ်ဦးနှစ်ဖက်ကို လေးစားသောအားဖြင့် ဆုံးဖြတ်ရမှာပါပဲ

 ဒါကတော့ တစ်ဖက်သတ် အချစ်နဲ့ ဆိုင်တယ်လို့ဆိုရမှာပေါ့.....

(၂)နှစ်ဦးနှစ်ဖက် ချစ်နေကြသူတွေမှာတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားယုံကြည်မှုက အရေးအကြီးဆုံး
တစ်ဦးတစ်ယောက်ကိုချစ်လာတဲ့အခါ သူလိုအပ်တာလေးတွေကို အလိုလိုသိနေနိုင်သလိုသူမကြိုက်တာတွေကိုလည်း မလုပ်မိအောင်
 ရှောင်ဖြစ်သွားတယ် အပြန်အလှန် ယုံကြည်မှုတွေရှိနေမယ်၊ နားလည်မှုတွေနဲ့ စောင့်ထိန်းတတ်လာမယ်
 တစ်ချို့ကတော့ရှိပါတယ် သူမကြိုက်တာတွေကို သူ့ရှေ့မှာ မလုပ်ဘူး၊ နောက်ကွယ်မှာ လုပ်တယ်
သူမှ မသိတာကွာ တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ အင်းကျွန်တော့်အထင် အဲဒီကစတာပါပဲ..
အဲဒီစကားလေးတစ်ခွန်းက ပြောမယ့်သာပြောတာ သေချာစဉ်းစားကြည့်ရင် ကိုယ်သူ့အပေါ်ချစ်တဲ့
 အချစ်ရဲ့တန်ဖိုးကို ဟိုးအောက်ဆုံးထိ ဆွဲချသွားတတ်တာကိုဘယ်သူမှ သတိမထားမိကြဘူး

တကယ်ပဲလေးလေးစားစားနဲ့ ချစ်မယ်ဆိုရင် သူမကြိုက်တာကို သူ့နောက်ကွယ်မှာ လက်တွေ့မပြောနဲ့ စိတ်နဲ့တောင် မချိုးဖောက်မိအောင် ထိန်းသိမ်း နေမိမှာပါပဲအဲဒီအချစ်တစ်ခုကို ပေါ့ပျက်ပျက်စကားလုံးလေးနဲ့တောင်
 အညှိုးအနွမ်း မခံနိုင်ပါဘူး ဒါကတော့ ကျွန်တော့်ရဲ့ခံယူချက်ပေါ့...

အဲ.. သူ့ဘက်ကိုရော ကိုယ့်အပေါ်ချစ်တဲ့ အချစ်ကို ဘယ်လိုနားလည်ပေးနိုင်မှာလဲ ဆိုရင်တော့.. ဟုတ်ကဲ့ ဒီလိုပဲ ခံယူမိမှာပါပဲ သူသာ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ကိုယ်မကြိုက်တာတွေကို ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး သူ့ဘာသာသူ သိနေမှာပါပဲ ဒါမှလည်း တရားမယ်လို့ထင်တယ် ကိုယ့်ဘက်ကချည်းပဲ လိုက်ပြီးနားလည်ပေးနေရမယ်၊ ဖြည့်တွေးပေးနေရမယ်
 ဆိုရင်တော့ တစ်ဖက်သတ်အချစ်နဲ့ ဘာများကွားဦးမှာလဲ..   မဟုတ်ဘူးလား.......?

ဟိုဝတ္ထုစာအုပ်တွေထဲကလိုလူတစ်ယောက်ကိုချစ်ဖို့ကလွယ်ပါတယ် ချစ်မြဲချစ်နေဖို့သာ ခက်တာပါတဲ့...

မှန်ပါတယ် .. တစ်ဦးနဲ့တစ်ဦး ချစ်လိုက်ဖို့က၊ ချစ်သူတွေအချင်းချင်း ချစ်မြဲချစ်နေကြအောင် လုပ်ရတာလောက် မခက်ဘူးလို့ထင်မိတယ်


တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုတွေ နဲ့ အပြန်အလှန် နားလည်ပေးပြီး တည်ဆောက်တဲ့ အချစ်မျိုးမှ စိတ်ထဲမှာ လုံခြုံမှုရှိတဲ့
 အချစ်တစ်ခု ဖြစ်လာမယ်လို့ထင်တယ် တစ်ဦးရဲ့စိတ်ကို တစ်ဦးက လုံခြုံမှုပေးနိုင်ရပါမယ် တည်ဆောက်ထားတဲ့အချစ်တွေ
 ခိုင်မာနေအောင် အလုပ်နဲ့သက်သေပြရမယ်တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ မပျက်စီးသွားအောင် ကြိုးစားတည်ဆောက်နေရမယ်
 ကိုယ်စီ စိတ်ထဲမှာလည်း သံသယတွေ ကင်းနေစေရမယ် သံသယတွေ ကင်းနေစေဖို့လည်း အပြန်အလှန် ကြိုးစားစောင့်ထိန်းနေရမယ်
 ပြဿနာ တစ်ခုခု ရှိလာပြီဆို အရင်ဆုံး အငြင်းမပွားကြဘဲ နှစ်ဦးစလုံးက ပြဿနာရဲ့ အခြေခံ
 အကြောင်းအရင်းကို ခေါင်းအေးအေးနဲ့ စဉ်းစား ပြီး ဖြေရှင်းသင့်တယ်လိုထင်မိတယ်

နှစ်ဦးလုံးရဲ့ စိတ်ထဲမှာ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ကို တွေးလိုက်တာနဲ့ အေးချမ်း လုံခြုံမှုကို ခံစားနေရမယ်ဆိုရင်ဘယ်လောက်များစိတ်ချမ်းသာစရာကောင်းမလဲမဟုတ်လားအချစ်ဆိုတာ

 နှစ်ဦးစလုံးကို အေးချမ်းနေစေတာ အကောင်းဆုံးလို့ ကျွန်တော်ကတော့ထင်နေမိတယ်

ကျွန်တော်ကတော့ နှစ်ဦးနှစ်ဖက် အချစ်ကိုတော့ သည်လိုမျိုးလေးဖြစ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ရေးထားတာပေါ့
တစ်ဖက်သတ် အချစ်ကတော့ သည်လိုမျိုးလေး ချစ်ဖူးတယ် ဆိုတာကိုသူငယ်ချင်းတစ်ယောက်က ပြောပြတာပါ..

      ချစ်သောသူငယ်ချင်းတို့လည်း ကိုယ့်သဘောထားလေးနဲ့ကိုယ်၊ကိုယ့်ရင်ထဲက

ခံယူချက်နဲ့ကိုယ် လွတ်လွတ်လပ်လပ်ချစ်နိုင်ကျပါတယ်
သဘောထား တူညီသူတွေရော၊ မတူညီတူတွေပါ ချစ်ခြင်းမှာ  ပျော်ရွင်အေးချမ်းကျပါစေနော်

                        ......................................အသည်းလေး

           

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တမ်းတမှု



မင်းနဲ့ တွေ့ ရမဲ့ အချိန်တွေကို
လက်ချိုးရေတွက်
မက်ခဲ့တဲ့ အိမ်မက်ရက်တွေလည်း
များနေပြီချစ်သူ...


တချိန်က ပျော်ခဲ့တာလေးကို
ပြန်တွေးရင်း အလွမ်းနေ့ တွေကိုကျော်ဖြတ်
အိပ်ခက်တဲ့ ညတွေလည်း
များနေပြီချစ်သူ...


ဘ၀လမ်းတွေကြမ်းပေမဲ့လည်း
အနားမှာမင်းရှိတယ်ဆိုတဲ့စိတ်က
ခွန်အားပြည့်စေပြီး
အရာရာရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီချစ်သူ...


အနေဝေးလို့ 
အကြင်နာတွေမပေးနိုင်ပေမဲ့
ရင်မှာကတော့
အလွမ်းဒဏ်ရာတွေနဲ့အပြည့်ပါ ချစ်သူ...


ဖူး



  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိပ်စက်ခြင်း






     တစ်ခါကဖတ်ထားဖူးတဲ့စာလေးကိုသတိရတာနဲ့တင်ပေးလိုက်ပါတယ်...အိပ်မက်လှလှမက်ပါစေနော်
သူငယ်ချင်းတို့တွေလည်း


လူတော်တော်များများဟာ ညဘက်အိပ်မပျော်တဲ့ရောဂါခံစားရတတ်ပါတယ် အဲဒီလိုအိပ်မပျော်တဲ့သူတွေအ

တွက် ဒီအကြံပြုချက်လေးတွေက အသုံးဝင်မယ်လို့ကျွန်တော်ထင်ပါတယ်

(၁)အိပ်ချိန်တွေကို အကြွေးမထားပါနဲ့။အိပ်ရေး ပျက်ခြင်းဟာ ဘီယာ အလွန်အကျွံသောက် သူတွေ လိုပဲသင့်

ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

(၂)နေ့ခင်းဘက်မှာ မိနစ်(၄၀)ခန့်အိပ်စက်အနားယူခြင်းဖြင့်အားအင်ပြည့်ဖြိုးပြီးအလုပ်အကိုင်တွေကိုအာရုံပို

စိုက်နိုင်ပါတယ်။

(၃)ကိုယ်ဝန်ဆောင်ကာလမှာအိပ်ချိန်ကိုပိုပြီးဂရုစိုက်သင့်ပါတယ်ဘယ်ဘက်ကိုစောင်အိပ်ခြင်းဖြင့်သင်နဲ့သင့်

ရင်သွေးငယ်တို့ရဲ့သွေးလည်ပတ်မှုကိုပိုမိုအားကောင်းစေပါတယ်။

(၄)အိပ်ချိန်နဲ့ကပ်ပြီးဗိုက်တင်းစေမယ့်အစာတွေမစားသင့်ပါဘူး။

(၅)ရေနွေးပူချိုးခြင်း၊aromatherapy၊တရားထိုင်ခြင်း၊ယောဂကျင်စဉ် ကျင့်ခြင်းစတာတွေ ကနှစ်ခြိုက်စွာ အိပ်

စက်နိုင်စေ ဖို့အထောက်အကူပြုပါတယ်။

(၆)အိပ်ခန်းဟာ အပူချိန်မျှတပြီး အလင်းရောင်တွေမ၀င်နိုင်အောင် ကာကွယ်ထားရပါမယ်။တီဗွီနဲ့ကွန်ပြူတာ

တွေကိုဝေးဝေးမှာထားရပါမယ်။

(၇)ပင်ပန်းတဲ့သူတွေဟာများများစာနိုင်ပြီးကိုယ်အလေးချိန်တက် တတ်ပါတယ်။အိပ်ရေးပျက်တဲ့သူတွေလည်း

ဒီလိုပါပဲ။တစ်နေ့ (၇)နာရီအိပ်သူ ဟာ(၈)နာရီအိပ်သူထက် ကယ်လိုရီ ၆%လောက်နေ့စဉ်ပိုစားတတ်ကြ

ပါတယ်။

(၈)မအိပ်ခင်မှာဆေး လိပ်မသောက် သင့်ပါဘူး။ဆေးလိပ်ဟာ ကဖင်းဓါတ်လိုပဲအိပ်ချင်စိတ် ကိုပျောက်ေ စ ပါ

တယ်။အကောင်းဆုံးကတော့လုံးဝဖြတ်လိုက်ပါ။

(၉)သင်လဲလျောင်းတွှဲအခါအစာအိမ်က အက်ဆစ်ေ တွကြောင့် Heart Burn ရတတ်ပါတယ်။ေ ခါင်း အုံးမြင်

မြင့်နဲ့အိပ်ရင်သက်သာပါတယ်။

(၁၀)အိပ်မပျော်ရင်တော့နံရံကိုကြောင်ကြည့်နေတာမျိုးမလုပ်ပါနဲ့။အိပ်ယာကထပြီးစာဖတ်၊တီဗွီ ကြည့်ပါ။ပင်

ပန်းလာမှ ပြန်အိပ်ပါ။

(၁၁)အရက်သောက်ရင်တော့မှောက်သွားမှာသေချာပါတယ်။ဒါပေမယ့် အိပ်ရေး၀၀ အိပ်ပျော်တာ မျိုးမဟုတ်

ပါဘူး။ဒါကြောင့်အိပ်ေ ပျာ်အောင် အရက်ေ သာက်တာမျိုးရှောင်သင့်ပါတယ် မအိပ်ခင်(၃)နာရီအတွင်းမ

သောက်သင့်ပါဘူး။

(၁၂)(၈)နာရီပြည့်အော င် အိပ်ပါ။(၆)နာရီပဲအိပ်လျှင်တော့ သွေးတိုးရောဂါခံစား ရဖို့အခွင်အလမ်း ၇၀% ပို

များပါသတဲ့။

(၁၃)နောက်တစ်နေ့အတွက် အလုပ် အစီ အစဉ်ေ တွကို နေ့လည် ကတည်း ကလုပ်ထားပါ။အိပ် ယာထဲ

ယူမလာပါနဲ့။

(၁၄)တစ်ယောက်တည်းစကားပြောတဲ့ကုထုံးကအိပ်မပျော်သူတွေအတွက်အထောက်အကူပြုပါသတဲ့ပြော

ကြည့်ပေါ့။

(၁၅)အိပ်ရေးဝတဲ့သူဟာ နှလုံးရာဂါ၊ဆီးချိုရောဂါနှင့်ကင်ဆာရောဂါတွေအဖြစ်နည်းပါသတဲ့။

(၁၆)ဘယ်လောက်ပဲပင်ပန်းပါစေ။ညနေ(၃)နာရီကျော်ရင်တော့ခဏတဖြုတ်အိပ်တာမျိုးမလုပ်သင့်ပါဘူး။

(၁၇)ထောပတ်သီးမှာပါတဲ့ Tryptophan ဆိုတဲ့ဓါတ်ပစ္စည်းက အိပ်ပျော်အောင်ကူညီပေးပါသတဲ့။ထောပတ်

သီးနေ့စဉ်စားကြပါစို့။

(၁၈)နေလယ်နှင်ညနေခင်းတွေမှာ ကိုယ်ကာယလေ့ကျင်းခန်းလုပ်ရင်ညဘက်ကောင်းကောင်းအိပ်ပျော်ပါ

သတဲ့။အိပ်ခါနီးမှတော့မလုပ်သင့်ပါဘူး။

(၁၉)ကိုယ်ဝန်ဆောင်ေ တွမှာတော့ ကာဗိုလ်ဟိုက်ဒြိတ်များ တဲ့ အစားအစာတွေကအိပ်ေ ပျာ်အောင် ကူညီ

