Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ဝေးနေတဲ့ခဏ

ကောင်မလေးရေ
မင်းနဲ့ငါ့ရဲ့ကြား  စပြီးချည်နှောင်ခဲ့တဲ့
ကြိုးတစ်စဟာ     'သူငယ်ချင်း'ဆိုတဲ့
အဖြူရောင်ကြိုးလေးတစ်ကြိုးပေါ့
ဒီလိုနဲ့ပဲ    ငါတို့နှစ်ယောက်ကြား
သံယောဇဉ်လေးတွေက  တစ်စထက်တစ်စ
တိုးလို့  နားလည်မူလေးတွေရှိလာခဲ့တယ်
ကောင်မလေးရယ်
မင်းရဲ့စိတ်ထဲက  တွေဝေနေမူတွေကို
အဝေးမှာပစ်ပြီး  မနက်ဖြန်တွေတိုင်းမှာ
နေပူခဲ့ရင်တောင်   မင်းအတွတ်
အရိပ်ရဖို့  အဆင်သင့်
သံယောဇဉ်ထီးတစ်လက် 
ငါ့မှာအသင့်ရှိနေခဲ့တယ်
စိတ်ချထားပြီး    ရဲ့ရင့်လိုက်ပါ    
ကောင်မလေးရယ်
ငါတို့နှစ်ယောက်ပြန်ဆုံတွေ့ကြမယ့်
နေ့ရက်တွေကို  ရေတွတ်ပြီး
စောင့်နေပေးပါ 
ဝေးနေတဲ့ ခဏမှာ
သံယောဇဉ်တွေကို  သတိရပြီး
ငါလည်းမင်းကို  လွမ်းနေလို့ပါ ကောင်မလေးရယ်......

             
                                 ..........................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ


ယောက်ျားလေးတိုင်း ရဲ့ အတွေးမှာ...
ငါကတော့ မင်းသားလေးတစ်ပါမဖြစ်ခဲ့ဘူး...
ဒါပေမဲ့...
ငါ့ ရဲ့ ချစ်သူ ဘ၀လက်တွဲဖော်ကိုတော့
မင်းသမီးလေးတစ်ပါး ဖြစ်စေချင်တယ်....

စစ်မှန်တဲ့ ယောက်ျားလေးတွေ ရင်ထဲမှာ...
ငါ့ ဘ၀လက်တွဲဖော်က မင်းသမီးလေးဖြစ်ချင်မှဖြစ်မယ်...
ဒါပေမဲ့...
ငါ ကတိပေးတယ်...
ငါ မင်းကို မင်းသမီးလေး တစ်ပါးလို့ စောင့်ရှောက်မယ်....

ချစ်တဲ့သူငယ်ချင်းများချစ်တဲ့သူနဲ့ ထာဝရပျော်ရွှင်လက်တွဲနိုင်ပါစေ...
ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမှတ်တရနွေ

ဟေမာန်ကတော့စုံစုံမြုပ်လို့
မြောက်ပြန်သွေးတဲ့  လေညှင်းလေးတွေနဲ့
နှင်းမြူ မူန်ပြပြ  လေးတွေက
ဝေနေရာက  ပျက်ပြယ်လာကျတယ်
ဒါပေမယ့်  
လတ်ဆတ်တဲ့   နွေဦးကတော့
ငါ့အတွတ်  စိမ်းလန်းခြင်းတွေယူဆောင်မလာခဲ့ဘူး
တွန်သံကြူးရင့်နေတဲ့  ဥသြလေးတွေကတော့
ပင်မြင့်ယံထက်  ရိုးတံလေးတွေကြား
နွေတေးချင်းကို  လွမ်းချင်းများစွာနဲ့
သီကျူးနေလေရဲ့
ငါ့အတွတ်ကတော့
ဝေးဝေးကနေ  အလွမ်းများစွာနဲ့
မျှော်လင့်ရင်း  အကျည်းတန်စွာနဲ့
အထီးကျန်မနက်ခင်းလေးကို
ကြိုမိနေပေါ့
ကံကြမ္မာတွေကြောင့်ပဲလားမသိ
သေမင်းရဲ့နူတ်ခမ်းဝကနေ
လွတ်ထွတ်လာပြီး  မသေပဲ
စဉ်းစားမိလိုက်တိုင်း  ဖြစ်ပျက်ခဲ့တဲ့
၁၂ရက်နေ့ညက
အဖြစ်ပျက်တွေကြောင့်ပဲလားငါမသိ
လူတစ်ကာရဲ့စိုးရိမ်ပူပန်မူကြောင့်
ထွတ်ကျလာတဲ့  အသံမျိုးစုံကြောင့်ပဲလား
ကံဇတ်ဆရာရဲ့
ကာရန်မညီတဲ့  စွန်းထင်မူတွေနဲ့
ငါ့ရဲ့  ဦးခေါင်းထက်က
နာကျင်မူတွေကိုအံတုရင်း
မှောင်ရီဝိုးတဝါးအခန်းငယ်လေးထဲမှာ
ငါ့အတွတ်တော့  နွေဦးအိမ်မက်တွေလည်း
ရက်ရှည်ခဲ့ပေါ့..........



                   သူငယ်ချင်းတွေရဲ့စိုးရိမ်ပူပန်မူလေးတွေနဲ့မေးလာတဲ့အားပေးသံလေးတွေကို
 ကျေးဇူးအထူးတင်ရှိပါတယ်စာတွေမတင်နိုင်လို့အခုမှရေးတင်လိုက်ရတာပါ
လာရောက်လည်ပါတ်သူအားလုံးကိုအထူးကျေးဇူးတင်လျှက်...........

                                       .........................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်းတို့အားလုံးလည်းပျော်၇ွင်ကျပါစေနော်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှလုံးသားထဲကမင်း


လူတွေကပြောကြတယ်
မင်းချစ်သူက မင်းကိုသိပ်ချစ်တာပဲတဲ့ ၊
ဟုတ်ပါတယ်
ငါချစ်သလောက် သူပြန်ချစ်ပါတယ်၊
သေချာတာတစ်ခုက
ငါအချစ်တွေ သူထက်တော့မလျော့ဘူး...

လူတွေကပြောကြတယ်
အနေဝေးရင်သွေးအေးတယ်တဲ့ ၊
ငါတွေးမိတယ်
စိတ်ဆိုးနေတဲ့သူနှစ်ယောက်
မျက်နှာချင်းဆိုင်တွေ့ လျှက်နဲ့ 
ဘာလို့ မပြုံးတာလဲ...

ငါတစ်ယောက်တည်းထိုင်ရင်း
သူအကြောင်းတွေးမိရင်
ဘာလို့ ပြုံးမိသွားတာလဲ...

သူက ငါ့ရဲ့ အနီးဆုံး ငါ့ နှလုံးသားထဲမှာရှိနေတာကို...

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခိုင်မြဲသောနားလည်မှုဆီသို့ ...


ချစ်သူ
မင်းဘက်ကကြည့်တော့
လက်ဖ၀ါး
ငါဘက်ကကြည့်တော့
လက်ဖမိုး
တကယ်တော့
တို့ နှစ်ယောက်စလုံးမှန်ပါတယ်...

ဒါပေမဲ့
တစ်ယောက်ကိုတစ်ယောက်
မှားတယ်လို့ ထင်ခဲ့ကြတယ်၊
ဘာကြောင့်လဲ၊
တို့ တစ်ယောက်ရင်ကိုတစ်ယောက်
ဝင်မခံစားပေခဲ့မိဘူးလေ...

ငါ မင်းရင်ထဲဝင်ကြည့်ချိန်
မင်းအချစ်တွေကို 
နားလည်နိုင်ခဲ့တယ်၊
ငါ့အချစ်တွေကို နားလည်အောင်
ကျေးဇူးပြုပြီး
ငါ့ရင်ထဲတစ်ချက်ဝင်ကြည့်ပေးပါချစ်သူ...

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS