skip to main |
skip to sidebar
အနီရောင်နှင်းဆီ(Red Rose)
Red: Love and Romance
သူငယ်ချင်းက ကိုယ့်ရင်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက်ကို အနီရောင်နှင်းဆီ လက်ဆောင်ပေးမယ်ဆိုရင်
- စစ်မှန်သောချစ်ခြင်းမေတ္တာတရား(True Love)
- ခိုင်မြဲစွာစွဲလမ်းနှစ်သက်သွားသောချစ်ခြင်းမေတ္တာ(romance and abiding love),
- ငါနင်ကိုချစ်တယ်(I love you),
- လေးစား တန်ဖိုးထားခြင်း(respect and appreciation),
- ပျော်ရွင်မှုချမ်းသာသုခပြည်စုံစွာဖြင့် လက်ထပ်ခြင်း(bliss to Marriage)
လို့ အဓိပ္ပါယ်ရတယ်...ကိုချစ်ရတဲ့ ချစ်သူကိုလက်ဆောင်ပေးချင်ရင်အကောင်းဆုံးပေါ့...
အ၀ါရောင်နှင်းဆီ(Yellow Rose)
Yellow: Friendship, Joy, Get Well
အ၀ါရောင်နှင်းဆီဟာ ပျော်ရွင်ခြင်း၊၀မ်းသာပီတိဖြစ်ခြင်း၊မိတ်ဆွေသူငယ်ချင်းတို့ ၏ ရင်နှီးခင်မင်မှုကိုတန်ဖိုးထားခြင်း ကိုကိုယ်စားပြုတယ်...အ၀ါရောင်နှင်းဆီကို သူငယ်ချင်းတွေရဲ့ အောင်မြင်မှုအတွက်ဂုဏ်ပြုလက်ဆောင်ပေးဖို့ အကောင်းဆုံးပါပဲ...
ပန်းရောင်(Pink Rose)
Pink: Love, Gratitude, Appreciation
ပန်းရောင်နှင်းဆီကတော့ယဉ်ကျေးသိမ်မွေ့ စွာလှပတင်တယ်ခြင်း(grace and elegance )
လို့ အဓိပ္ပါယ်ရပါတယ်...
ပန်းရင့်ရောင်(Dark pink roses)သည် အစဉ်အလာအရ ကျေးဇူးတင်ခြင်းကိုဖော်ပြသော သင်္ကေတတစ်ခုဖြစ်တယ်...
ပန်းနုရောင်(Light pink roses)သည် ရိုသေလေးစားခြင်း၊မျိုးရိုးကောင်းခြင်း ကို ကိုယ်စားပြုသလို
သနားကြင်နာခြင်း၊စာနာနားလည်းခြင်းကိုအဓိပ္ပါယ်ဖော်ပေးတယ်...
အဖြူရောင်နှင်းဆီ(White Rose)
White: Purity, Innocence, Sympathy, Spiritualityရှေးကာလ က အဖြူရောင်နှင်းဆီကို စစ်မှန်သောချစ်ခြင်းသင်္ကေတအနေနဲ့သုံးခဲ့ကြပြီး ယခုအခါ အနီရောင်နှင်းဆီကိုပြောင်းလဲသတ်မှတ်ခဲ့ကြသည်။
အဖြုရောင်နှင်းဆီသည် အစဉ်အလာအရ မင်္ဂလာပန်းဖြစ်ပြီး မင်္ဂလာဆောင်မည့် ချစ်သူ့ နှစ်ဦး၏ စည်းလုံးခြင်း၊သန့် ရှင်းသောချစ်ခြင်းမေတ္တာတို့ ကိုရည်ညွန်းသည်။
အဖြူရောင်နှင်းဆီသည် သန့် ရှင်းစင်ကြယ်ခြင်း၊အပြစ်ကင်းစင်ခြင်း နှင့် တစ်ဦးနှင်တစ်ဦး ကိုယ်ချင်းစာနာ နားလည်နိုင်ခြင်းကိုရည်ညွန်းသည်။
လိမ္မော်ရောင်နှင်းဆီ(Orange Rose)
Orange: Desire, Enthusiasm and Passion
လိမ္မော်ရောင်နှင်းဆီသည် လိုချင်းတက်မက်ခြင်း၊စိတ်အားတက်ကြွခြင်း၊စိတ်အပြင်းအထန်လှုပ်ရှားခြင်း ကိုရည်ညွန်းသည်...
အ၀ါရောင်နှင်အနီရောင်ပေါင်းစပ်ထားသော လိမ္မော်ရောင်နှင်းဆီကို
အ၀ါရောင်၏သင်္ကေတသူငယ်ချင်းမေတ္တာ နှင့် အနီရောင်၏သင်္ကေတချစ်ခြင်းမေတ္တာ
တို့ ၏ပေါင်းစည်းမှုတံတားဟုလည်းမြင်နိုင်ပါတယ်...
တကယ်လို့ ကိုယ်ရဲ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို လိမ္မော်ရောင်နှင်းဆီ လက်ဆောင်ပေးခဲ့မယ်ဆိုရင်
"ငါမင်းအတွက်ဂုဏ်ယူပါတယ်"(I'm proud of you)ဆိုတဲ့ဖော်ပြချက်ပဲဖြစ်ပါတယ်...
ခရမ်းနုရောင် နှင်းဆီ
Lavender: Enchantment, Majesty, Love at First Sight
ခရမ်းနုရောင် နှင်းဆီမွေး သည် ဂုဏ်ကျက်သရေမြင့် မြတ်ကြီးကဲခြင်း၊ပြူစားခြင်း၊မြင်မြင်ချင်းချစ်ခင်မြတ်နိုးခြင်း ကို ကိုယ်စားပြုတယ်..
သူငယ်ချင်းတို့ မှာ မြင်မြင်ချင်းချစ်မြတ်နိုးသွားတဲ့သူရှိရင်တော့ ခရမ်းနုရောင်နှင်းဆီပန်းလေး
လက်ဆောင်ပေးပေါ့...
www.rdasia.com › ... › Life Well Shared › Lifestyle & Entertainment
ဒီဆိုဒ်လေးထဲက ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်...
ချစ်သူငယ်ချင်းများချစ်တဲ့သူနဲ့ ထာဝရပျော်ရွင်နိုင်ကျပါစေ...
ဖူး
4 comments:
ဗဟုသုတရတယ်နော်..မျှဝေပေးတဲ့ အတွက်ကျေးဇူးပါ...
ခင်မင်နေတဲ့..မိုးနတ်
နှင်းဆီအကြောင်းလေးဖတ်ပြီးပန်းလေးတွေချစ်လို့ဒေါင်းသွားတယ်ကျေးကျေး
နှင်းဆီအကြောင်းလေးတွေသိခဲ့ရလို့ကျေးဇူးပါ
ခင်မင်တဲ့ sis jasmine
နှင်းဆီအရေအတွက်အဓိပ္ပါယ်ရောသိလားဗျသိရင်ပြောပြပါ
Post a Comment