ချစ်သူ....
မင်းလိုအင်တွေ ပြည့်စေဖို့ 
ငါ့အတ္တကြိုးတွေကိုဖြည်ပေးခဲ့ ရတာ
ငါဘက်က ဆုံးနေပါပြီ
ချစ်သူရယ်...
စိတ်မချတာ ချစ်လို့ ဆိုတာကို
နားလည်နိုင်ပါတယ်...
ဒါပေမဲ့ မွန်းကျပ်တဲ့ခံစားမှုတစ်ခုကြောင့်
ငါအသက်ရှူရခတ်နေခဲ့ ပြီ...
ပျော်ရွင်စရာဘ၀လမ်းအတွက်
လက်တွေခိုင်ခိုင်တွဲ
မျှဝေခဲ့အကြင်နာ
ခိုင်မာတဲ့သစ္စာတရားကိုပေါင်းစု
ယုံကြည်စိတ်ထားချစ်ခြင်းအားတွေနဲ့ 
ငါတို့ အိမ်မက်တွေကို ရှင်သန်ခွင့်ရချင်တယ်...
ရည်စူးခဲ့ မခွဲတူတူ
မင်းမရှိရင်မဖြစ်တဲ့ ဘ၀မို့ 
မင်းအတ္တကြိုးလေးဖြည်လျော့ ပြီး
ငါ့ရင်ခုန်သံတွေကို
ပြန်လည်အသက်သွင်းပေးပါချစ်သူရယ်...ဖူး
2 comments:
မင်းမရှိရင်မဖြစ်တဲ့ ဘ၀မို့ 
မင်းအတ္တကြိုးလေးဖြည်လျော့ ပြီး
ငါ့ရင်ခုန်သံတွေကို
ပြန်လည်အသက်သွင်းပေးပါချစ်သူရယ်...
ကဗျာလေးခံစားသွားပါတယ်။
ရည်စူးခဲ့ မခွဲတူတူ
မင်းမရှိရင်မဖြစ်တဲ့ ဘ၀မို့ 
မင်းအတ္တကြိုးလေးဖြည်လျော့ ပြီး
ငါ့ရင်ခုန်သံတွေကို
ပြန်လည်အသက်သွင်းပေးပါချစ်သူရယ်...
ကဗျာလေးက good tal သယ်ရင်းရေ..
နာလာရောက်အားပေးတွားတယ်နော်...
နောက်ဆုံးပုဒ်လေး အကြိုက်ဆုံးပဲဟ..
ခင်တဲ့ မိုးနတ်
Post a Comment