နင့်ဆီကငါ့အတွတ်
မျှော်လင့်ချက်မဲ့ လိုက်လျောမူနဲ့
နင့်ရဲ့ခက်ထန်ထန် အကြည့်တစ်ချက်ကို
ငါအရမ်းမုန်းနေမိတယ်
နင့်ရဲ့ မာန်မာန အတ္တတွေလွှမ်းမိုးနေတတ်တဲ့
ဒီအချိန်မှာငါလေ
ဟိုစဉ်ချိန်က
သနပ်ခါး ၇နံ့တွေသင်းပျံ့နေတဲ့
ငါ့ရဲ့ပါးပြင်ထက်က
နင့်ရဲ့အနမ်းတစ်ချက်ကိုလည်း မုန်းတယ်
ငါ့ရဲ့အသိစိတ်က နင့်ကိုမေ့ပစ်လိုက်တိုင်း
မသိစိတ်က ပြန်ညပန်ဆွဲခေါ်လာတတ်တဲ့
ငါ့ရဲ့အိမ်မက်ဆိုးတွေကိုလည်းအ၇မ်းမုန်းတယ်
ခနခနနှိပ်မိလိုက်တိုင်း
ငါ့လက်ကပြန်ပြန်ဖျက်နေမိတဲ့
ဂဏန်းတွေကိုလည်းငါအ၇မ်းမုန်းတယ်
နင်သိလားးးး
ဒီအချိန်မှာငါလေ
နင်နဲ့အဝေးမှာနေရင်
ငါ့ရဲ့ မာန်မာန သတ္တိတွေကို
ပြန်အားသစ်မွေး
ငါ့ရဲ့အလိုမကျတဲ့စိတ်ကိုပြန်ဖျက်ရင်း
ငါ့ရဲ့အတွေးတွေကို အသစ်တဖန်
ငါကိုယ်တိုင်ပြန်မွေးဖွါးနေခဲ့မိတယ်...
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
1 comments:
ချစ်သူကပဲ ကိုယ့်ကိုကြည့်ကြည့် သူငယ်ချင်းကပဲ ကိုယ့်ကိုကြည့်ကြည့် (ခက်ထန်ထန်အကြည့်) ကိုအရမ်းမုန်းတာပဲ.......ခံစားချက်ခြင်းနဲနဲတူတယ်..
Post a Comment