နိုင်ပါသတဲ့။

(၂၀)အိပ်ယာကောင်းဖို့လည်းလိုပါသတဲ့။စိန်နှင်မြမှာသွားဝယ်ပေါ့။ဈေးတော့ကြီးတယ်။

(၂၁)အိပ်ဆေးတွေကိုသုံးမယ်ဆိုရင်တောင် (၅-၁၀) ရက်ထက်ပိုမသုံး သင့်ပါဘူးသ ဘာဝအတိုင်း အိပ်ပျော်

ရင်တော့အကောင်းဆုံးပေါ့။

နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ကြပါစေ။


                               ....................မှတ်သားထားတာတွေနဲ့ဖတ်မိတာလေးတွေကိုပြန်လည်မျှဝေ
ခြင်းသာဖြစ်ပါတယ်

                        ...................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

12/12/12ထူခြားတဲ့နေ့ လေးအမှတ်တရဆုတောင်း



ဒီနေ့ က 12/12/12 မှာ သူငယ်ချင်းတွေအတွက် အမှတ်တရဆုမွန်ကောင်း ၁၂ ခု

Today is 12/12/12 wish u have 12 wishes.
1.love(ချစ်ခြင်းမေတ္တာများကိုပိုင်ဆိုင်ပါစေ)
2.smile(ပြုံးပျော်ရွင်နိုင်ကြပါစေ)
3.healthy(ကိုယ်ကျန်းမာပါစေ)
4.wealthy(စိတ်ချမ်းသာပါစေ)
5.successful(အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ပါစေ)
6.beauty(ရုပ်ရည်ပိုမိုချောမောလှပပါစေ)
7.lucky(ကံကောင်းပါစေ)
8.dreamy(စိတ်ကူးသစ်များ၊အတွေးသစ်များ၊အိမ်မက်များ ရရှိပါစေ)
9.dream come true(ကိုယ်ပိုင်အိမ်မက်များ တကယ်ဖြစ်လာနိုင်ပါစေ)
10.lover(ချစ်သူရပါစေ)
11.happy(ပျော်ရွင်ပါစေ)
12.so happy..(အထက်ပါဆုတောင်းများနဲ့ ပြည့်စုံပြီး ထာဝရ ပျော်ရွင်နိုင်ပါစေ....)
ချစ်တဲ့ သူငယ်ချင်းအားလုံး ဒီရက်လေးကစပြီး ဆုမွန်ကောင်း ၁၂ခုနှင့် ပြည့်ဝပျော်ရွင်နိုင်ပါစေ...
ဒီနေ့ သူငယ်ချင်းတွေဆီကရတဲ့ message လေးပါ...

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တောင့်တမူ(ဆန္ဒ)

ဒီလိုညမျိုးမှာ  
လရောင်လေးဖွေးဖွေး
  ကြယ်ေ၇ာင်လေးအေးအေးနဲ့
လှပနေတဲ့ညလေးတစ်ညမျိုးဖြစ်သင့်တယ်
ရာသီစက်ဝန်းလေးကလည်း 
ဆောင်းရာသီ    လေရှူးလေးတွေ
တသုန်သုန်တိုက်လို့      .......
  မှောင်ရီဝိုးတဝါး  လေဟာနယ်လွင်ပြင်ထဲမှာ
ငါ့တစ်ယောက်တည်းအထီးကျန်
မင်းလေး  ကိုအကြိမ်ကြိမ်သတိရလို့
အလွမ်းတေးလေးတွေကိုမိတ်ဖွဲ့
မင်းရေးပေးခဲ့တဲ့  ကဗျာလေးကိုဖတ်ရင်း
ငါ   မင်းကိုလွမ်းနေမိတယ်......
အေးစက်စက်အမှောင်ခန်းထဲက
ည.......ဟာ စိတ်ပျက်လက်ပျက်အိပ်မောကျနေလေရဲ့
ချစ်သူမင်းသိလား
ငါ့ရင်ထဲမှာ မင်းကိုလွမ်းလို့
မခံစားမိအောင်ငါနေရတာ
ခံစားနေရတာထက်ကိုပိုဆိုးနေမိတယ်

                            ...................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

A dream of you and me


ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တိမ်တွေနေတဲ့အရပ်

ဒီသီချင်းလေးထဲကလို 
တိမ်တွေနေတဲ့အရပ်ဆီကို နင် နဲ့  ငါ
လေတွေတိုက်တုန်းသွားမယ်ကွာ ဖတ်ထားပါ...
တုန်ရီနေတဲ့ငါ့လက်ကလေး နင်ကိုင်ထားပါ
ရင်ခုန်လွန်းလို့ ပါ...
ချစ်သူရယ်...
ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သခင့်အပါး


ချစ်သူ
မင်းသိပါ့မလား

ကြင်နာမှုထက်ပိုတဲ့

စာနာမှုတွေ

ချစ်ခြင်းထက်ခိုင်မြဲတဲ့

မေတ္တာတရားတွေ

တွယ်တာခြင်းထက်ပိုတဲ့

မြတ်နိုးခြင်းတွေ

နားလည်မှုထက်ပိုတဲ့

အလိုက်သိမှုတွေ

တန်ဖိုးတစ်ခုထက်ပိုတဲ့

လေးစားမှုတွေနဲ့

သခင့်အပါး

ခစားခွင့်မရှိရင်တောင်
ဟိုး အဝေးမှာပဲ
တိတ်တိတ်လေး အထီးကျန်
အခန်းကျည်းလေးထဲမှာ
ကိုယ့်တစ်ယောက်တည်း
နေပေးပါ့မယ်
ဘဝရဲ့နောက်ဆုံးထွတ်သက်ထိပေါ့

                          ........................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်းသို့..........

သူငယ်ချင်းဘဝ.........
   
    ပျော်၇ွင်ပါစေနော်...ကံကောင်းပါစေသူငယ်ချင်း

ချစ်သူဘဝ.............

         ကိုယ်အရမ်းချစ်တယ်မင်းကို  ....အရမ်းလည်းလွမ်းလှပြီး......ဂရုစိုက်ပါနော်
ကိုယ်တစ်ယောက်တည်းအထီးကျန်ညတွေကိုဖြတ်သန်းနေရတာ  ;p;p;p;p

အိမ်ထောင်သည်ဘဝ..............
   ကိုယ်အလုပ်မအားလို့ ချစ်ပဲသွားတော့နော်   နောက်တစ်ခါကျရင်အတူတူသွားတာပေါ့
အဆင်ပြေတယ်မလားတစ်ယောက်တည်းသွားရင်...

ကလေးလည်းရေ၇ာ.........
   ဖေကြီးရေ..........ကုန်ဈေးနုန်းတွေကဘာကြီးသလည်းမမေးနဲ့ရှင့်သမီးကြီးကျူရှင်ဖိုးနဲ့
သားငယ်လေး၇ဲ့မုန့်ဖိုးတင်တော်တော်လေးကုန်နေတယ်
ပိုက်ဆံကလည်းနော်  ဘယ်လောက်ပဲရှာရှာလောက်တယ်လို့ကိုမ၇ှိဘူး
(ဘယ်လောက်မလည်းသူများတွေမသိအောင်ကိုအတိုးချထားတာလေ)ဟိးဟီး

ဒီလိုနဲ့ပေါ့....
...........................
 
       ဖေကြီးရေ....ဒီတစ်ခေါက်သမီးကြီးခွင့်နဲ့ပြန်လာကျရင်  ချစ်တို့လင်မယားလည်း  
အရှင်ဆန္ဒာဒိကတရားပွဲလေးကိုသွားကျရအောင်နော်...


                             ...............................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ခုန်သံ

အပြာရောင်မျက်ဝန်းတွေကြားက
မင်းလေးရဲ့မျက်ဝန်းနက်လေးကို
ငါနှစ်သက်ခဲ့တယ်
မင်းရဲ့ခန္ဒာက မော်ဒယ်လေးလို
အချိုးစားမကျပေမယ့်
ရိုးရိုးလေးနဲ့မင်းလေးရဲ့
ပုံစံလေးကိုငါ  နှစ်သက်ခဲ့တာပါ
မလိုသူတွေတစ်မျိုးပြောပေမယ့်
မင်းနဲ့ငါ့ရဲ့ကြားက
နားလည်မူ ယုံကြည်မူ သစ္စာရှိမူတွေက
ငါတို့နှစ်ယောက်ကိုတစ်နေ့ထက်
တစ်နေ့ ပိုတိုးတိုးပြီးချစ်စေခဲ့တယ်
တစ်ခါတစ်ခါ 
တိုးတိုးလေးမင်းစိတ်ကောက်တဲ့အခါ
အမျိုးမျိုးနဲ့မင်းကိုပြန်ချော့ရင်
သဘောကျတတ်တဲ့   မင်းရီသံလေးကို
ငါ   ချစ်တယ်
ညည အိပ်ယာဝင်ချိန်တိုင်း
အနမ်းပေးဖို့တောင်းဆိုရင်
အပြုံးလေးနဲ့  အနမ်းပေးတတ်တဲ့
မင်းလေးရဲ့  မျက်နှာလေးက
ငါ့ရဲ့ ရင်ခုန်သံကို  ပိုပိုမြန်လာစေတယ်

                                    .............................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အတ္တကြိုး


ချစ်သူ....
မင်းလိုအင်တွေ ပြည့်စေဖို့ 
ငါ့အတ္တကြိုးတွေကိုဖြည်ပေးခဲ့ ရတာ
ငါဘက်က ဆုံးနေပါပြီ
ချစ်သူရယ်...

စိတ်မချတာ ချစ်လို့ ဆိုတာကို
နားလည်နိုင်ပါတယ်...
ဒါပေမဲ့ မွန်းကျပ်တဲ့ခံစားမှုတစ်ခုကြောင့်
ငါအသက်ရှူရခတ်နေခဲ့ ပြီ...
 
ပျော်ရွင်စရာဘ၀လမ်းအတွက်
လက်တွေခိုင်ခိုင်တွဲ
မျှဝေခဲ့အကြင်နာ
ခိုင်မာတဲ့သစ္စာတရားကိုပေါင်းစု
ယုံကြည်စိတ်ထားချစ်ခြင်းအားတွေနဲ့ 
ငါတို့ အိမ်မက်တွေကို ရှင်သန်ခွင့်ရချင်တယ်...

ရည်စူးခဲ့ မခွဲတူတူ
မင်းမရှိရင်မဖြစ်တဲ့ ဘ၀မို့ 
မင်းအတ္တကြိုးလေးဖြည်လျော့ ပြီး
ငါ့ရင်ခုန်သံတွေကို 
ပြန်လည်အသက်သွင်းပေးပါချစ်သူရယ်...

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သန်ခေါင်ယံထက်နက်တဲ့ .....ည

ဒီည ....................
အလွမ်းတွေနဲ့ကျော်ဖြတ်နေရတဲ့ည
စက္ကန့်တိုင်း  မိနစ်တိုင်းကို
ဆွဲဆန့်ထားသလားလို့တောင်
ငါ့စိတ်ထဲမှာ  ထင်မှတ်နေမိတယ်
အခုတလော
ငါ့စိတ်ထဲမှာ  အလိုမကျမူ
ကြောက်ရွံမူတွေများနေတဲ့
အလွမ်းတွေကြားထဲမှာ
ငါတစ်ယောက်တည်းကူးခတ်ရင်း
ခံစားချက်တွေသယ်ဆောင်ရာနောက်
ငါစီးမျှောလို့နေမိခဲ့တယ်
အပြစ်ကင်းတဲ့  မင်းရဲ့နှလုံးသားနုနုလေးကို
နွမ်းလျှအောင်ငါလုပ်မိလို့
ငါ့ကိုငါပဲအပြစ်တင်နေမိတယ်
အမှောင်ထုရေ
ငါမင်းနှလုံးသားကိုနာကြင်အောင်
လုပ်မိတဲ့  အပြစ်တွေအတွတ်
သန်းခေါင်အပြင်   ထပ်
ညည့်နက်နိုင်သေးတယ်ဆိုရင်
မင်းစိတ်ရှိသလောက်သာနက်လိုက်ပါတော့
ငါအပြစ်တွေ  ကျေတဲ့အထိ
ငါခံယူဖို့အသင့်ပါပဲ

          ...........................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မာန်မာန နဲ့ အတ္တ

ကောင်မလေးရေ
မင်းဘက်ကလည်းမှန်
ငါ့ဘက်ကလည်မှန်
အမှန်၂ခုထိပ်တိုက်တွေ့လို့
မင်းနဲ့ငါနဲ့မာန်မာနတွေပြိုင်
နှစ်ဦးသာရင်ဆိုင်ခဲ့ကျတာ
နှစ်လရှည်ကြာခဲ့ပါပြီး
မင်းနဲ့ငါရဲ့      သံယောဇဉ်လည်း
မာန်မာနအတ္တတွေကြောင့်
မပြတ်ခြင်လည်း   ဖြတ်ခဲ့ရပြီး
အကြိမ်ပေါင်းများစွာ
အရှံးကြားက   မနေနိုင်လို့
ငါ့ရဲ့စိတ်ပေါက်ကွဲမိခဲ့တာက
မိနစ်ပိုင်းလေးပါ
အခုတော့    ပြတ်တောက်သွားတဲ့
သံယောဇဉ်ကြောင့်  
ငါ့ရဲ့ရင်ထဲခံစားရမှာက
ငါ့တစ်ဘဝစာလောက်ရှိနေပြီး
ကောင်မလေးရေ....

                            ..............အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တန်ရာတန်ဖိုးပေးရမှာဝန်မလေးတဲ့သူ(ဖေမြင့်)

         လွန်ခဲ့သော ၁၃ နှစ်ခန့် ကာလ ကရင်းစပွိုင့်ဈေးကြီးမှာ ကျွန်တော်တို့ ဇနီးမောင်နှံအလှပြင်ခန်း
ဆောက်လုပ်စဉ် ဗီယက်နမ်လူမျိုးတစ်ယောက်နှင့် စတင်သိကျွမ်းရသည်။သူကကျွန်တော်တို့ ဆီ မုန့် လုံးကြီးကြော် နှင့် မုန့် လက်ကောက်ကြော်များရောင်းရန်ဝင်လာလေ့ရှိသည်။အင်္ဂလိပ်စကားမပြောတက်
သော်လည်းလူကအမြဲတမ်းပြုံးပြုံးရွှင်ရွှင်ဆိုတော့ ခြေဟန်လက်ဟန်အမူအရာနှင့် ပင်ကျွန်တော်တို့ 
ရင်းနှီးခဲ့ကြတယ်...သူနံမည်က လီဗန်ဗူး...

       လီကနေ့ပိုင်းတွင် မုန့် ဖို၌ အလုပ်လုပ်သည်။ညဘက်ရောက်လျှင်သူရောသူ့ ဇနီးပါကတ်ဆက်ခွေတွေ
ဖြင့်အင်္ဂလိပ်စကားသင်ကြသည်။သူတို့ လင်မယားမုန့် ဖိုနောက်ဖေးခန်းက လွှစာမှုန့် အိပ်တွေပေါ်မှာ အိပ်ကျကြောင်းနောက်ပိုင်း၌ ကျွန်တော်သိရသည်။

       ဗီယက်နမ်မှာတုန်းကမူ ဗန်ဗူးတို့ သည် အရှေ့ တောင်အာရှ၏အချမ်းသာဆုံးမိသားစုများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ခဲ့သည်။သူတို့ မှာစက်မှုလုပ်ငန်းကြီးတွေရှိသည်။ မြေယာတွေအမြောက်အများ ပိုင်ဆိုင်သည်။မြောက်ဗီယက်နမ်၏ သုံးပုံတစ်ပုံနီးပါးလောက်သူတို့ ပိုင်ဆိုင်ကြသည်ဟုဆိုသည်။ သို့ သော် သူ့ ဖခင် ရက်စက်စွာ သက်ဖြတ်ခံရပြီးသည့်နောက် လီကသူ့ မိခင်နှင့်အတူတောင်ပိုင်းသို့ ပြောင်းရွှေ့ ခဲ့ သည်။အဲ့ဒီမှာ ကျောင်းနေပြီး ရှေ့ နေတစ်ယောက်ဖြစ်လာသည်။

       ဖခင်နည်းတူလီလည်းအောင်မြင်ကြီးပွားခဲ့သည်။ဆောက်လုပ်ရေးဘက်မှာလမ်းပွင့်နေတာမြင်ပြီး သူဝင်လုပ်ရာက တောင်ဗီယက်နမ်တွင်အအောင်မြင်ဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ သည်။

       သို့ သော်မြောက်ပိုင်းသို့ ခရီးသွားသည့် ခရီးစဉ်တစ်ခုတွင် သူအဖမ်းခံရသည်။မြောက်ဗီယက်နမ်
ထောင်တွင်သုံးနှစ်မျှအကျဉ်းကျခံရပြီး ထွက်ပြေးလွတ်မြောက်ကာ တောင်ပိုင်းပြန်ရောက်လာသည့်အခါ 
တောင်ဗီယက်နမ်အစိုးရက သူ့ အားမြောက်ပိုင်းသူလျှိုဟု စွပ်စွဲပြီးဖမ်းစီးပြန်သည်။

       အကျဉ်းမှလွတ်မြောက်ပြီးနောက် ငါးလုပ်ငန်းထူထောင်ရာ အောင်မြင်သည်။ တောင်ဗီယက်နမ်တွင် အကြီးဆုံး စည်သွပ်ဘူးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည်။

       သို့ သော်နိုင်ငံရေးအပြောင်းအလဲများကြောင်း ရပ်တည်ရန်ခတ်ခဲလာသောအခါ ဖစ်လစ်ပိုင်နိုင်ငံသို့  ထွက်လာခဲ့ရသည်။ဖစ်လစ်ပိုင်တွင်နှစ်နှစ်မျှနေထိုင်ပြီနောက် အမေရိကသို့ ဆက်လက်ရွှေ့ ပြောင်းသည်။
အမေရိကသို့ သွားသည့် သင်္ဘောခရီးတွင် သူအကြီးအကျယ်စိတ်ဓာတ်ကျလာသည်။သူ့ မှာ
လောလောဆယ်လက်ဖ၀ါး ခြေဖ၀ါးပဲရှိနေသည်။ဒီအနေအထားမှ စတင်ကာ ဘ၀ကိုမည်သို့ အသစ်တစ်ဖန်
ပြန်လည်ထူထောင်နိုင်ပါ့မလဲတွေးတာ သူကြံရာမရဖြစ်နေသည်။တစ်ကြိမ်၌ သင်္ဘောလက်ရန်းသံတန်းများ ကိုကျော်ပြီ ခုန်ချဖို့ ကြံရွယ်စဉ်တွင် ဇနီးသည်ကတွေ့ သွားသည်။

      ‘လီရယ် ရှင်ခုလိုခုန်ချလိုက်ရင် ကျမတစ်ယောက်တည်း ဘာဆက်လုပ်ရမလဲ။ကျမတို့ နှစ်ယောက် 
လောကဒဏ်အကောင်းအဆိုးအမျိုးမျိုးကို အတူတကွဖြတ်သန်းလာခဲ့ကြတာပဲ...နှစ်ယောက်လက်တွဲပြီး ရင်ဆိုင်ရင်ဒီအခတ်အခဲကိုလည်း ကျော်လွန်နိုင်မှာပါ။‘ ဇနီးသည်က ဖျောင်းပြသည်။

       အဲ့ဒီလောက်အားပေးစကားမျှသည်ပင် လီဗန်ဗူး အတွက်လုံလောက်ခဲ့သည်။

       ၁၉၇၂ ခုနှစ်တွင် သူတို့ ဇနီးမောင်နှံ ဟျူတန်မြို့ သို့ ရောက်လာသည်။လက်ထဲတွင် ခြူးတစ်ပြားမှ မရှိ။
အင်္ဂလိပ်စကားလည်းလုံးဝမပြောတက်။သို့ သော် သူတို့ ဗီယက်နမ်တွေမှာ ဆွေမျိုးညာတိအချင်းချင်း 
စောင့်ရှောက်ရိုင်းပင်းသောအလေ့အထရှိသည်။လီတို့ ဇနီးမောင်နှံ ဂရင်းစပွိုင့်ဈေးကြီးရှိ သူ့ ဝမ်းကွဲညီအကို တစ်ယောက်၏ မုန့် ဖိုနောက်ဖေးခန်းတွင် နေစရာ ရသည်။အဲ့ဒီအချိန် ကျွန်တော်တို့ ကလည်းသူတို့ နှင့်  ကိုက် ၂၀၀ လောက်အကွာမှာ ကျွန်တော်တို့ ဆိုင်ခန်းကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

       ဒါက လီ နှင့်ပတ်သတ်သည့် ဇာတ်လမ်းအစပိုင်းဖြစ်သည်။ လီအကြောင်း နောက်ပိုင်းဇာတ်လမ်း (သို့ မဟုတ်) သူ့ ဘ၀ဇာတ်လမ်းမှထွက်ပေါ်လာသည့်သင်ခန်းစာယူစရာအပိုင်းကို ကျွန်တော်ဆက်ပြော ပါ့မည်။

       လီ၏သားချင်းမုန့် ဖိုပိုင်ရှင်က သူတို့ လင်မယားနှစ်ယောက်စလုံးကိုမုန့် ဖို၌ အလုပ်ပေးသည်။ လီကတစ်ပတ်လျှင် ၁၇၅ ဒေါ်လာ၊ ဇနီးသည်က ၁၂၅ ဒေါ်လာရသည်။နှစ်ယောက်ပေါင်းလိုက်လျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၅၆၀၀ ရှိသည်။ပြီးလျှင်ထိုပုဂ္ဂိုလ်က သူတို့ ကိုအခွင့်အရေးတစ်ခုပေးသေးသည်။  မုန့် ဖိုကို ၀ယ်လိုက၀ယ်နိုင်သည့်အခွင့်အရေး။

      မုန့် ဖို တန်ဖိုးက ၁၂၀,၀၀၀ ဖြစ်သည်။လီတို့ ကဒေါ်လာ၃၀,၀၀၀ လက်ငင်းပေးနိုင်လျှင်ကျန်၉၀,၀၀၀  ကို အကြွေးအဖြစ်သတ်မှတ်ပြီးသူတို့ ကိုပေးမည်ဟုဆိုသည်။

       လီတို့ လင်မယားဘာလုပ်ကြသလဲ...
       လောလောဆယ်သူတို့ လင်မယားနှစ်ယောက် တစ်ပတ်မှာ၃၀၀ ရနေပြီ။ အိမ်ခန်းငှားနေချင်လျှင်လဲ  
နေနိုင်ပြီ။သို့ သော်သူတို့ မုန့် ဖိုနောက်ဖေးမှာပဲဆက်နေဖို့ ဆုံးဖြတ်သည်။ရေချိုးသည့် အခါဈေးကြီးထဲက  ကိုယ်လက်သုတ်သင်ခန်း များမှာပင် ချိုးကြသည်။ ပြီးတော့နှစ်နှစ်တာကာလပတ်လုံး မုန့် ဖိုရှိပစ္စည်းများ မှလွဲပြီး တခြားဘာမှမစားသလောက်နေကြသည်။ တစ်နှစ်လုံးစုစုပေါင်း ဒေါ်လာ၆၀၀ထပ်ပိုမကုန်အောင် 
ခြိုးခြံချွေတာကာ လက်ငင်းပေးချေရမည့်ငွေ ၃၀၀၀၀ ရအောင်စုဆောင်းကြသည်။

     နောက်ပိုင်းလီကရှင်းပြသည်။ ‘ တစ်ပတ်၃၀၀ ရတဲ့ချိန်မှာတို့ တက်နိုင်ပြီဆိုပြီး အခန်းငှားနေလိုက်လျှင်   ကျွန်တော်တို့ အခန်းခပေးရတော့မယ်။ပြီးတော့အခန်းရှိလာရင် ပရိဘောဂ၀ယ်ရမယ်။နောက်အလုပ် အသွားအပြန်အတွက် ကားဝယ်ဖို့ လိုလာဦးမယ်။ဓာတ်ဆီဝယ်ရမယ်။ကားအတွက်အာမခံထားရမယ်။ ကားရှိတော့ဟိုဟိုဒီဒီသွားချင်မယ်။အ၀တ်အစားတို့ အလှကုန်ပစ္စည်းတို့ ဝယ်ဖို့ လိုလာမယ်။အဲ့ဒီတော့ ကျွန်တော် စဉ်းစားကြည့်တယ်။အိမ်ခန်းငှားရင် ကျွန်တော်တို့ ငွေ ၃၀၀၀၀ ဘယ်တော့မှစုဖြစ်မှာ မဟုတ်တော့ဘူး။‘  ဟူ၍။

       လီဗန်ဗူးအကြောင်းက ဒီမျှနှင့်မပြီးသေးပါ။ လက်ငင်းပေးထားရမည့်ငွေ ၃၀၀၀၀ ရအောင်စုကာ မုန့် ဖိုကိုဝယ်လိုက်ပြီးနောက် လီနှင့်ဇနီးသည် အတူတူထိုင်ကာရှေ့ ရေးကို ဆွေးနွေးပြန်သည်။

       သူတို့ မှာ ဒေါ်လာ ၉၀၀၀၀ ကြွေးပေးရန်ကျန်သေးသည်။ သည်တော့အရင်နှစ်နှစ် ဆင်းရဲဒုက္ခခံပြီးနောက် နောက်ထပ်၁နှစ် မုန့် ဖိုနောက်ဖေးခန်းလေးထဲမှာပင် ဆင်းဆင်းရဲရဲနေကြရန် သူတို့ ဆုံးဖြတ်ကြသည်။

      ကျွန်တော့မိတ်ဆွေသာမက ကျွန်တော့အတွက်ရှေ့ ဆောင်လမ်းပြဖြစ်လာမည့် လီဗန်ဗူး နှင့်သူ့ ဇနီး တို့ ဆောင်ရွက်ပုံအကြောင်း ပြောပြရခြင်းအတွက် ကျွန်တော်ဝမ်းသာဂုဏ်ယူလှပါသည်။အဲ့ဒီတစ်နှစ်လုံး  လုပ်ငန်းမှရသောငွေကို တစ်ပြာမျှမကျန်ဟုဆိုရလောက်အောင်စုဆောင်းကြရာ ကျန်ငွေဒေါ်လာ ၉၀၀၀၀  လုံးပေးချေနိုင်လောက်အောင်ရရှိခဲ့သည်။လီတို့ မောင်နှံသည်အကျိုးအမြတ်ရှိလှသောလုပ်ငန်းကြီးတစ်ခု ကို သုံးနှစ်အတွင်းလုံးဝလွတ်လွတ်ကျွတ်ကျွတ်ပိုင်ဆိုင်သွားခဲ့သည်။

      အဲ့ဒီနောက်ပိုင်းကျတော့မှပင် နှစ်ဦးသားမုန့် ဖိုနောက်ဖေးခန်းမှထွက်ကာအိမ်ခန်းတစ်ခုဆီပြောင်းရွေ့ 
နေထိုင်ကြသည်။ယနေ့ တိုင်အောင်လည်းသူတို့ မောင်နှံမှန်မှန်စုဆောင်းကြဆဲဖြစ်သည်။သူတို့ ဝင်ငွေ၏ အလွန်သေးငယ်သောအစိတ်အပိုင်းလောက်ကိုသာသုံးစွဲကြသည်။ဝယ်သမျှ ခြမ်းသမျှတွင်လည်း ကြွေးကပ်  ကိုမသုံး၊ငွေသာဖြင့်ပင်လက်ငင်းပေးခြေရမြဲဖြစ်သည်။

     ဒီကနေ့ ဆိုရင် လီဗန်ဗူတစ်ယောက်သန်းကြွယ်သူဋ္ဌေးဖြစ်လောက်ရောပေါ့ဟု စာဖတ်သူမေးကောင်း
မေးပါမည်။
    ဟုတ်ကဲ့ သန်းပေါင်းများစွာချမ်းသာနေပါပြီဟု ကျွန်တော်ဝမ်းမြောက်ဝမ်းသာ ပြောလိုက်ပါမည်။

[မူရင်း ။    ။John McCormack ၏ Willing to Pay the Price ]
ဖေမြင့် - နှလုံးသားအဟာရရသစာများ တတိယတွဲ မှ ထုတ်ယူဝေမျှခြင်းဖြစ်ပါသည်။

လူတွေမှာ လိုချင်တဲ့ဆန္ဒ တွေရှိကြပါတယ်...
ဘယ်လိုဖြစ်အောင်လုပ်ကြမှာလဲ...
ဘာတွေဖြစ်အောင်လုပ်ကြမှာလဲ...
ဘယ်လိုလုပ်ရမှာလဲ...
ဘာတွေပေးဆပ်နိုင်မှာလဲ...စတဲ့မေးခွန်းတွေကို အရင်စဉ်းစားသင့်ပါတယ်...
အဖြေရပြီဆိုရင်လည်း အဲ့ဒီလိုချင်တဲ့အရာကိုရဖို့ ပေးဆပ်သင့်တာတွေကိုပေးဆပ်ကြရမယ်...
ခြိုးခြံကြရမယ်...ခတ်ခဲပေမဲ့ သည်းခံကြရမယ်...

စီပွားရေလုပ်ငန်းတစ်ခုခုလုပ်ချင်တယ်...အိမ်တွေခြံတွေဝယ်ချင်မယ်...ပညာရှိဖြစ်ချင်တယ်...စသဖြင့်
စိတ်ကူးတွေရှိပြီး အစားကောင်းတော့လည်းစားချင်...လှလှလေးတွေ့ ရင်လည်းဝတ်ချင်...iphone 5,
samsung galaxy s 3 လေးလည်းကိုင်ချင်..ဒါလေးကလည်းလိုချင်တယ်...ဒါလေးကိုလည်းဝယ်ချင်တယ်...
စာဖတ်ရမှာသိပေမဲ့ gameလေးကဆော့ချင်၊chatting လေးလည်းဝင်ချင်...စတဲ့ စိတ်အလိုလိုက်မှုတွေကို
ဦးစားပေးနေသူတွေအတွက် ဘာမှဖြစ်မလာနိုင်ဘူး ဆိုတဲ့ သင်ခန်းစာလည်းရ ၊ရသလည်းရတဲ့ 
ဆောင်းပါးလေးတစ်ပုဒ်လို့ ဖူးထင်ပါတယ်...

ချစ်တဲ့သူငယ်ချင်းများချစ်တဲ့သူနဲ့ ထာဝရပျော်ရွင်နိုင်ပါစေ...

ဖူး





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထာဝရဘ၀လက်တွဲဖော်....

ချစ်တဲ့ ကိုရေ...
အလှအပ ဆိုတာတည်မြဲတဲ့အရာတစ်ခုမဟုတ်ပါဘူး...
အချိန်မရွေးပျက်စီးနေတက်ပါတယ်...
အရာတိုင်းဟာ အချိန်တိုင်းမှာပြောင်းလဲနေနိုင်ပါတယ်ကို...
ဘာတွေဘယ်လိုပဲပြောင်းလဲပါစေ...
မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ အတူ...
ကို့ အပေါ် နားလည်မှု၊ယုံကြည်မှု...
ခွင့်လွှတ် သည်းခံမှု ထပ်ပေါင်းပြီး...
ထာဝရအမြဲချစ်နေပါ့မယ်...
ကိုက ဖူးဘ၀ရဲ့ ထာဝရလက်တွဲဖော်ပါ...

I got some infection on my face after Malaysia Trip.



ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ရသူနှင့်တူတူ မလေးရှားရောက်အမှတ်တရ-၂

နိုဝင်ဘာ ၂ရက်နေ့ မှာ
ဖူးရယ်၊ကိုရယ်၊ကိုကြီးရယ် Sunway Lagoon Park ကို သွားခဲ့တယ်...


Sunway Lagoon Park အ၀င်ဝမှာပေါ့...



အ၀င်ဝက ဘဲရုပ်နဲ့ ...


မလေးရှားသွားတဲ့အချိန်မှာ မိုးက အပြင်ထွက်တိုင်းရွာတာပဲ...
အ၀မှာ ပုံ၂ ပုံပဲရိုက်ရသေးတယ်...မိုးတွေ၇ွာလာလို့ ဝင်လို့ မရတော့ဘူး...
အဲ့ဒါနဲ့ ကုန်တိုက်ထဲမှာ ပတ်နေတာပေါ့...



Sunway တိရစ္ဆာန်ဥယျာဉ် အ၀င်မှာ ၀က်ဝံရုပ်နဲ့ 


ငှက်ပန်းခြံမှာ ငှက်ကလေးတွေကစုံပြီးလှတယ်...


တိရစ္ဆာန်ရုံအထွက်ကရေတံခွန်လေးရယ် ၊ ရွှေငါးလေးတွေရယ်နဲ့ အတူတူ...


ကိုကြီးနဲ့ အတူ


ဖူးရဲ့ ချစ်ချစ်ကလေးနဲ့ အတူ


ရေကစားတဲ့ ရေကူးကန်နားက မှိုရေပန်းအောက်မှာ


ေ၇ကူးကန်ထဲမှာ


ရေကူးတာမောတယ်...ခဏနားဦးမယ်...ဟီးဟီး...


ဒီနေရာကရေကူးတာပဲ ဒါပေမဲ့ ပင်လယ်ကမ်းခြေလိုမျိုး သဲတွေ၊ကျွန်းတွေကို လုပ်ထားတာ...
အ၇မ်းလှလည်းတယ်...လှိုင်းလေးတွေလည်းလာတယ်လေ...


ပင်လယ်ထဲကသောင်ပြင်လေးပေါ့...တကယ့်သဲသောင်ပြင်တော့ဟုတ်ဘူးနော်...
ဒါပေမဲ့အရမ်းလှတယ်...


ရေကူးကန်ဘက်ကနေ တိရစ္ဆာန်ရုံဘက်ကို ကြိုးတံတားနဲ့ဆက်ထားတာ...
တံတားပေါ်မှာ ကိုကြီးနဲ့ အတူတူ...


တံတားကအရှည်ကြီးပဲ...တံတားပေါ်ကနေ ရှုခင်းအကုန်လုံးကိုကြည့်လို့ ရတယ်....
အ၇မ်းလည်း ရှုခင်းတွေကလှတယ်....


တလမ်းလုံးဖျားတဲ့ကြားက ရေလည်းကူးလိုက်သေးတယ်...အပူတက်၊တကိုယ်လုံးကိုက်ခဲပြီး မပြုံးနိုင်တော့ဘူး...


ကိုနဲ့ အတူတူကောဖီခွက်စီးနေတာ...


စီးတော့စီးနေတာပဲ ...ဘာလဲတော့သိဘူး...


ကိုးတံတားကနေ ထွက်လာရင် တိရစ္ဆာန်ရုံကိုပြန်ထွက်တယ်လေ...အဲ့ဒီအထွက်မှာပေါ့...

ဒါက သရဲအိမ်ကြီးရှေ့ ကအရုပ်ကို နှုတ်ဆက်နေတာ...ပြန်တော့မယ်...bye bye လို့ ....

နိုဝင်ဘာ ၃ ရက်နေ့ မှာ ဖူးမလေးရှားကနေပြန်လာခဲ့တာပါ...
ပြန်တော့မလာချင်ဘူး...ကို့ ကိုခွဲရမှာကို...
ဒါပေမဲ့ ချစ်သူဆိုတာ တစ်ယောက်နားမှာတစ်ယောက်ရှိမှခေါ်တာမဟုတ်ပါဘူး...
တစ်ယောက်ရင်ထဲမှာတစ်ယောက်အမြဲရှိနေရင် ချစ်သူပါပဲ...
ဖူးရင်ထဲမှာကိုကအမြဲရှိတယ်...အရမ်းလည်းချစ်တယ်...အရမ်းလည်းလွမ်းတယ်...
ခုအတောအတွင်း Malaysia Trip ကြောင့်အလုပ်ရှုပ်နေပို့ စ်မတင်ဖြစ်တာပါ...
ပြန်လာတော့ နေမကောင်းဖြစ်တယ်...မိုးတွေတော့လျှောက်မိတာကို...
အိမ်လေးထဲကိုလာတဲ့ သူငယ်ချင်းတွေအားလုံးကိုလည်း ကျေးဇူးတင်ခင်မင်လျှက်ပါ...
ချစ်တဲ့သူငယ်ချင်းများလည်း ချစ်တဲ့သူနဲ့ ထာဝရပျော်ရွင်နိုင်ပါစေ...

