Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

သူငယ်ချင်းသို့..........

သူငယ်ချင်းဘဝ.........
   
    ပျော်၇ွင်ပါစေနော်...ကံကောင်းပါစေသူငယ်ချင်း

ချစ်သူဘဝ.............

         ကိုယ်အရမ်းချစ်တယ်မင်းကို  ....အရမ်းလည်းလွမ်းလှပြီး......ဂရုစိုက်ပါနော်
ကိုယ်တစ်ယောက်တည်းအထီးကျန်ညတွေကိုဖြတ်သန်းနေရတာ  ;p;p;p;p

အိမ်ထောင်သည်ဘဝ..............
   ကိုယ်အလုပ်မအားလို့ ချစ်ပဲသွားတော့နော်   နောက်တစ်ခါကျရင်အတူတူသွားတာပေါ့
အဆင်ပြေတယ်မလားတစ်ယောက်တည်းသွားရင်...

ကလေးလည်းရေ၇ာ.........
   ဖေကြီးရေ..........ကုန်ဈေးနုန်းတွေကဘာကြီးသလည်းမမေးနဲ့ရှင့်သမီးကြီးကျူရှင်ဖိုးနဲ့
သားငယ်လေး၇ဲ့မုန့်ဖိုးတင်တော်တော်လေးကုန်နေတယ်
ပိုက်ဆံကလည်းနော်  ဘယ်လောက်ပဲရှာရှာလောက်တယ်လို့ကိုမ၇ှိဘူး
(ဘယ်လောက်မလည်းသူများတွေမသိအောင်ကိုအတိုးချထားတာလေ)ဟိးဟီး

ဒီလိုနဲ့ပေါ့....
...........................
 
       ဖေကြီးရေ....ဒီတစ်ခေါက်သမီးကြီးခွင့်နဲ့ပြန်လာကျရင်  ချစ်တို့လင်မယားလည်း  
အရှင်ဆန္ဒာဒိကတရားပွဲလေးကိုသွားကျရအောင်နော်...


                             ...............................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ခုန်သံ

အပြာရောင်မျက်ဝန်းတွေကြားက
မင်းလေးရဲ့မျက်ဝန်းနက်လေးကို
ငါနှစ်သက်ခဲ့တယ်
မင်းရဲ့ခန္ဒာက မော်ဒယ်လေးလို
အချိုးစားမကျပေမယ့်
ရိုးရိုးလေးနဲ့မင်းလေးရဲ့
ပုံစံလေးကိုငါ  နှစ်သက်ခဲ့တာပါ
မလိုသူတွေတစ်မျိုးပြောပေမယ့်
မင်းနဲ့ငါ့ရဲ့ကြားက
နားလည်မူ ယုံကြည်မူ သစ္စာရှိမူတွေက
ငါတို့နှစ်ယောက်ကိုတစ်နေ့ထက်
တစ်နေ့ ပိုတိုးတိုးပြီးချစ်စေခဲ့တယ်
တစ်ခါတစ်ခါ 
တိုးတိုးလေးမင်းစိတ်ကောက်တဲ့အခါ
အမျိုးမျိုးနဲ့မင်းကိုပြန်ချော့ရင်
သဘောကျတတ်တဲ့   မင်းရီသံလေးကို
ငါ   ချစ်တယ်
ညည အိပ်ယာဝင်ချိန်တိုင်း
အနမ်းပေးဖို့တောင်းဆိုရင်
အပြုံးလေးနဲ့  အနမ်းပေးတတ်တဲ့
မင်းလေးရဲ့  မျက်နှာလေးက
ငါ့ရဲ့ ရင်ခုန်သံကို  ပိုပိုမြန်လာစေတယ်

                                    .............................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အတ္တကြိုး


ချစ်သူ....
မင်းလိုအင်တွေ ပြည့်စေဖို့ 
ငါ့အတ္တကြိုးတွေကိုဖြည်ပေးခဲ့ ရတာ
ငါဘက်က ဆုံးနေပါပြီ
ချစ်သူရယ်...

စိတ်မချတာ ချစ်လို့ ဆိုတာကို
နားလည်နိုင်ပါတယ်...
ဒါပေမဲ့ မွန်းကျပ်တဲ့ခံစားမှုတစ်ခုကြောင့်
ငါအသက်ရှူရခတ်နေခဲ့ ပြီ...
 
ပျော်ရွင်စရာဘ၀လမ်းအတွက်
လက်တွေခိုင်ခိုင်တွဲ
မျှဝေခဲ့အကြင်နာ
ခိုင်မာတဲ့သစ္စာတရားကိုပေါင်းစု
ယုံကြည်စိတ်ထားချစ်ခြင်းအားတွေနဲ့ 
ငါတို့ အိမ်မက်တွေကို ရှင်သန်ခွင့်ရချင်တယ်...

ရည်စူးခဲ့ မခွဲတူတူ
မင်းမရှိရင်မဖြစ်တဲ့ ဘ၀မို့ 
မင်းအတ္တကြိုးလေးဖြည်လျော့ ပြီး
ငါ့ရင်ခုန်သံတွေကို 
ပြန်လည်အသက်သွင်းပေးပါချစ်သူရယ်...

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သန်ခေါင်ယံထက်နက်တဲ့ .....ည

ဒီည ....................
အလွမ်းတွေနဲ့ကျော်ဖြတ်နေရတဲ့ည
စက္ကန့်တိုင်း  မိနစ်တိုင်းကို
ဆွဲဆန့်ထားသလားလို့တောင်
ငါ့စိတ်ထဲမှာ  ထင်မှတ်နေမိတယ်
အခုတလော
ငါ့စိတ်ထဲမှာ  အလိုမကျမူ
ကြောက်ရွံမူတွေများနေတဲ့
အလွမ်းတွေကြားထဲမှာ
ငါတစ်ယောက်တည်းကူးခတ်ရင်း
ခံစားချက်တွေသယ်ဆောင်ရာနောက်
ငါစီးမျှောလို့နေမိခဲ့တယ်
အပြစ်ကင်းတဲ့  မင်းရဲ့နှလုံးသားနုနုလေးကို
နွမ်းလျှအောင်ငါလုပ်မိလို့
ငါ့ကိုငါပဲအပြစ်တင်နေမိတယ်
အမှောင်ထုရေ
ငါမင်းနှလုံးသားကိုနာကြင်အောင်
လုပ်မိတဲ့  အပြစ်တွေအတွတ်
သန်းခေါင်အပြင်   ထပ်
ညည့်နက်နိုင်သေးတယ်ဆိုရင်
မင်းစိတ်ရှိသလောက်သာနက်လိုက်ပါတော့
ငါအပြစ်တွေ  ကျေတဲ့အထိ
ငါခံယူဖို့အသင့်ပါပဲ

          ...........................................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မာန်မာန နဲ့ အတ္တ

ကောင်မလေးရေ
မင်းဘက်ကလည်းမှန်
ငါ့ဘက်ကလည်မှန်
အမှန်၂ခုထိပ်တိုက်တွေ့လို့
မင်းနဲ့ငါနဲ့မာန်မာနတွေပြိုင်
နှစ်ဦးသာရင်ဆိုင်ခဲ့ကျတာ
နှစ်လရှည်ကြာခဲ့ပါပြီး
မင်းနဲ့ငါရဲ့      သံယောဇဉ်လည်း
မာန်မာနအတ္တတွေကြောင့်
မပြတ်ခြင်လည်း   ဖြတ်ခဲ့ရပြီး
အကြိမ်ပေါင်းများစွာ
အရှံးကြားက   မနေနိုင်လို့
ငါ့ရဲ့စိတ်ပေါက်ကွဲမိခဲ့တာက
မိနစ်ပိုင်းလေးပါ
အခုတော့    ပြတ်တောက်သွားတဲ့
သံယောဇဉ်ကြောင့်  
ငါ့ရဲ့ရင်ထဲခံစားရမှာက
ငါ့တစ်ဘဝစာလောက်ရှိနေပြီး
ကောင်မလေးရေ....

