အိမ်ထောင်ပြုတယ် ဆိုတာ အခြေခံအနေနဲ့ ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြ ကြိုက်ကြလို့ပါ။ အကြင်သူနှစ်ဦး
ချစ်သူတွေ ဖြစ်ကြပြီးမှ လက်ထပ်ကြတာ ရာခိုင်နှုန်းများတတ် ပါတယ်။ ရာခိုင်နှုန်း အနည်းငယ် လောက်သာ အိမ်က
လူကြီးတွေ ပေးစားလို့ ယူဖြစ်ကြတာ ဖြစ်ပါတယ်။ ချစ်ကြတယ် ဆိုတဲ့ နေရာမှာ တစ်ယောက် အကျိုးကို တစ်ယောက်က
လိုလားတယ် နှစ်သက်တယ် စိတ်တူ ကိုယ်တူ ဖြစ်တယ် ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ချစ်ကြတယ်ပြောပြော
အိမ်ထောင်တစ်ခု ထူထောင်လို့ အတူနေကြပြီ ဆိုတာနဲ့ တစ်ယောက်က အခြားတစ်ယောက်ကို မိမိလိုလားတဲ့စိတ်နဲ့ အားနည်းချက်တွေကို
ဝေဖန် ထောက်ပြမှာ အမှန်ပါပဲ။ (ဥပမာအားဖြင့် သွားတိုက်ဆေးဘူးကို ညှစ်တဲ့ နေရာချင်း မတူတာတို့၊ ဆပ်ပြာကို အသုံးပြုပြီး
ရေပြန် မဆေးထားတာတို့ တွေကအစပေါ့) လူဟာ ဘယ်သောအခါမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။
ယောက်ျားလေးမှာ မရှိတဲ့ အရည်အချင်းက မိန်းကလေးမှာ ရှိနေတတ်ပါတယ်။
ကိုယ်မတွေးမိတဲ့ အတွေးအခေါ်ကောင်းတွေ သူတွေးမိတာတွေလည် ရှိတတ်ပါတယ်။
ယောက်ျားလေးနဲ့ မိန်းကလေးတွေ များသောအားဖြင့် ပြဿနာတစ်ခုအပေါ်မှာ ရှုမြင်တဲ့ အမြင်တွေ
သုံးသပ်ပုံတွေ မတူတတ်ကြပါဘူး။ စီးပွားရေး၊ လူမှုရေး၊ အထွေထွေ ကိစ္စ တွေမှာပဲဖြစ်ပါစေ ယောက်ျားလေးတွေရဲ့
အားနည်းချက်၊ ဟာကွက်တွေကို ထောက်ပြနိုင်စွမ်း တဲ့ မိန်းကလေးတွေ ရှိတယ်။ ဒါကိုလက်ခံတတ်ရင် သာယာတဲ့ အိမ်ထောင် တစ်ခု ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ငါသာ စေ့စပ်သေချာတယ်။ ငါလို ယောက်ျားဆိုတဲ့ မဟာဖိုဝါဒ သမားတွေအတွက် ဘယ်မိန်းမစကားကိုမှ နားမထောင်သင့်ဘူး လို့ ထင်မှတ်ပြီး ကိုယ်ထင်ရာ
ကိုယ်စိုင်းရင်ဖြင့် အိမ်ထောင်ရေး အမှားအယွင်းတွေ ဖြစ်တတ်ကြပါတယ်။ လူတိုင်း ကိုယ့်စိတ်ကြိုက် ပြုမူနေထိုင်နိုင်တယ် ဆိုပေမယ့် အိမ်ထောင်တစ်ခု ဖြစ်လာရင်တော့ ညှိနှိုင်းယူရတဲ့ အပိုင်းကို ဦးစားပေးရမှာပေါ့နော်။
ချစ်ခြင်းမေတ္တာကို အခြေခံပြီး အိမ်ထောင်ထူထောင် ထားတဲ့ မိသားစုတစ်ခုမှာ
မိန်းမတွေအနေနဲ့ ကိုယ့်ယောက်ျားကို မကောင်းတဲ့ ဒုစရိုက်အလုပ်တွေကို လုပ်ခိုင်းမယ် မထင်ပါဘူး
။ ခြွင်းချက်တော့ ရှိချင်ရှိမှာပါ။ ဒါပေမယ့် များသောအားဖြင့်တော့ မိန်းမတွေဟာ ကိုယ့်ယောက်ျားရဲ့ အကျိုး၊
ကိုယ့်မိသားစုရဲ့ အကျိုးကိုရှေးရှုပြီး ပြောတာ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒီနေရာမှာ ယောက်ျားက မိန်းမပြောတိုင်း ယုံကြည်နာခံမှာလား ဆိုပြီး စိုးရိမ်စရာ မရှိပါဘူး
။ ယောက်ျားကလည်း ဘယ်စကားက ငါ့အကျိုးစီးပွား၊ ငါ့ကျန်းမာရေး အတွက်ပြောတယ်။
ဘယ်စကားကဖြင့် ငါ့မိသားစု တစ်ခုလုံးရဲ့ အကျိုးစီးပွား အတွက် ပြောတယ် ဆိုတာကို ဝေဖန် ချင့်ချိန်အုန်းမှာပါ။
သက်သက် ဒီမိန်းမ အစိုးရိမ်လွန်ပြီး ပြောနေတာ ဆိုရင်လည်းပဲ မိန်းမက စိတ်ရင်း အမှန်နဲ့ စေတနာနဲ့ ပြောတာဖြစ်လို့ သူရှေ့မှာတော့ လေးလေးစားစား နားထောင်သင့်ပါတယ်။ စကားပုံတောင် ရှိပါတယ်
။ မိန်းမစကားနားထောင်ရင် အိုတောင် မဆင်းရဲဘူးတဲ့။ ဒါကြောင့် ကိုယ့်မိန်းမက ကိုယ့်အကျိုးကို
လိုလားတဲ့ စိတ်နဲ့ အစစအရာရာကို ပြောမှာဖြစ်လို့ အိမ်ထောင်ရှင် ယောက်ျားတိုင်း ကိုယ့်မိန်းမစကားကို နားထောင်သင့်တယ်လို့ ဒီလို တွေးထင်မိ ပါတယ်။ ဒီအထဲမှာ ကိုယ်မပါသေးပေမယ့် နည်းနည်းတော့
ကျင့်သားရအောင် အင်ထရိုဝင်ပြီး အစမ်းလေးလုပ်ကြည့်ထားကြနော်........p;p;p;
မိတ်ဆွေသူငယ်ချင်းအားလုံးလည်းပျော်ရွင်ကြပါစေဗျာ
ဖတ်မိတာလေးတွေကိုမျှဝေခြင်းသာဖြစ်ပါတယ်
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
1 comments:
ကိုယ့်အကျိုးအတွက်ပြောတဲ့ မိန်းမစကားဆိုနားထောင်သင့်တာပေါ့ ။
Post a Comment