ဖူး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ရသူနှင့် အတူ မလေးရှားရောက်အမှတ်တရ-၁


နိုဝင်ဘာ ၁ ရက်နေ့ အမှတ်တရပေါ့...
ကိုရယ်၊ကိုကြီးရယ် နဲ့ တူတူ ဖူး မလေးရှား (KLCC) ကိုရောက်ခဲ့တယ်...
အရမ်းကိုပျော်ခဲ့ရတယ်...
ဘေးနားမှာ ဖူးကိုအရမ်းချစ်ပြီး အ၇မ်းချစ်ရတဲ့ကိုနဲ့ အတူတူလျှောက်လည်းခွင့်ရခဲ့ တာပေါ့...


KLCC ရေပန်းတွေကိုမီးနဲ့ အလှဆင်ထားတာ...လှတယ်နော်...


ဖူးကတော့မလှဘူး...နောက်ကရေပန်းကလှတယ်...ဟီးဟီး...


ဒီရှုခင်းလေးလည်းလှတယ်နော်...


၆ နှစ်လောက်မတွေ့ ရပဲ ခုမှ မောင်နှစ်မတွေ ပြန်ဆုံခွင့်ရခဲ့တဲ့ ဖူးရဲ့ အကိုကြီး နဲ့ အတူတူ

 ဖူးရယ်၊ကိုကြီးရယ်၊ချစ်ရတဲ့ ကိုရယ်...


အလင်းလေးတွေက ဖလက်ထည့်ထားသလိုဖြစ်နေတယ်...ဟီးဟီး...တကယ်ကမဟုတ်ဘူး...
ပုံတိုင်းကမျက်နှာမပေါ်လို့ မီးလင်းတဲ့ဘက် လှည့်ရိုက်ထားတာ...


ချစ်ရတဲ့ကိုနဲ့ တူတူ two twin tower မှာ...


ခုမှပြန်တွေ့ ရတဲ့ ညီမလေးကိုအလိုလိုက်တဲ့ ကိုကြီးနဲ့ အတူတူ...


 လမ်းမှာပင်ပန်းပြီး ဖူး အပူတက်နေပြီးကိုက်ခဲ့နေပေမဲ့ တိုင်နှစ်တိုင်နဲ့ ပဲများချင်လွန်းလို့ ပါ...


မလေးရှာနိုင်ငံတိုင်နှစ်တိုင် (Two Twin Tower in KLCC) အလှ


 ရေပန်းလေးတွေကလှတော့ လူပါလှမလားဆိုပြီး ပို့ စ်ပေးကြည့်တာ...
Camera men(ချစ်ချစ်ကလေး) တော်တော့ လက်ပါပျောက်သွားတယ်...ဟီးဟီး...


 ရေပန်းကိုနောက်ခံတီးလုံးနဲ့ အတူ သရုပ်ဖော်အလှ...


KLCC ကုန်တိုက်ထဲမှာ...


ကုန်တိုက်ထဲမှာပဲများထားတာ....

ဒီနေ့ မှာ ဖူးပျော်ခဲ့ရသလို ချစ်တဲ့ သူငယ်ချင်းများလည်းချစ်တဲ့ သူနဲ့ ထာဝရပျော်ရွင်နိုင်ကြပါစေ...

ဖူး


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဥယျာဉ်မှူးလို အချစ်မျိုး

 မင်းနှုတ်ဖျားက စကားလုံးလှလှလေးတွေသုံး
မာယာပြည့်နေတဲ့ အပြုံးတွေနဲ့
ငါ့အသဲနှလုံးကို ပြုစားလိုက်တာ
ငါ့မှာတော့ မင်းရှေ့ဒူးထောက်အရှုံးပေးနေရပြီလေ
မင်းရဲ့ချိုသာလွန်းတဲ့
မုသားစကားတွေကိုယုံစားပြီး
ငါ့မှာတော့ခံစားလိုက်ရတာ
ရူးမတတ်ပါပဲ.........
မင်းရဲ့လှည့်စားမှုအောက်မှာ
ငါဒူးထောက်ပြီးခစားနေပါ့မယ်
အရှုံးပေးပါတယ်..
ဒါပေမဲ့မချစ်ဘူးဆိုတဲ့စကားတော့
မပြောပါနဲ့ကွာ မကြားရက်နိုင်လို့ပါ...
ကောင်မလေးရေ......
မင်းကစွဲမက်စရာကောင်းလောက်အောင် မလှပပေမဲ့
ငါ့အတွက်တော့ အလှဆုံးပန်းကလေးတပွင့်ပါ........
ငါ့အနားမှာ အလှပဆုံးပန်းတွေ ဘယ်လောက်ပဲများနေပါစေ
ရင်မခုန်ခဲ့မိတာတော့ အမှန်ပါ......
ငါ့အတွက်တော့ မင်းဆိုတဲ့ပန်းကလေးကသာ
အလှပဆုံး အလိုချင်ဆုံး အမြတ်နိုးဆုံးပါ
ကောင်မလေးရေ......
ငါမင်းကိုချစ်တယ်ဆိုတာ ဥယျာဉ်မှူးလို အချစ်မျိုးနဲ့ပါကွာ......
ငါမြတ်နိုးတန်ဖိုးထားတဲ့ ပန်းလေးတပွင့်ကို
အစွမ်းကုန်လှပဖို့သာ ဖြည်းဆည်းပေချင်ခဲ့တာပါ
ငါကိုယ်တိုင်အတွက်ဆိုပြီး ရည်ရွယ်ချက်မျိုးတွေ
မထားခဲ့ပါဘူး.....
ကောင်မလေးရေ.......
မင်းပျော်မယ်ဆို ငါ့နှလုံးသွေးနဲ့ရင်း
 ငါ့အချစ်ကိုစတေးရင်း မင်းအတွက်အနစ်နာခံဝံ့တာအမှန်ပါ.......
ငါ့အတွက်တော့ မင်းပျော်ရွင်နေဖို့သာ
ငါ့မျှော်လင့်ချက်တွေပါ ကောင်မလေးရေ...

                                      ..............................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အတိတ်သို့............တမ်းခြင်း

တို့တွေပျော်ခဲ့ဖူးတဲ့ ကျောင်းသားဘဝရယ်....

အဆောင်ရှေ့က ထိုင်နေကျခုံလေးရယ်...

နင်ရယ် ငါရယ် သူငယ်ချင်းတွေရယ်...

မိုးတွေရွာတိုင်း လွမ်းမိတယ်####

~~~ဟိုးးးးးးးမှာကြည့်စမ်း လသာနေတယ်...

နင့်ကိုငါချစ်တယ်ဆိုတဲ့...

မဆီမဆိုင်စကားတစ်ခွန်းရယ်...~~~

>>>ကျောင်းပြန်ချိန်တိုင်း လာကြိုဖို့

စာရေးမှာတတ်တဲ့ငါရယ်......

အဆောင်ပိတ်ချိန်တိုင်း

အနမ်းတစ်ပွင့်ရမှ ပြန်တတ်တဲ့နင်ရယ်.....

ဘယ်တော့မှမမေ့နိုင်တဲ့

ကစားနည်းဆန်းဆန်းနဲ့

ပါးပြင်ထက်ကနှုတ်ခမ်းနီအလွမ်းရယ်.....

ဒီနေ့အထိ....ငါလွမ်းတယ်.........<<<<။

           မှတ်ချက်(ဒီကဗျာလေးကကျောင်းသားဘဝတုန်းကအရမ်းကို
မျက်စိနောက်ရတဲ့သူငယ်ချင်းစုံတွဲအတွတ်ပါ)

                           ......................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS