Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

အချစ်ဆိုတာ...............?

ချစ်သူ
အရာရာတိုင်းကိုခဏမေ့ထားပြီးး
ငါမြှုတ်နှံထားခဲ့တဲ့......
ငါ့ရဲ့အသိစိတ်နဲ့ ငါ့နှလုံးသားကို ငါပြန်ကြည့်မိတယ်

တစ်ချိန်ကပေါ့လေ.....

အချစ်ဆိုတဲ့အရာက
တန်ခိုးကြီးစွာနဲ့ အရာရာကို အရှုံးပေးပြီးးး
လိုက်လျောတက်ဖို့ ငါ့ကိုသင်ပေးဖူးတယ်..
တကယ်ဆို..ငါ နင့်ကိုအရှုံးများစွာနဲ့ ချစ်ခဲ့ဖူးတယ်.....

ငါတစ်ယောက်တည်းဆိုပေမယ့်...
မင်းကိုသတိရတဲ့စိတ်နဲ့
 နေ့ရက်တွေများစွာကို ဖြတ်သန်းခဲ့ဖူးတယ်..
နောက်ဆုံးတော့လည်းးးး
ငါ နင့်ကို နှစ်ရှည်လများ လွမ်းနေခဲ့ဖူးတယ်....

အချစ်ဆိုတဲ့...
ထိတွေ့လို့မရနိုင်တဲ့ ခံစားချက်တစ်ခုကြောင့်...
မမြင်နိုင်တဲ့ဒဏ်ရာတွေနဲ့ ငါ့နှလုံးသား နာကျင်နေခဲ့ရတယ်
ငါသေလောက်အောင်ခံစားပြီးးး ငိုကြွေးခဲ့ရဖူးတယ်...

နာကျင်ခြင်းတွေထဲ ပျော်မွေ့နေခဲ့တဲ့ငါ....
ပြောင်းလဲခြင်းဆိုတဲ့အရာကို မေ့မေ့လျော့လျော့နဲ့ပဲ...
ရှေ့ဆက်မဲ့... ငါ့ရဲ့အိပ်မက်တွေ ပျောက်ဆုံးနေခဲ့ဖူးတယ်..

ဥပေက္ခာတွေ အဝအလင် စားသုံးခဲ့ရဖူးတော့
ထုံ နေပြီးသားးးး ငါ့နှလုံးသားရဲ့မနက်ဖြန်တိုင်းမှာ...
ငါ့ ခံစားချက်တွေ ပျောက်ဆုံးသွားခဲ့ဖူးတယ်


ငါဆုပ်ကိုင်ထားမိတဲ့လက်တစ်ဖက်ကို.....
ငါလွှတ်ချကြည့်မိတယ်
ကြိုတင်တွေးထားမိတဲ့အတိုင်းး
မျှော်လင့်ခြင်းတွေဟာ....
လေထဲမှာ ကကြိုးပျက် လွင့်ထွက်သွားခဲ့တယ်
မင်းဆိုတဲ့သူဟာ ငါ့လက်ကို ဘယ်တုန်းကမှ
ပြန်လည်ဆုပ်ကိုင်ထားခြင်း မရှိခဲ့ဖူးလေ......

ဒါ့ကြောင့်.....
မင်းဆိုတဲ့သူကို ငါဘယ်တုန်းကမှ
မပိုင်ဆိုင်ခဲ့ဖူးသလို...
ပိုင်ဆိုင်ရယူဖို့လဲ ငါဘယ်တော့မှ
 ကြိုးစားမှာမဟုတ်တော့ဘူး
အချစ်ဆိုတာ ငါ့အတွက်...
တစ်ဖက်သက် ကြိုးစားခြင်းသက်သက်တွေနဲ့...
တည်ဆောက်ထားတဲ့ အိပ်မက်တစ်ခုပေါ့
ငါ နိုးထ သင့်ပြီလေ ....

ငါဆိုတာ မင်းဆီက
လူမသိသူမသိ ကြွေကျလာတဲ့
ခံစားချက်တွေ တည်ဆောက်ထားတဲ့
မင်းရဲ့အရိပ်တစ်ခု ဖြစ်ခဲ့ဖူးလိမ့်မယ်
တစ်ချိန်ကပေါ့    ချစ်သူရယ်........
     
                .....................................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

2 comments:

စံပယ်ချို said...

ဥပေက္ခာတွေ အဝအလင် စားသုံးခဲ့ရဖူးတော့
ထုံ နေပြီးသားးးး ငါ့နှလုံးသားရဲ့မနက်ဖြန်တိုင်းမှာ...
ငါ့ ခံစားချက်တွေ ပျောက်ဆုံးသွားခဲ့ဖူးတယ်.......
စာသားကောင်းလေးတွေနဲ့ လန်းနေတဲ့ကဗျာလေးနော်
ခင်တဲ့ sis jasmine

မြတ်နိုးသူ said...

အချစ်ဆိုတဲ့အရာက
တန်ခိုးကြီးစွာနဲ့ အရာရာကို အရှုံးပေးပြီးးး
လိုက်လျောတက်ဖို့ ငါ့ကိုသင်ပေးဖူးတယ်..
တကယ်ဆို..ငါ နင့်ကိုအရှုံးများစွာနဲ့ ချစ်ခဲ့ဖူးတယ်..
ကဗျာလေးခံစားသွားပါတယ်။

Post a Comment