သူငယ်ချင်းသတ်ဝတ်ရည်ရဲ့ ၂၃ နှစ်ပြည့်မွေးနေ့ မှစပြီး နောက်နှစ်ပေါင်းများစွာတိုင်
လိုအင်ဆန္ဒအားလုံးပြည့်ဝပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ပျော်ရွင်နိုင်ပါစေ...
သူငယ်ချင်းရေ
ငါတို့ တွေ တစ်ယောက်အခတ်အခဲဖြစ်တိုင်းမှာ
တူတူတိုင်ပင်စဉ်းစားပေခဲ့တဲ့အချိန်တွေ
ဝမ်းသာစရာရှိတိုင်း တူတူပျော်ရွင်ခဲ့ချိန်တွေ
မွေးနေ့ ရောက်တိုင်းတူတူလျှောက်သွားခဲ့တာတွေ
သတိရမိတယ်...
မွေး ရက်တွေမတူပေမဲ့
နေ့  ရက်တွေတိုင်းတူတူရှိခဲ့တဲ့ ချိန်တွေကိုလွမ်းမိတယ်...
မှာ စကားတစ်ခု အနေနဲ့ ပြောပါရစေ...မှတ်မိဦးမလား...
ပျော် ပျော်ရွင်ရွင် ဒံပေါက်စားခဲ့ပြီး ကိုသီဟကို ဘုရာဖူးလိုက်ပို့ ခဲ့တဲ့ ကန်ကြီးထောင့်ဘုရားရင်ပြင်...
ရွှင် မြူးစရာတွေနဲ့ တူတူပျော်ခဲ့ကြတဲ့ ကျောင်းသူဘ၀မှာ
ပါ လာတဲ့ မုန့် ဖိုးလေးတွေနဲ့ ထိုင်ခဲ့ကြတဲ့၊ sundayတိုင်းဆုံမှတ် သရ၀ဏ်...ကိုရောက်ခဲ့ရင်
ဖူးလေးနဲ့ ငယ်လေးကို သတိရပေးပါ..........
စေ တနာနဲ့ ကျွေးခဲ့တဲ့ Royal lake မှာလို ဒီနှစ်october 13 မှာမစားရပေမဲ့
ချစ်သူငယ်ချင်းအတွက်ဆုတောင်းပေးလိုက်ပါတယ်...
2 comments:
သယ်ရင်းအတွက်မွေးနေ့ဆုတောင်းလေးကို ကြည်နူးစွာခံစားသွားတယ်နော်
-မွေးနေ့ရှင်လည်းပျော်ရွှင်ပါစေ..သူငယ်ချင်းများအားလုံးလည်းကျန်းမာပျော်ရွှင်ပါစေ
Post a Comment