Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ထာဝရချစ်သူငယ်ချင်းများသို့............



ထာဝရချစ်သူငယ်ချင်းများသို့
.................................................

အော် အခုတော့လည်း
ခွဲခွါခဲ့ ရတဲ့ သံယောဇဉ်တွေနဲ့
လွမ်းရတဲ့နေ့ရက်လေးတွေ
ဟိုး အရင်က
သူငယ်ချင်း တွေနဲ့ 
လှပတဲ့မြစ်ဧရာရဲ့
ပုဇွန်ဆီရောင်ညနေခင်းတွေ
ငါ့ဘ၀အတွက် ခက်ခက်ခဲခဲ
ပင့်သက်တချက်ရိုက်ခတ်မိတိုင်း
အဲ့ဒီပြည့်စုံလှပတဲ့
သူငယ်ချင်းချစ်ခြင်းတွေအကြောင်း
ငါ ပြန်တွေးရင်း ရင်ကိုနွေးထွေးတယ်
ခွဲခွါခဲ့ရပေမယ့်
တို့ တတွေဟာ မကွဲကွာခဲ့ကြဘူး
ငါတို့ အတူဖြတ်သန်းခဲ့ကျတဲ့
မမေ့နိုင်တဲ့ပျော်ရွင်စရာနေ့ရက်လေးတွေ
ဟော့ဒီ ငါ့နှလုံးသားထဲမှာ
ထာဝရ
အမြဲသိမ်းဆည်းထားခဲ့တယ်
တကယ်တော့ အခုချိန်မှာ
ငါပိုင်ဆိုင်တော့တာဆိုလို့ 
နင်တို့ ငါ့အပေါ်ထားတဲ့ချစ်ခြင်းတွေရယ်
ငါ နင်တို့ အပေါ်ထားတဲ့ လေးနက်ခြင်းတွေက
နက်ရှိုင်းလွန်းလို့ ငါတို့တွေကြား
အရမ်းကိုအဓိပ္ပါယ်တွေနဲ့ပြည့်ဝခဲ့တယ်
ဘယ်လိုပဲဖြစ်ဖြစ်
ငါတို့ သူငယ်ချင်းတွေဆိုတာ
ဟိုး မိုင်ပေါင်းထောင်ချီ တစ်ယောက်တစ်နေရာ
ဝေးကွာနေလည်း ငါတို့အားလုံးရဲ့ရင်ထဲမှာ
နွေးထွေးတဲ့နှလုံးသွေးတွေ
တသွေးတည်း ၊တသားတည်း
အစဉ် စီးဆင်းနေခဲ့ ကြစမြဲပါပဲ
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment