skip to main |
skip to sidebar
စူးရှတဲ့ မျက်ဝန်း
နူးညံ့တဲ့နှုတ်ခမ်းတစ်စုံက
သင်္ကေတတစ်ခုဆိုရင်
ကိုကရင်ခုန်သံ မြန်စေသူ...
အားငယ်ချိန်တိုင်း
ခိုနားခွင့်ရင်ခွင်နဲ့
လက်တွေဆုပ်ကိုင်ထားတဲ့
ကိုကထာဝရအေးချမ်းစေသူ...
အိမ်မက်နဲ့ အတွေးထဲ
ရှာဖွေကြည့်မိ
ကိုက ချစ်ဘ၀ရဲ့ 
တစ်ယောက်တည်းသောသူ...
ကိုအကြည့်တွေကြောင့်
မြန်လာတဲ့အသက်ရှုသံ၊
နှုတ်ခမ်းတစ်စုံကြောင့်
ဖြစ်ပေါ်ခဲ့ရင်ခုန်သံတွေနဲ့
အိမ်မက်တွေထဲလွင့်မျောနေခဲ့
သေချာယုံကြည်နေမိတယ်
ကိုကချစ်ဘ၀ရဲ့ အချစ်ဆုံးချစ်သူ...
တန်ဖိုးဆိုတာ
လူ့ သတ်မှတ်ချက်တစ်ခုဆိုရင်
ကိုက ချစ်ဘ၀ရဲ့တန်းဖိုးအရှိဆုံးသူ...
ဖူး
0 comments:
Post a Comment