တစ်ပူပေါ် တစ်ပူဆင့်
အပူမြင့် ပတ်ခြံရံ
တစ်ပူဆုံးပြန်တော့
တစ်ပူကျန်ပေသမို့
ဖန်ဖန်လေ အားရင်နှိုးလို့ရယ်
ငြှိမ်းသတ်ရပြန်
တစ်ခါတစ်လေ
စိတ်တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ အပူတွေ မလိုချင်ပါဘိ
ရပ်တန်းကာ စိတ်ရွယ်ကြံလို့
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိတဲ့တစ်နေ့မှာ
ဒီအပုတွေမောင် ငြှိမ်းမယ်ပါ့
အားလျှော့ကာ ဆုတ်ချင်စမ်းပါနှင့်
မာန်တင်းရင်းစိတ်နွမ်းအသာဖြေပါလ
စန္ဒာငွေကန်ရေအေးရယ်နဲ့
အေးမြကြည်လင်
လစန္ဒာထိန်ထိန်အောက်မှာ
ငှက်တေးကို အာရုံဆင်လို့
ဒီအပူတွေမောင်တစ်ကယ်
ငြိမ်းမယ်ပါ့
ချစ်ဖွယ့်လူသား....
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
0 comments:
Post a Comment