ငါ့ရင်ထဲကချစ်ခြင်းဖွဲ့ ကဗျာ
ကြိုးပြတ်သွားတာကြာခဲ့ပေမယ့်
သံစဉ်တွေကတော့မထပ်
အသစ်အသစ်သော သီချင်းများစွာနဲ့ 
ဆက်လက်နုပျိုနေဆဲပဲ
ကောင်လေးရေ
မင်းနားလည်ခဲ့မယ်ဆိုရင်
နေရာဟောင်းဆီ
တစ်ခေါက်လောက်တော့
ပြန်လာခဲ့ပါ
မျှော်လင့်ခြင်းတွေ
လိမ်းကျံထားတဲ့
နှလုံးသားတစ်စုံနဲ့ 
မင်းကိုစောင့်နေတယ်ဆိုတာ...
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
0 comments:
Post a Comment