သည်ဆောင်းဟေမာန်
နှင်းမြူကြားဝယ်
အေးချမ်းမှုပေါင်း
စုကာညောင်း၍
လွမ်းသူ့အသွင်
သရုပ်ဖော်၏
ကြယ်လေးမှိတ်တုပ်
လင်းလိုက် ပျောက်လိုက်
ကြည့်ရ သူဖို့
လွမ်းသူ့ အသွင်
သရုပ်ဖော်၏
လ ရောင် မဆမ်း
ဤညချမ်းမှာ
တိမ်ထဲတိုးဝင်
ပြေးလိုက် လွှားလိုက်
လုံးဝန်း စက်ဝိုင်း
အတွင်းဆီမှ
အဖိုးအိုနဲ့ ယုန်သူငယ်လည်း
ကြည့်ရ သူဖို့
လွမ်းသူ့အသွင်
သရုပ်ဖော်၏
သည်ဆောင်းဟေမာန်
သည်ညချမ်းဝယ်
ဖြစ်ပျက်သမျှ
အရာ အားလုံး
လွမ်းသူ့အသွင်
သရုပ်ဖော်ပြန်၏
လွမ်းနေသူ
မြစ်တစ်စင်းရဲ့ဒိုင်ယာရီ
အလွမ်းတွေနဲ့ နှောင်ဖွဲ့ရင်း
ဒီ မြစ်ကျဉ်းတခုကို ငါဖြတ်ကျော်တုန်း
အဆက်စပ်မဲ့ ဒဏ်ရာတွေ တဖွဲဖွဲ ကြွေကျ
ရသလောက်နဲ့ မတင်းတိမ်နိုင်တဲ့ လူ့ဘဝမှာ
ငါဟာ လေလွင့်ငှက် တကောင်လို
ထားခဲ့လိုက်ပါငါ့ကို
လူသားဆန်ကြောင်းပြဘို့
ဒီ အပ်ကြောင်းထပ် ပြဇာတ်တွေနဲ့တော့
မကောက်ကျစ်ချင်တော့ဘူး
ပျဉ်ဘိုးနားလည်ဘို့သက်သက် ဆိုရင်တော့
ငါမသေချင်သေးဘူး
ငါ့ရဲ့ကောင်းကင်မှာမနေ့က မိုးရွာတယ်
နေတိုင်းတော့ ဘယ်သာယာ နိုင်မလဲလေ
ရှိပါတော့ဒီလမ်းကို
ငါကိုယ်တိုင် ရွေးခဲ့ ပြီးပြီပဲ
ငါကိုယ်တိုင်သန်မာစွာပျံသန်းဖို့
ဒီအတောင် တစုံကို
ငါအကြိမ်ကြိမ်မွမ်းမံနေခဲ့တယ်
တနေ့နေ့ အလွန်တနေ့နေ့
ငါ့ အတောင်တွေ သန်စွမ်းလာတဲ့တနေ့
ဒီမြစ်ကျဉ်းကို လွန်မြောက်တဲ့ တနေ့
ငါ့ အိမ်မက် ထဲက တနေ့နေ့ပေါ့
အဲဒီနေ့လေးကတော့...
မေမေ
အမေ
သားလှမ်းခေါ်မိတဲ့ခဏလေးမှာ
အမေ့ရဲ့ပါးနှစ်ဖတ်က လှစ်ကနဲပြုံးတာ
သားအတွတ်တဘဝလုံး အေးမြစေခဲ့တယ်
အမေ့ရဲ့အပြုံးလေးနဲ့
အမေကိုယ်စိတ်နှလုံးမရွင်လန်းချိန်မှာတောင်
သားသမီးတွေရှေ့ရောက်ရင်
အားအင်ပြည့်ဝ တဲ့ မျက်နှာပေးမျိုးနဲ့ 
သားသမီးတွေတွတ် ရှေ့ကနေပီး
အမြဲတမ်းမားမားမတ်မတ်ရပ်တည်ပေးခဲ့တယ်
သားတို့တွေရဲ့အောင်မြင်မူအသေးဖွဲတွေတွတ်
အမြဲတမ်းဂုဏ်ယူနေတတ်တဲ့အမေ
အမေ့ရင်ခွင်ထဲတိုးဝှေ့ချွဲမိတဲ့အချိန်တိုင်း
အမေ့ ၇ဲ့ပါစပ်ကအမြဲတမ်းပြောနေကျ
သားတို့တွေကအမေ့အတွတ်တော့
ထာဝရ ကလေးလေးတွေတဲ့
အခုတော့အမေ ကလေးလေးတယောက်
မဖြူစင်တဲ့ဒီလာက ရဲ့ အလယ်
ကမ်းလာတဲ့ လက်တွေ ကို ခါ ထုတ်
တယောက်ထဲပဲ…မတ်တပ်စမ်းနေ ခဲ့တာ
တခါတရံ တော့လဲ….အလဲလဲ အပြိုပြိုနဲ့
ဒါပေမယ့် ...သား
ဘာကိုမှစိတ်ပျက်နောင်တမရပါဘူး
အမေပြောတဲ့စကားသားအခုထိမှတ်မိနေသေးတယ်
လောကကြီးက တရားမျှတပါတယ်တဲ့
သားတို့ယူတတ်ရင် ယူနိုင်သလောက်ရတယ်
စကားတစ်ခွန်းလေးကို
သား လဲကျ ချိန်တိုင်း
မေမေ့ စကားသံတွေ ကိုပဲ နှလုံးသွင်းလို့ 
လူမသိ..သူမသိ
ပြန်လည် ထူမတ် နိုင်ခဲ့တယ်
အမေ ပြောတဲ့ခွန်အားတွေနဲ့
သားတို့ ဘဝ အမြင့်ပျံနိုင်ဖို့
မှိုင်းတိုက်ပေးခဲ့တာ
အေးမြတဲ့ အမေ့ရဲ့
မေတ္တာတွေ နဲ့ ပေါ့....
