Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

လွမ်းနေသူ

သည်ဆောင်းဟေမာန်
နှင်းမြူကြားဝယ်
အေးချမ်းမှုပေါင်း
စုကာညောင်း၍
လွမ်းသူ့အသွင်
သရုပ်ဖော်၏

ကြယ်လေးမှိတ်တုပ်
လင်းလိုက် ပျောက်လိုက်
ကြည့်ရ သူဖို့
လွမ်းသူ့ အသွင်
သရုပ်ဖော်၏

လ ရောင် မဆမ်း
ဤညချမ်းမှာ
တိမ်ထဲတိုးဝင်
ပြေးလိုက် လွှားလိုက်
လုံးဝန်း စက်ဝိုင်း
အတွင်းဆီမှ
အဖိုးအိုနဲ့ ယုန်သူငယ်လည်း
ကြည့်ရ သူဖို့
လွမ်းသူ့အသွင်
သရုပ်ဖော်၏

သည်ဆောင်းဟေမာန်
သည်ညချမ်းဝယ်
ဖြစ်ပျက်သမျှ
အရာ အားလုံး
လွမ်းသူ့အသွင်
သရုပ်ဖော်ပြန်၏

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment