အခုတစ်လော
ရာသီဥတုကလည်းဖောက်ပြန်
ကမ္ဘာပြိုမယ့် အတွေးများစွာနဲ့
ထိတ်လန့်တုန်လှုပ်ခဲ့တဲ့
ငါ့ရဲ့ နှလုံးသားကိုမင်းနားလည်ပေးပါ
ငါ့ရဲ့ ကဗျာမှာအမည်မပါပေမဲ့
ငါ့ေ၇းနေတဲ့ကဗျာတစ်ပုဒ်လုံးရဲ့
အသွေးအသားဟာ မင်းပါပဲ
တူနှစ်ကိုယ်ဘဝကိုရင်ဆိုင်ဖို့
အိမ်ယာထူထောင်တော့မယ်ဆိုတော့လည်
လက်ဆုပ်လက်ကိုင်နဲ့ ဘဝကို
ရင်ဆိုင်ပြစရာက တစ်ချို့တစ်ဝက်
ပီပီပြင်ပြင်
ချစ်မြတ်နိုးတဲ့
ကို ရေ လို့ခေါ်လိုက်တဲ့အခိုက်
အရင်လိုမျိုး ချစ်မိုးမစွေတော့မှာကို
မေ့ရင်မှာ စိုးထိတ်လို့နေမိတယ်..........
.................
1 comments:
ငါ့ရဲ့ ကဗျာမှာအမည်မပါပေမဲ့
ငါ့ေ၇းနေတဲ့ကဗျာတစ်ပုဒ်လုံးရဲ့
အသွေးအသားဟာ မင်းပါပဲ .....
အဲ့နားလေး အရမ်းမိုက်တယ် :)
ဒါထက် ဖူးရေ..ငါ ရေးနေတဲ့ လို့ပြင်လိုက်ပါနော်
ငါ့ မဟုတ်ဘူးနော်...ဆရာလုပ်တာမဟုတ်ဘူးနော်
ပိုကောင်းစေချင်လို့ပါ :)
မတွေ့ရတာလဲ အရမ်းကြာနေပြီ...
သတိလဲ အရမ်းရနေပါတယ်နော် နှစ်ယောက်စလုံးကို
ခင်တဲ့...မိုးနတ်ကြယ်စင်
Post a Comment