Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

လပြည့်ည

လပြည့်ည
ဒီညဟာ အလွန်တရာမှ
တန်ဖိုးရှိတဲ့ ဆေးပေါင်းခတဲ့ညပေါ့
မနက်ဖြန်ဆိုရင်
သူငယ်(လမင်း)ဟာ
နေရပ်ဆီကို ပြန်သွားရတော့မယ်
အခုညမှာတော့
ခေါင်မိုးတွေကို သူ့ရဲ့အေးမြမူတွေနဲ့
ဆေးခြယ်သထားတယ်
အိမ်တွေ  လမ်းတွေ ကိုလည်းသူ့ရဲ့
အေးမြတဲ့အလင်းရောင်လေးနဲ့
ဆေးခြယ်မယ်
ပြီးတော့ ငါတို့ရဲ့
မြို့ကလေးတစ်ခုလုံးကိုလည်း
သူ့ရဲ့အေးမြတဲ့အလင်းရောင်တွေနဲ့
ဆေးခြယ်သထားပြန်ရော
ဒါပေမယ့်
တောင်ကုန်း၊ သစ်တော၊ မြစ်ချောင်းနဲ့
ကောင်းကင်ကိုတော့
သဘာဝအတိုင်းပဲ ထားလိမ့်မယ်
ကြည့်စမ်းပါအုန်း
ငါတို့ရဲ့  မြို့လေးမှာ လူတွေလူတွေ
ပျားပန်းခတ်တမျှ  သက်ဝင်လှုပ်ရှားနေကျတယ်
တစ်ချို့တစ်ချို့တွေကလည်း ဘုရားဖူးလို့
တစ်ချို့တစ်ချို့တွေကလည်း
မြတ်ဗုဒ္ဓအတွတ်ရည်စူးရက်လုပ်တဲ့
မသိုးသင်္ကန်ရက်လုပ်ပွဲကို စိတ်အားထက်သန်
အားပေးနေကျပြန်ရော
တစ်ချို့တစ်ချို့တွေကလည်း
ပွဲဈေးတန်းမှာ သက်ဝင်လှုပ်ရှားနေကျတယ်
အဲဒီမြင်ကွင်းကို လရောင်ရဲ့အောက်မှာ
မြင်တွေ့လိုက်ရတော့ ရင်ထဲကိုအေးမြသွားတာပဲ
ဒီမြင်ကွင်းလေးက ဘယ်နိုင်ငံမှာမှမရှိတဲ့
မြန်မာတွေရဲ့  ချစ်စရာ့ ရိုးရာဓလေ့
နေရာအနှံ့ အလှူတန်းစုံလင်စွာနဲ့
မြင်တွေ့ရတဲ့နေ့
ဆေးပေါင်းခတဲ့နေ့ပေါ့
ဒီနေ့ဟာ အရမ်းကိုထူးခြားတဲ့နေ့
တန်ဆောင်မုန်းလပြည့်နေ့........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

စံပယ်ချို said...

ကဗျာလေးဖတ်ပြွီလွမ်းနေတဲ့မြန်မာပြည်ကိုပိုပးလွမ်းနေရပြီ

Post a Comment