သူစိမ်းကောင်းကင်
သြော် ဘဝ ဘဝ
ကမောက်ကမနဲ့ နိုးထရတဲ့မနက်ခင်းတွေ
ကြည်နူးစရာကောင်းတဲ့
အာရုဏ်ဦးနဲ့ နူတ်မဆက်ခဲ့ရတာလည်းကြာပေါ့
တစ်ခါတစ်လေဘဝမှာ
အလိုမတူတာတွေ နားလည်မူလွဲမှားတဲ့အချိန်
ပေါက်ကွဲကြတာကလွဲရင်
အားလုံးကပျော်ဖို့ကောင်းပါတယ်
ဒီအချိန်မှာ ငါတို့ဘဝတွေဟာ
ဘောင်ခတ်ထားတဲ့ သူများကောင်းကင်အောက်မှာ
ခေါင်းငုံ့ပြီးလမ်းလျှောက်နေရပေ
တကယ်တော့ ကိုယ့်ရဲ့ကောင်းကင်ကြီးအောက်မှာ
လွတ်လပ်စွာ ပျံသန်းခြင်ကျသူတွေပါ
တစ်ခါတစ်လေ ငါတို့တွေဟာ
ဘဝရဲ့ ခါးသီးလှတဲ့အမှန်တရားတွေကိုမြို
အနာဂါတ်ဆိုတာမရှိခဲ့ရင်
ဟူးးးးးးးးးးးးးးးးး
ကိုယ့်စိတ်ကိုပြန်ဖြေသိမ့်ရင်း
ဘဝ ရဲ့ခါးသီးလှတဲ့
အမောတွေတစ်ကိုယ်တည်း
ဖြေခဲ့ရတဲ့နေ့တွေလည်း
မနည်းတော့ပါဘူးးးး
သတိရလိုက်ပါ
သူငယ်ချင်းမင်းရင်ထဲမှာ
ပူဆွေးသောကတွေနဲ့ ပြည့်လျှံနေတဲ့အခါ
သတိရလိုက်ပါ
အတိတ်ကငါတို့သူငယ်ချင်းတွေရဲ့
ပျော်စရာကောင်းတဲ့အချိန်ကို
ဒဏ်ခတ်ခံနေရတဲ့ မင်းနှလုံးသားရဲ့
ကြေကွဲသံဇဉ်တွေကြောင့်
မင်းမျက်ရည်တွေ ကခုန်လာတဲ့အခါ
သတိရလိုက်ပါ အားငယ်စိတ်တွေဝင်လာတိုင်း
ငါတို့သူငယ်ချင်းတွေ
တစ်ယောက်နဲ့တစ်ယောက်အားပေးခဲ့တာတွေ
သုတ်ပေးမယ့်သူမရှိတဲ့
မင်းနဖူးပေါ်ကချွေးတွေ
စီးကျလာတဲ့အခါ
သတိရလိုက်ပါငါတို့သူငယ်ချင်းတွေကို
နင်ကသာ ငါတို့ကိုအမှတ်တမဲ့ဖြစ်ပေမယ့်
ငါတို့တွေရဲ့ရင်ထဲမှာ နင့်အတွတ်
အမြဲထာဝရကြိုဆိုနေလျှက်ပါ
နိဂုံးရဲ့ နိဒါန်း
နှောင်းခဲ့ပြီးတဲ့အတိတ်ကို
ပြန်မတမ်းတကောင်းပေမယ့်
ငါကတော့နောင်တမဲ့စွာ
ချစ်ခြင်းကိုရင်မှာထွေးပိုက်
အလွမ်းတသိုက်ကိုကဗျာဖွဲ့ 
တမ်းတခြင်းအိပ်မက်တွေ
မဆုံးနိုင်အောင်မက်ခဲ့တယ်
ရေတွက်ရခက်တဲ့
အထီးကျန်ညတွေမှာ
နိဂုံးရဲ့ နိဒါန်းအစကို
ရှာဖွေနေတုန်း
ဆုံစည်းခြင်းဆိုတာမသိနိုင်သေးခင
လရိပ်အောက်မှာခို လရောင်ကိုငေးမော
လမင်းကိုတိုင်တည်နေခဲ့ပေမယ့်
ငါ့အချစ်ကိုမြုပ်နှံထားခဲ့တဲ့လမ
တစ်ချိန်ချိန်မှာတိမ်ညိုတွေ
ဖုန်းအုပ်သွားမှာကိုတော့
ငါတွေးကြောက်နေမိခဲ့တယ်
ကြိုးပျက်သွားသောသံစဉ်တစ်ပုဒ်
ငါ့ရင်ထဲကချစ်ခြင်းဖွဲ့ ကဗျာ
ကြိုးပြတ်သွားတာကြာခဲ့ပေမယ့်
သံစဉ်တွေကတော့မထပ်
အသစ်အသစ်သော သီချင်းများစွာနဲ့ 
ဆက်လက်နုပျိုနေဆဲပဲ
ကောင်လေးရေ
မင်းနားလည်ခဲ့မယ်ဆိုရင်
နေရာဟောင်းဆီ
တစ်ခေါက်လောက်တော့
ပြန်လာခဲ့ပါ
မျှော်လင့်ခြင်းတွေ
လိမ်းကျံထားတဲ့
နှလုံးသားတစ်စုံနဲ့ 
မင်းကိုစောင့်နေတယ်ဆိုတာ...












