Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ငိုရှိုက်သံ



ငိုရှိုက်သံ
..........................

ကံ့ကော်ပန်းတွေလည်းအခါခါ
ဖူးပွင့်လို့လာခဲ့ပါပြီး
အခုတော့
ကံကောင်းခြင်းတွေတစ်ခါ
ကံဆိုးခြင်းတွေ တစ်လှည့်
ငါ့ကမ္ဘာမှာ အလျှင်းသင့်သလို
ဖွင့်ကြ ..လှစ်ကြ လို့..........

ညနေနေဝင်ရီတယောကလည်း
ပြာရီမှုန်မှိုင်းလို့
“ ဒါနှင်းတွေ မဟုတ်ဘူးကောင်မလေးရဲ့ 
ကောင်းကင်မှာရေငွေ့တွေဖုံးလွမ်းနေတာပါ “
………………………………..
မင်းသိရဲ့လား
ကံ့ကော်ပန်းလေးတွေကလည်း
သူ့ဆီကိုအရောင်သွေးစုံတဲ့
လိပ်ပြာလေးတွေလာနားချိန်ခိုက်
ပင့်သက်ခြွေရင်း ကြွေကျမြေခနေကျရတယ်
…………………………………………….
အခုချိန်ဆိုရင်
ကမ္ဘာမြေရဲ့ တနေရာ မှာ နေ၀င်နေပြီ ထင်ပေါ့
………………………………...........
........................

ဒီအချိန်…………
မင်းမကြားမိလိုက်တာက…..
…………………………………………
ဟိုးမင်း ရဲ့ အဝေးကလူတစ်ယောက်ရဲ့
ငိုရှိုက်သံ ဖြစ်တယ်

................................
 — feeling sad.

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment