ဒီည............ငါ့အတွေး
အာရုံတွေမှာ တိတ်ဆိတ်လွန်းလို့
ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားနေရတယ်
.....ငါ.အတွေးထဲမှာတော့......
လေပြေညှင်းလေး တိုက်ခတ်နေလေရဲ့
အင်းးးး.........?
ဒါ တစ်စုံတစ်ရာရဲ့ အဆုံး
(သို့)
တစ်စုံတစ်ခု ရဲ့ အစ ဖြစ်မယ်ထင်တယ်
ငြိမ်သက်နေတဲ့ စိတ်အစဉ်နဲ့
ငါ့အတွေးကို ငါလှည့်ပါတ်ကြည့်နေမိတယ်
အချစ်ဆိုတာ ချော်လဲရောထိုင်ကစားနည်း
တစ်မျိုးဆိုရင် အခုငါ
စည်းဝိုင်းအပြင်မှာပဲ နေတော့မယ်
ဘဝမှာမင်းနဲ့ကိုယ်
အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါတို့နှစ်ယောက် လုံးထိခိုက်ခဲ့ရတယ်
အနမ်းတွေမှာ မာယာခြယ်သထားရင်
အလွမ်းစာမျက်နှာကိုပဲ
ငါ ရွေးဖတ်ပါ့မယ်......
အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းဆိုတဲ့လမ်းဆုံမှာ
ငါ ရပ်တန့်နေခဲ့မိတယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....
ခံစားချက်ဘက် ငဲ့ကြည့်မိပြန်တော့
နာကျဉ်မှုရဲ့အဆုံးမှာ
အေးစက်သွားခြင်းဆိုတာ
မင်းသိစေဖို့ ငါ့မှာ စကားလုံးမရှိဘူး...
စိတ်ခံစားမှုတွေ မာကျောတောင့်တင်းခဲ့ရတော့
မင်းလေးကိုပြောဖို့စကားတွေ ဆွံ့အလို့....
ငါဆိုတာ .....မင်းဆီကမလိုအပ်တော့ဘူးလို့
သိလိုက်ချိန်မှာပဲ
သွေးအေးစွာပဲ နှုတ်ဆိတ်ခဲ့တယ် ..
ပြိုကွဲခြင်း ဆိုတဲ့စကားလုံးကို
ဖျက်သိမ်းလိုက်ရုံနဲ့
ငါတို့နှစ်ယောက်
တည်ဆောက်ထားတာတွေ
ခိုင်မြဲတိုင်း ခိုင်မြဲနေပါ့မလား
................?
ကိုတို့နှစ်ယောက်ရဲ့အိမ်မက်တွေ တည်တံ့ဖို့က
ကိုယ်တို့နှစ်ယောက်ပဲ ဆိုင်ခဲ့တာလေ
မျှော်လင့်ချက် ရဲ့ အနက်ကိုတိုင်းကြည့်မိတော့
စောင့်စားခြင်းက ငါ့ကို ဆီးကြိုတယ်
......... ..... ......
အင်းးးးးးး.........
ယုံကြည်ချက်တွေကတော့
အိပ်မက်တွေနဲ့အတူ ...
.... စီးမျောနေတုန်း ... ....
အာရုံတွေမှာ တိတ်ဆိတ်လွန်းလို့
ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားနေရတယ်
.....ငါ.အတွေးထဲမှာတော့......
လေပြေညှင်းလေး တိုက်ခတ်နေလေရဲ့
အင်းးးး.........?
ဒါ တစ်စုံတစ်ရာရဲ့ အဆုံး
(သို့)
တစ်စုံတစ်ခု ရဲ့ အစ ဖြစ်မယ်ထင်တယ်
ငြိမ်သက်နေတဲ့ စိတ်အစဉ်နဲ့
ငါ့အတွေးကို ငါလှည့်ပါတ်ကြည့်နေမိတယ်
အချစ်ဆိုတာ ချော်လဲရောထိုင်ကစားနည်း
တစ်မျိုးဆိုရင် အခုငါ
စည်းဝိုင်းအပြင်မှာပဲ နေတော့မယ်
ဘဝမှာမင်းနဲ့ကိုယ်
အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါတို့နှစ်ယောက် လုံးထိခိုက်ခဲ့ရတယ်
အနမ်းတွေမှာ မာယာခြယ်သထားရင်
အလွမ်းစာမျက်နှာကိုပဲ
ငါ ရွေးဖတ်ပါ့မယ်......
အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းဆိုတဲ့လမ်းဆုံမှာ
ငါ ရပ်တန့်နေခဲ့မိတယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....
ခံစားချက်ဘက် ငဲ့ကြည့်မိပြန်တော့
နာကျဉ်မှုရဲ့အဆုံးမှာ
အေးစက်သွားခြင်းဆိုတာ
မင်းသိစေဖို့ ငါ့မှာ စကားလုံးမရှိဘူး...
စိတ်ခံစားမှုတွေ မာကျောတောင့်တင်းခဲ့ရတော့
မင်းလေးကိုပြောဖို့စကားတွေ ဆွံ့အလို့....
ငါဆိုတာ .....မင်းဆီကမလိုအပ်တော့ဘူးလို့
သိလိုက်ချိန်မှာပဲ
သွေးအေးစွာပဲ နှုတ်ဆိတ်ခဲ့တယ် ..
ပြိုကွဲခြင်း ဆိုတဲ့စကားလုံးကို
ဖျက်သိမ်းလိုက်ရုံနဲ့
ငါတို့နှစ်ယောက်
တည်ဆောက်ထားတာတွေ
ခိုင်မြဲတိုင်း ခိုင်မြဲနေပါ့မလား
................?
ကိုတို့နှစ်ယောက်ရဲ့အိမ်မက်တွေ တည်တံ့ဖို့က
ကိုယ်တို့နှစ်ယောက်ပဲ ဆိုင်ခဲ့တာလေ
မျှော်လင့်ချက် ရဲ့ အနက်ကိုတိုင်းကြည့်မိတော့
စောင့်စားခြင်းက ငါ့ကို ဆီးကြိုတယ်
......... ..... ......
အင်းးးးးးး.........
ယုံကြည်ချက်တွေကတော့
အိပ်မက်တွေနဲ့အတူ ...
.... စီးမျောနေတုန်း ... ....
5 comments:
အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းဆိုတဲ့လမ်းဆုံမှာ
ငါ ရပ်တန့်နေခဲ့မိတယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....
ခံစားချက်ဘက် ငဲ့ကြည့်မိပြန်တော့
နာကျဉ်မှုရဲ့အဆုံးမှာ
အေးစက်သွားခြင်းဆိုတာ
မင်းသိစေဖို့ ငါ့မှာ စကားလုံးမရှိဘူး...
ကဗျာလေးကောင်းမှကောင်း
အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းဆိုတဲ့လမ်းဆုံမှာ
ငါ ရပ်တန့်နေခဲ့မိတယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ..
ခံစားရတယ်ကဗျာလေးက
အချစ်ဆိုတာ ချော်လဲရောထိုင်ကစားနည်း
တစ်မျိုးဆိုရင် အခုငါ
စည်းဝိုင်းအပြင်မှာပဲ နေတော့မယ်
ဘဝမှာမင်းနဲ့ကိုယ်
အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါတို့နှစ်ယောက် လုံးထိခိုက်ခဲ့ရတယ်
အနမ်းတွေမှာ မာယာခြယ်သထားရင်
အလွမ်းစာမျက်နှာကိုပဲ
ငါ ရွေးဖတ်ပါ့မယ်......
အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းဆိုတဲ့လမ်းဆုံမှာ
ငါ ရပ်တန့်နေခဲ့မိတယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....
ကောင်းတယ်ကဗျာလေးကလေ..အမှန်ပြောရရင် ဒီအိမ်လေးထဲက ကဗျာလေးတွေ မိုးနတ်အကုန်မဖတ်ဖူးသေးပါဘူး...ဖတ်ဖူးခဲ့တဲ့အထဲမှာ
တော့ ဒီကဗျာလေးနှစ်သက်မိတယ်
ကဗျာကောင်းလေးတွေဆက်လက်ထုဆစ်နိုင်ပါစေနော်
ခင်မင်နေတဲ့....မိုးနတ်
ဘဝမှာမင်းနဲ့ကိုယ်
အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါတို့နှစ်ယောက် လုံးထိခိုက်ခဲ့ရတယ်
ကဗျာနူးနူးညံ့လေးခံစားအားပေးသွားပါတယ်နော်
ခင်တဲ့
မိုးသူ(တောင်ကြီး)
Post a Comment