မင်းနှုတ်ဖျားက စကားလုံးလှလှလေးတွေသုံး
မာယာပြည့်နေတဲ့ အပြုံးတွေနဲ့
ငါ့အသဲနှလုံးကို ပြုစားလိုက်တာ
ငါ့မှာတော့ မင်းရှေ့ဒူးထောက်အရှုံးပေးနေရပြီလေ
မင်းရဲ့ချိုသာလွန်းတဲ့
မုသားစကားတွေကိုယုံစားပြီး
ငါ့မှာတော့ခံစားလိုက်ရတာ
ရူးမတတ်ပါပဲ.........
မင်းရဲ့လှည့်စားမှုအောက်မှာ
ငါဒူးထောက်ပြီးခစားနေပါ့မယ်
အရှုံးပေးပါတယ်..
ဒါပေမဲ့မချစ်ဘူးဆိုတဲ့စကားတော့
မပြောပါနဲ့ကွာ မကြားရက်နိုင်လို့ပါ...
ကောင်မလေးရေ......
မင်းကစွဲမက်စရာကောင်းလောက်အောင် မလှပပေမဲ့
ငါ့အတွက်တော့ အလှဆုံးပန်းကလေးတပွင့်ပါ........
ငါ့အနားမှာ အလှပဆုံးပန်းတွေ ဘယ်လောက်ပဲများနေပါစေ
ရင်မခုန်ခဲ့မိတာတော့ အမှန်ပါ......
ငါ့အတွက်တော့ မင်းဆိုတဲ့ပန်းကလေးကသာ
အလှပဆုံး အလိုချင်ဆုံး အမြတ်နိုးဆုံးပါ
ကောင်မလေးရေ......
ငါမင်းကိုချစ်တယ်ဆိုတာ ဥယျာဉ်မှူးလို အချစ်မျိုးနဲ့ပါကွာ......
ငါမြတ်နိုးတန်ဖိုးထားတဲ့ ပန်းလေးတပွင့်ကို
အစွမ်းကုန်လှပဖို့သာ ဖြည်းဆည်းပေချင်ခဲ့တာပါ
ငါကိုယ်တိုင်အတွက်ဆိုပြီး ရည်ရွယ်ချက်မျိုးတွေ
မထားခဲ့ပါဘူး.....
ကောင်မလေးရေ.......
မင်းပျော်မယ်ဆို ငါ့နှလုံးသွေးနဲ့ရင်း
ငါ့အချစ်ကိုစတေးရင်း မင်းအတွက်အနစ်နာခံဝံ့တာအမှန်ပါ.......
ငါ့အတွက်တော့ မင်းပျော်ရွင်နေဖို့သာ
ငါ့မျှော်လင့်ချက်တွေပါ ကောင်မလေးရေ...

3 comments:

ကဗျာလေးကောင်းတယ်သယ်ရင်းရေ...ဆက်ရေးထားကွ
နာလဲ ကြိုးစားနေတယ်...နင်လဲကြိုးစားနော်...:P
အမြဲအားပေးနေမယ်..
ခင်မင်နေတဲ့..မိုးနတ်
ဥယျာဉ်မှူးရေ
ဆန္ဒ နဲ့ ဘ၀ တထပ်တည်း ကျပ်ါစေကွယ်
ငါမြတ်နိုးတန်ဖိုးထားတဲ့ ပန်းလေးတပွင့်ကို
အစွမ်းကုန်လှပဖို့သာ ဖြည်းဆည်းပေချင်ခဲ့တာပါ
တကယ်အမှန်ပါပဲ
Post a Comment