                            ..............အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တန်ရာတန်ဖိုးပေးရမှာဝန်မလေးတဲ့သူ(ဖေမြင့်)

         လွန်ခဲ့သော ၁၃ နှစ်ခန့် ကာလ ကရင်းစပွိုင့်ဈေးကြီးမှာ ကျွန်တော်တို့ ဇနီးမောင်နှံအလှပြင်ခန်း
ဆောက်လုပ်စဉ် ဗီယက်နမ်လူမျိုးတစ်ယောက်နှင့် စတင်သိကျွမ်းရသည်။သူကကျွန်တော်တို့ ဆီ မုန့် လုံးကြီးကြော် နှင့် မုန့် လက်ကောက်ကြော်များရောင်းရန်ဝင်လာလေ့ရှိသည်။အင်္ဂလိပ်စကားမပြောတက်
သော်လည်းလူကအမြဲတမ်းပြုံးပြုံးရွှင်ရွှင်ဆိုတော့ ခြေဟန်လက်ဟန်အမူအရာနှင့် ပင်ကျွန်တော်တို့ 
ရင်းနှီးခဲ့ကြတယ်...သူနံမည်က လီဗန်ဗူး...

       လီကနေ့ပိုင်းတွင် မုန့် ဖို၌ အလုပ်လုပ်သည်။ညဘက်ရောက်လျှင်သူရောသူ့ ဇနီးပါကတ်ဆက်ခွေတွေ
ဖြင့်အင်္ဂလိပ်စကားသင်ကြသည်။သူတို့ လင်မယားမုန့် ဖိုနောက်ဖေးခန်းက လွှစာမှုန့် အိပ်တွေပေါ်မှာ အိပ်ကျကြောင်းနောက်ပိုင်း၌ ကျွန်တော်သိရသည်။

       ဗီယက်နမ်မှာတုန်းကမူ ဗန်ဗူးတို့ သည် အရှေ့ တောင်အာရှ၏အချမ်းသာဆုံးမိသားစုများထဲတွင် တစ်ခုအပါအ၀င်ဖြစ်ခဲ့သည်။သူတို့ မှာစက်မှုလုပ်ငန်းကြီးတွေရှိသည်။ မြေယာတွေအမြောက်အများ ပိုင်ဆိုင်သည်။မြောက်ဗီယက်နမ်၏ သုံးပုံတစ်ပုံနီးပါးလောက်သူတို့ ပိုင်ဆိုင်ကြသည်ဟုဆိုသည်။ သို့ သော် သူ့ ဖခင် ရက်စက်စွာ သက်ဖြတ်ခံရပြီးသည့်နောက် လီကသူ့ မိခင်နှင့်အတူတောင်ပိုင်းသို့ ပြောင်းရွှေ့ ခဲ့ သည်။အဲ့ဒီမှာ ကျောင်းနေပြီး ရှေ့ နေတစ်ယောက်ဖြစ်လာသည်။

       ဖခင်နည်းတူလီလည်းအောင်မြင်ကြီးပွားခဲ့သည်။ဆောက်လုပ်ရေးဘက်မှာလမ်းပွင့်နေတာမြင်ပြီး သူဝင်လုပ်ရာက တောင်ဗီယက်နမ်တွင်အအောင်မြင်ဆုံး ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ သည်။

       သို့ သော်မြောက်ပိုင်းသို့ ခရီးသွားသည့် ခရီးစဉ်တစ်ခုတွင် သူအဖမ်းခံရသည်။မြောက်ဗီယက်နမ်
ထောင်တွင်သုံးနှစ်မျှအကျဉ်းကျခံရပြီး ထွက်ပြေးလွတ်မြောက်ကာ တောင်ပိုင်းပြန်ရောက်လာသည့်အခါ 
တောင်ဗီယက်နမ်အစိုးရက သူ့ အားမြောက်ပိုင်းသူလျှိုဟု စွပ်စွဲပြီးဖမ်းစီးပြန်သည်။

       အကျဉ်းမှလွတ်မြောက်ပြီးနောက် ငါးလုပ်ငန်းထူထောင်ရာ အောင်မြင်သည်။ တောင်ဗီယက်နမ်တွင် အကြီးဆုံး စည်သွပ်ဘူးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာသည်။

       သို့ သော်နိုင်ငံရေးအပြောင်းအလဲများကြောင်း ရပ်တည်ရန်ခတ်ခဲလာသောအခါ ဖစ်လစ်ပိုင်နိုင်ငံသို့  ထွက်လာခဲ့ရသည်။ဖစ်လစ်ပိုင်တွင်နှစ်နှစ်မျှနေထိုင်ပြီနောက် အမေရိကသို့ ဆက်လက်ရွှေ့ ပြောင်းသည်။
အမေရိကသို့ သွားသည့် သင်္ဘောခရီးတွင် သူအကြီးအကျယ်စိတ်ဓာတ်ကျလာသည်။သူ့ မှာ
လောလောဆယ်လက်ဖ၀ါး ခြေဖ၀ါးပဲရှိနေသည်။ဒီအနေအထားမှ စတင်ကာ ဘ၀ကိုမည်သို့ အသစ်တစ်ဖန်
ပြန်လည်ထူထောင်နိုင်ပါ့မလဲတွေးတာ သူကြံရာမရဖြစ်နေသည်။တစ်ကြိမ်၌ သင်္ဘောလက်ရန်းသံတန်းများ ကိုကျော်ပြီ ခုန်ချဖို့ ကြံရွယ်စဉ်တွင် ဇနီးသည်ကတွေ့ သွားသည်။

      ‘လီရယ် ရှင်ခုလိုခုန်ချလိုက်ရင် ကျမတစ်ယောက်တည်း ဘာဆက်လုပ်ရမလဲ။ကျမတို့ နှစ်ယောက် 
လောကဒဏ်အကောင်းအဆိုးအမျိုးမျိုးကို အတူတကွဖြတ်သန်းလာခဲ့ကြတာပဲ...နှစ်ယောက်လက်တွဲပြီး ရင်ဆိုင်ရင်ဒီအခတ်အခဲကိုလည်း ကျော်လွန်နိုင်မှာပါ။‘ ဇနီးသည်က ဖျောင်းပြသည်။

       အဲ့ဒီလောက်အားပေးစကားမျှသည်ပင် လီဗန်ဗူး အတွက်လုံလောက်ခဲ့သည်။

       ၁၉၇၂ ခုနှစ်တွင် သူတို့ ဇနီးမောင်နှံ ဟျူတန်မြို့ သို့ ရောက်လာသည်။လက်ထဲတွင် ခြူးတစ်ပြားမှ မရှိ။
အင်္ဂလိပ်စကားလည်းလုံးဝမပြောတက်။သို့ သော် သူတို့ ဗီယက်နမ်တွေမှာ ဆွေမျိုးညာတိအချင်းချင်း 
စောင့်ရှောက်ရိုင်းပင်းသောအလေ့အထရှိသည်။လီတို့ ဇနီးမောင်နှံ ဂရင်းစပွိုင့်ဈေးကြီးရှိ သူ့ ဝမ်းကွဲညီအကို တစ်ယောက်၏ မုန့် ဖိုနောက်ဖေးခန်းတွင် နေစရာ ရသည်။အဲ့ဒီအချိန် ကျွန်တော်တို့ ကလည်းသူတို့ နှင့်  ကိုက် ၂၀၀ လောက်အကွာမှာ ကျွန်တော်တို့ ဆိုင်ခန်းကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

       ဒါက လီ နှင့်ပတ်သတ်သည့် ဇာတ်လမ်းအစပိုင်းဖြစ်သည်။ လီအကြောင်း နောက်ပိုင်းဇာတ်လမ်း (သို့ မဟုတ်) သူ့ ဘ၀ဇာတ်လမ်းမှထွက်ပေါ်လာသည့်သင်ခန်းစာယူစရာအပိုင်းကို ကျွန်တော်ဆက်ပြော ပါ့မည်။

       လီ၏သားချင်းမုန့် ဖိုပိုင်ရှင်က သူတို့ လင်မယားနှစ်ယောက်စလုံးကိုမုန့် ဖို၌ အလုပ်ပေးသည်။ လီကတစ်ပတ်လျှင် ၁၇၅ ဒေါ်လာ၊ ဇနီးသည်က ၁၂၅ ဒေါ်လာရသည်။နှစ်ယောက်ပေါင်းလိုက်လျှင် တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၅၆၀၀ ရှိသည်။ပြီးလျှင်ထိုပုဂ္ဂိုလ်က သူတို့ ကိုအခွင့်အရေးတစ်ခုပေးသေးသည်။  မုန့် ဖိုကို ၀ယ်လိုက၀ယ်နိုင်သည့်အခွင့်အရေး။

      မုန့် ဖို တန်ဖိုးက ၁၂၀,၀၀၀ ဖြစ်သည်။လီတို့ ကဒေါ်လာ၃၀,၀၀၀ လက်ငင်းပေးနိုင်လျှင်ကျန်၉၀,၀၀၀  ကို အကြွေးအဖြစ်သတ်မှတ်ပြီးသူတို့ ကိုပေးမည်ဟုဆိုသည်။

       လီတို့ လင်မယားဘာလုပ်ကြသလဲ...
       လောလောဆယ်သူတို့ လင်မယားနှစ်ယောက် တစ်ပတ်မှာ၃၀၀ ရနေပြီ။ အိမ်ခန်းငှားနေချင်လျှင်လဲ  
နေနိုင်ပြီ။သို့ သော်သူတို့ မုန့် ဖိုနောက်ဖေးမှာပဲဆက်နေဖို့ ဆုံးဖြတ်သည်။ရေချိုးသည့် အခါဈေးကြီးထဲက  ကိုယ်လက်သုတ်သင်ခန်း များမှာပင် ချိုးကြသည်။ ပြီးတော့နှစ်နှစ်တာကာလပတ်လုံး မုန့် ဖိုရှိပစ္စည်းများ မှလွဲပြီး တခြားဘာမှမစားသလောက်နေကြသည်။ တစ်နှစ်လုံးစုစုပေါင်း ဒေါ်လာ၆၀၀ထပ်ပိုမကုန်အောင် 
ခြိုးခြံချွေတာကာ လက်ငင်းပေးချေရမည့်ငွေ ၃၀၀၀၀ ရအောင်စုဆောင်းကြသည်။

     နောက်ပိုင်းလီကရှင်းပြသည်။ ‘ တစ်ပတ်၃၀၀ ရတဲ့ချိန်မှာတို့ တက်နိုင်ပြီဆိုပြီး အခန်းငှားနေလိုက်လျှင်   ကျွန်တော်တို့ အခန်းခပေးရတော့မယ်။ပြီးတော့အခန်းရှိလာရင် ပရိဘောဂ၀ယ်ရမယ်။နောက်အလုပ် အသွားအပြန်အတွက် ကားဝယ်ဖို့ လိုလာဦးမယ်။ဓာတ်ဆီဝယ်ရမယ်။ကားအတွက်အာမခံထားရမယ်။ ကားရှိတော့ဟိုဟိုဒီဒီသွားချင်မယ်။အ၀တ်အစားတို့ အလှကုန်ပစ္စည်းတို့ ဝယ်ဖို့ လိုလာမယ်။အဲ့ဒီတော့ ကျွန်တော် စဉ်းစားကြည့်တယ်။အိမ်ခန်းငှားရင် ကျွန်တော်တို့ ငွေ ၃၀၀၀၀ ဘယ်တော့မှစုဖြစ်မှာ မဟုတ်တော့ဘူး။‘  ဟူ၍။

