ဒီနေ့ကိုယ့်ရဲ့မိုးကောင်းကင်ထဲမှာ
မိုးသားတွေအုံ့ဆိုင်းလို့
ရွာရန်ရွာနှုန်းကတော့ ရှစ်ဆယ်ပေါ့…
ဒါပေမယ့် ကျန်နှစ်ဆယ်ရာနှုန်းကြောင့်ရွာခွင့်မရခဲ့…
မိုးမခြိမ်းရမယ့်အတူတူ လျှပ်စီးလည်းမလက်ပြချင်တော့ပါဘူး
ငါ့ကောင်းကင်ရဲ့ တိမ်တိုက်တွေကိုက ညိုလွန်းတယ်
လှေနံဓါးထစ်အလွမ်းတွေပါ….
အချစ်မြစ်ကြောင်းမှာ စုန်ဆင်းနေသမျှ
ကို မင်းလေးကို မမေ့မလျော့
အချိန်တိုင်း လွမ်းတယ်
အတိတ်ကို မလူးသာမလွန့်သာဖြတ်သန်း
ပစ္စုပ္ပန်ကို အလိုက်သင့်အလျားသင့်ရင်ဆိုင်
အနာဂတ်ကို ဒေါင်ကျကျပြားကျကျမျှော်မှန်းရင်း
ခေါက်ရိုးကျနေတဲ့သူအဖြစ်
ကိုယ်မင်းရဲ့အနားထာဝရနေခြင်မိတယ်
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
0 comments:
Post a Comment