ဒီလိုနေ့တွေရောက်တိုင်း
ငါ့ ရင်ထဲမှာမမေ့နိုင်ဘူး
အတူတူပျော်ပါးခဲ့တဲ့
နေ့စွဲကနေရေတွတ်ရင်
ဒီနေ့ဟာ(၆၅)ရက်ပြည့်တဲ့နေ့လေးတစ်နေ့ပေါ့
အမှတ်တရဆိုတာ
ချန်ထားခဲ့သူအတွတ်ကတော့
ခဏတာပေမယ့်
လွမ်းလို့ကျန်ခဲ့တဲ့သူအတွတ်
တစ်ဘဝတာပါပဲ
အချိန်ကာလရဲ့
သတ်မှတ်ချက်ဆိုတာက
လူတွေကစီမံခဲ့တာလား
ဘယ်လောက်ပဲကြာမြင့်ပါစေ
မဝေးတော့တဲ့အချိန်မှာ
တို့နှစ်ယောက်ဆုံတွေ့ကြမယ်
ယုံကြည်ချက်နဲ့
နာရီတွေကိုဖြတ်သန်းရင်း........
....................အသည်းလေး
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
2 comments:
လွမ်းလို့ကျန်ခဲ့တဲ့သူအတွတ်
တစ်ဘဝတာပါပဲ----
ခံစားခဲ့ရတယ်
ခင်မင်တဲ့ sis jasmine
အမှတ်တရလေးတွေအတွက်ကြည်နူးမိပါတယ်
Post a Comment