       လီဗန်ဗူးအကြောင်းက ဒီမျှနှင့်မပြီးသေးပါ။ လက်ငင်းပေးထားရမည့်ငွေ ၃၀၀၀၀ ရအောင်စုကာ မုန့် ဖိုကိုဝယ်လိုက်ပြီးနောက် လီနှင့်ဇနီးသည် အတူတူထိုင်ကာရှေ့ ရေးကို ဆွေးနွေးပြန်သည်။

       သူတို့ မှာ ဒေါ်လာ ၉၀၀၀၀ ကြွေးပေးရန်ကျန်သေးသည်။ သည်တော့အရင်နှစ်နှစ် ဆင်းရဲဒုက္ခခံပြီးနောက် နောက်ထပ်၁နှစ် မုန့် ဖိုနောက်ဖေးခန်းလေးထဲမှာပင် ဆင်းဆင်းရဲရဲနေကြရန် သူတို့ ဆုံးဖြတ်ကြသည်။

      ကျွန်တော့မိတ်ဆွေသာမက ကျွန်တော့အတွက်ရှေ့ ဆောင်လမ်းပြဖြစ်လာမည့် လီဗန်ဗူး နှင့်သူ့ ဇနီး တို့ ဆောင်ရွက်ပုံအကြောင်း ပြောပြရခြင်းအတွက် ကျွန်တော်ဝမ်းသာဂုဏ်ယူလှပါသည်။အဲ့ဒီတစ်နှစ်လုံး  လုပ်ငန်းမှရသောငွေကို တစ်ပြာမျှမကျန်ဟုဆိုရလောက်အောင်စုဆောင်းကြရာ ကျန်ငွေဒေါ်လာ ၉၀၀၀၀  လုံးပေးချေနိုင်လောက်အောင်ရရှိခဲ့သည်။လီတို့ မောင်နှံသည်အကျိုးအမြတ်ရှိလှသောလုပ်ငန်းကြီးတစ်ခု ကို သုံးနှစ်အတွင်းလုံးဝလွတ်လွတ်ကျွတ်ကျွတ်ပိုင်ဆိုင်သွားခဲ့သည်။

      အဲ့ဒီနောက်ပိုင်းကျတော့မှပင် နှစ်ဦးသားမုန့် ဖိုနောက်ဖေးခန်းမှထွက်ကာအိမ်ခန်းတစ်ခုဆီပြောင်းရွေ့ 
နေထိုင်ကြသည်။ယနေ့ တိုင်အောင်လည်းသူတို့ မောင်နှံမှန်မှန်စုဆောင်းကြဆဲဖြစ်သည်။သူတို့ ဝင်ငွေ၏ အလွန်သေးငယ်သောအစိတ်အပိုင်းလောက်ကိုသာသုံးစွဲကြသည်။ဝယ်သမျှ ခြမ်းသမျှတွင်လည်း ကြွေးကပ်  ကိုမသုံး၊ငွေသာဖြင့်ပင်လက်ငင်းပေးခြေရမြဲဖြစ်သည်။

     ဒီကနေ့ ဆိုရင် လီဗန်ဗူတစ်ယောက်သန်းကြွယ်သူဋ္ဌေးဖြစ်လောက်ရောပေါ့ဟု စာဖတ်သူမေးကောင်း
မေးပါမည်။
    ဟုတ်ကဲ့ သန်းပေါင်းများစွာချမ်းသာနေပါပြီဟု ကျွန်တော်ဝမ်းမြောက်ဝမ်းသာ ပြောလိုက်ပါမည်။

