ကိုရေ
တိမ်လွှာတွေလို အပြစ်ကင်း
မြတ်နိုးခြင်းမျိုးနဲ့
ရင်ကွဲမတတ် ချစ်ခဲ့သူပါ
ကေ မြတ်နိုးတဲ့ဒီချစ်ခြင်း
နှောင်ဖွဲ့ခဲ့တဲ့ ရင်ခွင်ထဲ
အဖန်တစ်၇ာကျရှုံး
နှလုံးသားမျက်ရည်တွေစီးဆင်းလည်း
မပျက်သုန်းတဲ့ရင်ခုန်နူန်း
သံသရာဆုံးလည်းကို့ ကို
ချစ်လို့နေမယ်
ချစ်တယ်လို့ အခါခါပြော
ပြီးရင်
ပြင်းထန်တဲ့ စကားလုံးတွေနဲ့
ကေ့ နှလုံးသားကိုအကြိမ်ကြိမ်ထိုးဆွ
နာကျင်စေခဲ့လည်း
ဒဏ်ရာတွေ ဗလပွနဲ့
ခံနိုင်ရည်တွေ ပြိုလဲလုမတက်
ယိုင်လဲနေလည်း
မုန်းမေ့ဖို့ခက်တဲ့
ကေ့နှလုံးသားက
ကို့ ကိုချစ်နေဆဲပဲ
ရိုးသားစွာပြောရရင်
ကို ဟာကေ့ဘဝရဲ့အရှင်သခင်
ကို ရေ
နာကျင်ခဲ့တဲ့နှလုံးသားတွေအတွတ်
အညှိုးတေးဖွဲ့ မုန်းမေ့ရက်ပါဘူး
ဒါပေမယ့်
လေးနက်တဲ့ ကေ့ရဲ့ချစ်ခြင်း
ဖြူစင်ခြင်းတွေကို
ကို.....မြင်တတ်
ကြည့်တတ်
နားလည်တတ်
ခံစားတတ်မယ်ဆို
သိပ်ကောင်းမှာပဲ..........ကိုရယ်
မှတ်ချက်...........သူငယ်ချင်း(kk+ဝင်းကေသီထွန်း) အတွတ် သူငယ်ချင်းရဲ့ခံစားချက်လေးကို
တစ်ယောက်သောသူသိမယ်ဆိုရင်
ခံစားနားလည်နိုင်ပါစေ
..........အသည်းလေး
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
2 comments:
ကဗျာထဲမှာ ချစ်ခြင်းအပြည့်ကိုမြင်ရတယ် ။သက်ဆိုင်သူခံစားနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် ။
ချစ်တယ်လို့ အခါခါပြော
ပြီးရင်
ပြင်းထန်တဲ့ စကားလုံးတွေနဲ့
ကေ့ နှလုံးသားကိုအကြိမ်ကြိမ်ထိုးဆွ
နာကျင်စေခဲ့လည်း
ဒဏ်ရာတွေ ဗလပွနဲ့
ခံနိုင်ရည်တွေ ပြိုလဲလုမတက်
ယိုင်လဲနေလည်း
မုန်းမေ့ဖို့ခက်တဲ့
ကေ့နှလုံးသားက
ကို့ ကိုချစ်နေဆဲပဲ
ရိုးသားစွာပြောရရင်
ကို ဟာကေ့ဘဝရဲ့အရှင်သခင်
အားပေးသွားပါတယ်
Post a Comment