ချစ်သူရယ် ဘယ်သူမှမရှိတဲ့
နေ့ရက်တွေမှာ
ငါ့တစ်ယောက်တည်း
မင်းလေးငါ့ရင်ခွင်ကိုပြန်လာမဲ့နေ့
စောင့်မျှော်နေတုန်းပါ
ရာသီတွေပြောင်းလဲသွားစမ်းပါစေ
မင်းလေးရဲ့အပြန်လမ်းဟာ
ငါရှိရာ ငါ့ရင်ခွင်ကိုလှမ်းခဲ့မယ်ဆိုရင်ပဲ
ငါ့အတွတ် မျှော်လင့်ရကျိုး နပ်ပါပီး
မင်းလေးကိုယ့်ရင်ခွင်ဆီပြန်လာတဲ့အခါ
ကိုယ်မင်းကို ဘယ်လောက်လွမ်းကြောင်း
နှစ်ကိုယ်ကြားတိုးတိုးလေးပြောပြမယ်
မင်းလေးပြန်လာခဲ့ပါ
ကိုယ်ဟာမင်းကိုနားလည်ဖို့
အထပ်ထပ်အခါခါကြိုးစားရင်း
အဲ့အချိန် အဲ့ဒီအခါမှာ
မင်းလေးကိုယ့်ရင်ခွင်ဆီပြန်လာတဲ့နေ့
ကိုယ်တိုးတိုးလေးပြောပြမယ်
မင်းလေးကို
ကိုယ် ဘယ် လောက် လွမ်း ကြောင်း
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
0 comments:
Post a Comment