[မူရင်း ။    ။John McCormack ၏ Willing to Pay the Price ]
ဖေမြင့် - နှလုံးသားအဟာရရသစာများ တတိယတွဲ မှ ထုတ်ယူဝေမျှခြင်းဖြစ်ပါသည်။

လူတွေမှာ လိုချင်တဲ့ဆန္ဒ တွေရှိကြပါတယ်...
ဘယ်လိုဖြစ်အောင်လုပ်ကြမှာလဲ...
ဘာတွေဖြစ်အောင်လုပ်ကြမှာလဲ...
ဘယ်လိုလုပ်ရမှာလဲ...
ဘာတွေပေးဆပ်နိုင်မှာလဲ...စတဲ့မေးခွန်းတွေကို အရင်စဉ်းစားသင့်ပါတယ်...
အဖြေရပြီဆိုရင်လည်း အဲ့ဒီလိုချင်တဲ့အရာကိုရဖို့ ပေးဆပ်သင့်တာတွေကိုပေးဆပ်ကြရမယ်...
ခြိုးခြံကြရမယ်...ခတ်ခဲပေမဲ့ သည်းခံကြရမယ်...

စီပွားရေလုပ်ငန်းတစ်ခုခုလုပ်ချင်တယ်...အိမ်တွေခြံတွေဝယ်ချင်မယ်...ပညာရှိဖြစ်ချင်တယ်...စသဖြင့်
စိတ်ကူးတွေရှိပြီး အစားကောင်းတော့လည်းစားချင်...လှလှလေးတွေ့ ရင်လည်းဝတ်ချင်...iphone 5,
samsung galaxy s 3 လေးလည်းကိုင်ချင်..ဒါလေးကလည်းလိုချင်တယ်...ဒါလေးကိုလည်းဝယ်ချင်တယ်...
စာဖတ်ရမှာသိပေမဲ့ gameလေးကဆော့ချင်၊chatting လေးလည်းဝင်ချင်...စတဲ့ စိတ်အလိုလိုက်မှုတွေကို
ဦးစားပေးနေသူတွေအတွက် ဘာမှဖြစ်မလာနိုင်ဘူး ဆိုတဲ့ သင်ခန်းစာလည်းရ ၊ရသလည်းရတဲ့ 
ဆောင်းပါးလေးတစ်ပုဒ်လို့ ဖူးထင်ပါတယ်...

ချစ်တဲ့သူငယ်ချင်းများချစ်တဲ့သူနဲ့ ထာဝရပျော်ရွင်နိုင်ပါစေ...

ဖူး





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထာဝရဘ၀လက်တွဲဖော်....

ချစ်တဲ့ ကိုရေ...
အလှအပ ဆိုတာတည်မြဲတဲ့အရာတစ်ခုမဟုတ်ပါဘူး...
အချိန်မရွေးပျက်စီးနေတက်ပါတယ်...
အရာတိုင်းဟာ အချိန်တိုင်းမှာပြောင်းလဲနေနိုင်ပါတယ်ကို...
ဘာတွေဘယ်လိုပဲပြောင်းလဲပါစေ...
မပြောင်းလဲတဲ့ချစ်ခြင်းတွေနဲ့ အတူ...
ကို့ အပေါ် နားလည်မှု၊ယုံကြည်မှု...
ခွင့်လွှတ် သည်းခံမှု ထပ်ပေါင်းပြီး...
ထာဝရအမြဲချစ်နေပါ့မယ်...
ကိုက ဖူးဘ၀ရဲ့ ထာဝရလက်တွဲဖော်ပါ...

I got some infection on my face after Malaysia Trip.



ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS