Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

မုန်းမေ့ရက်ပါဘူး ကိုရယ်

ကိုရေ
တိမ်လွှာတွေလို အပြစ်ကင်း
မြတ်နိုးခြင်းမျိုးနဲ့
ရင်ကွဲမတတ် ချစ်ခဲ့သူပါ
ကေ မြတ်နိုးတဲ့ဒီချစ်ခြင်း
နှောင်ဖွဲ့ခဲ့တဲ့  ရင်ခွင်ထဲ
အဖန်တစ်၇ာကျရှုံး
နှလုံးသားမျက်ရည်တွေစီးဆင်းလည်း
မပျက်သုန်းတဲ့ရင်ခုန်နူန်း
သံသရာဆုံးလည်းကို့ ကို
ချစ်လို့နေမယ်
ချစ်တယ်လို့ အခါခါပြော
ပြီးရင်
ပြင်းထန်တဲ့ စကားလုံးတွေနဲ့
ကေ့ နှလုံးသားကိုအကြိမ်ကြိမ်ထိုးဆွ
နာကျင်စေခဲ့လည်း
ဒဏ်ရာတွေ ဗလပွနဲ့
ခံနိုင်ရည်တွေ ပြိုလဲလုမတက်
ယိုင်လဲနေလည်း
မုန်းမေ့ဖို့ခက်တဲ့
ကေ့နှလုံးသားက
ကို့ ကိုချစ်နေဆဲပဲ
ရိုးသားစွာပြောရရင်
ကို ဟာကေ့ဘဝရဲ့အရှင်သခင်
ကို ရေ
နာကျင်ခဲ့တဲ့နှလုံးသားတွေအတွတ်
အညှိုးတေးဖွဲ့ မုန်းမေ့ရက်ပါဘူး
ဒါပေမယ့်
လေးနက်တဲ့   ကေ့ရဲ့ချစ်ခြင်း
ဖြူစင်ခြင်းတွေကို
ကို.....မြင်တတ်
ကြည့်တတ်
နားလည်တတ်
ခံစားတတ်မယ်ဆို
သိပ်ကောင်းမှာပဲ..........ကိုရယ်



မှတ်ချက်...........သူငယ်ချင်း(kk+ဝင်းကေသီထွန်း) အတွတ်                                                                    သူငယ်ချင်းရဲ့ခံစားချက်လေးကို
                     တစ်ယောက်သောသူသိမယ်ဆိုရင်
                                                   ခံစားနားလည်နိုင်ပါစေ

                                                                    ..........အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မဝေးဘူး

 
လွှမ်းပိုင်ရဲ့ သီချင်းကောင်းလေးပါ...
ဖူးအရမ်းကြိုက်တယ်...
ကိုလည်းကြိုက်မယ်လို့ ထင်တယ်...
အိမ်ကလေးကိုလာလည်တဲ့သူငယ်ချင်းအားလုံးလည်းကြိုက်မယ်လို့ ထင်ပါတယ်...
ဒီထဲမှာ ကောင်လေးကလွမ်းနေသလို ကောင်မလေးကလည်းလွမ်းနေပါတယ်...
 
ဖူး
 

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှစ်ယောက်တစ်အိမ်မက်

ကိုတို့နှစ်ယောက်ရဲ့
နှစ်ယောက်တစ်အိမ်မက်မှာ
ပျော်ရွင်မူတွေရှိသလို
ဝမ်းနည်းမူတွေရှိမယ်
ကြည်နူးမူလေးတွေရှိသလို
စိတ်ညစ်ညူးမူလေးတွေလည်း
အနည်းငယ်ရှိမယ်
ကန္တာရလေးတွေပါသလို
အိုအေစစ်လေးတွေလည်းရှိမှာ
ကိုတို့နှစ်ယောက်ရဲ့ဘဝခရီး
မင်းနဲ့ကိုယ်နဲ့အတူတူ
တွဲလျှောက်စဉ်မှာ
ချစ်သူ....ကိုလေ
မင်းဘေးနားကမခွါ
မင်းရဲ့အနားမှာနေပြီး
တွဲကူမယ့်သူပါ 
အိမ်မက်ဆိုးကလန့်နိုးရင်လည်း
မောပန်းနေတဲ့ေ၇ွှရင်အစုံကို
အေးချမ်းစေဖို့  ရေအေးလေးတစ်ခွက်နဲ့
မင်းရဲ့ရင်ကိုအေးစေမယ့်သူပါ
ချစ်သူလေးရယ်

                 ..................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်သူအတွတ်ချစ်လက်ဆောင်

          ကျွန်တော်နှစ်သက်တဲ့သီချင်းလေးတစ်ပုဒ်ကိုတင်ပေးလိုက်ပါတယ်သူငယ်ချင်းတွေလည်းနှစ်သက်
လိမ့်မယ်လို့ယုံကြည်နေမိတယ်အရမ်းလည်းကောင်းတယ်အရမ်းလည်းအဓိပ္ပါယ်ရှိတဲ့သီချင်းလေးတစ်ပုဒ်ပါ
ချမ်းချမ်းဆိုထားတဲ့(ရှိသည်  ဖြစ်သည်   ချစ်သည်)သီချင်းလေးပါ ကျွန်တော့်ရဲ့ချစ်သူ ဖူးအရမ်းနှစ်သက်တဲ့သီချင်းလေးပေါ့  
                    ...............အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ဆုံးချစ်သူ


စူးရှတဲ့ မျက်ဝန်း
နူးညံ့တဲ့နှုတ်ခမ်းတစ်စုံက
သင်္ကေတတစ်ခုဆိုရင်
ကိုကရင်ခုန်သံ မြန်စေသူ...


အားငယ်ချိန်တိုင်း
ခိုနားခွင့်ရင်ခွင်နဲ့
လက်တွေဆုပ်ကိုင်ထားတဲ့
ကိုကထာဝရအေးချမ်းစေသူ...


အိမ်မက်နဲ့ အတွေးထဲ
ရှာဖွေကြည့်မိ
ကိုက ချစ်ဘ၀ရဲ့ 
တစ်ယောက်တည်းသောသူ...
 

ကိုအကြည့်တွေကြောင့်
မြန်လာတဲ့အသက်ရှုသံ၊
နှုတ်ခမ်းတစ်စုံကြောင့်
ဖြစ်ပေါ်ခဲ့ရင်ခုန်သံတွေနဲ့
အိမ်မက်တွေထဲလွင့်မျောနေခဲ့
သေချာယုံကြည်နေမိတယ်
ကိုကချစ်ဘ၀ရဲ့ အချစ်ဆုံးချစ်သူ...


တန်ဖိုးဆိုတာ
လူ့ သတ်မှတ်ချက်တစ်ခုဆိုရင်
ကိုက ချစ်ဘ၀ရဲ့တန်းဖိုးအရှိဆုံးသူ...


ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တစ်မိုးအောက်

ကမ္ဘာမြေကြီးရဲ့အပေါ
တစ်မိုးအောက်  အတူတူ
ရှင်သန်ခွင့်ရှိနေသရွှေ့
မင်းနဲ့ကိုယ်နဲ့
ဘယ်တော့မှမဝေးဘူး
ခိုင်မြဲသောတွဲလက်တစ်စုံနဲ့
ချစ်ခြင်းတွေ ရှင်သန်ရင်း
ကိုယ်တို့နှစ်ယောက်ရဲ့ကြား
ဘယ်လိုအရာမျိုးမှ
တားဆီးထားလို့မရပါဘူး
ဒီအချိန်မင်းလေးသာ
ကိုယ့်အနားမှာအတူမ၇ှိတာကလွဲလို့
ပျော်ရွင်ခြင်း ဝမ်းနည်းခြင်း
လိုအပ်ခြင်း ပြည့်စုံခြင်း
အားလုံးထပ်တူကျနေမယ်
ချစ်သူရေးကိုယ့်ရင်ထဲက
အလွမ်းတွေကို စာနာနားလည်ပြီး
တစ်မိုးအောက်မှာ
မင်းလေးနဲ့အတူတူ
နေခွင့်ပြုပါနော်...


               
                       ..................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ခွင်တမ်းခြင်း

ကြင်နာတဲ့  အပြုံးတွေ
ခြွေချပြရုံနဲ့ ရင်ခုန်တတ်ခဲ့တာ
ငါရယ်ပါ                     
မင်းနဲ့  ပါတ်သတ်လာလို့ရှိရင်
ငါ့...အခန်းနံရံမှာ
ချိတ်ဆွဲထားတဲ့ အရောင်မရှိတဲ့
ပန်းချီကားတောင် သက်ဝင်လှုပ်ရှား
လှနေလိုက်တာ
ညညဆိုလည်း  လမင်းကြီးရဲ့
အလင်းေ၇ာင်အောက်
သီချင်းတွေဆိုရင်
မင်းရင်ခွင်ကို  လွမ်းတတ်နေပြီး
ချစ်သူရယ်....

        
                    .............အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS