Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

နှလုံးသားမှ စကားသံ


ရင်ထဲမှာ မွန်းကြပ်တယ်...
တွေဝေနေမိတယ်...
 သူ မှာ စစ်ဗိုလ်တွေလို ဂုဏ်မရှိဘူး...
         ဆရာဝန်တွေလို ပညာမတက်ဘူး...
         လုပ်ငန်းရှင်တွေလို မချမ်းသာဘူး...
 ဒါပေမဲ့
သူ ကျမကို အရမ်းကိုချစ်တယ်ဆိုတာ ကျမယုံကြည်တယ်။
သူ ကျမကို ယုယကြင်နာပြီး နားလည်မှုအပြည့်ပေးတက်တယ်။
သူ ကျမအတွက် အချိန်တွေအမြဲ အဆင်သင့် ဖြစ်နေတက်တယ်။

သူနဲ့ ပတ်သတ်သော ကျမရင်ထဲကအမှတ်တရများ
 အာရုဏ်ဦး နဲ့  သူ့ နှိုးသံ

သူ နဲ့ ကျမက တစ်နိုင်ငံစီခြားနေရတဲ့ ချစ်သူတွေပါ။ ကျမက မနက်ဆိုရင် ၅း၃၀ အိပ်ယာထရတယ်။ သူက ကျမကို မနက်တိုင်း မပြတ်မကွက် အိပ်ယာနှိုးပေးခဲ့တာ ခုထိပဲပေါ့။ သူ မနက်တိုင်းပြောတက်တဲ့ "ချစ်လေးထတော့..ဂျူတီဆင်းရမယ်လေ.. အိပ်ပုပ်မကြီးနဲ့ .. " ဆိုတဲ့ စကားလေးတွေကို ကျမစွဲလန်းမိတယ်။ တွေ့ စ၊ခင်စ၊ကြင်နာစ မှာ ဂရုစိုက်ကြတာ သဘာဝပါ။ သူက သူနဲ့ ကျမ ချစ်လာခဲ့တဲ့ နှစ်နှစ်တာကာလတလျှောက်လုံး ဘာလို့  မမေ့မလျော့ နှိုးခဲ့တာလဲ ။ သူရော မအိပ်ချင်ဘူးလား ။ ကျမယုံကြည်တယ် သူ ကျမကို သိပ်ချစ်သိပ်မြတ်နိုးတယ် ဆိုတာကိုပေါ့ ။ ခုချိန်ထိ ကျမကို ဂရုစိုက်တက်တဲ့
သူကို ကျမ သိပ်ချစ်တယ်။

အချစ်ဦး ပါလို့ မ၀န်ခံခဲ့ဘူးတဲ့ ကျမရဲ့ အချစ်ဆုံးချစ်သူ

သူကအချစ်ဦးပါလို့ ကျမမ၀န်ခံခဲ့ဘူးပါဘူး။ ကျမတွေဘူးတဲ့ လူတွေက တွေ့ စ မှာ ဂရုစိုက်ကြ၊ ကြင်နာကြတယ်။ တဖြည်းဖြည်းနဲ့  ဖုန်းဆက်ရင်မအား၊ မဖြေချင် ၊ကိုယ်ဆီကိုလည်း မဆက်သွယ် တဆတဆနဲ့ ပျောက်ကွယ်ကုန်ကြတယ်။ စိတ်ပျက်တာလား စိတ်ကုန်တာလားမသိပေမဲ့ ဘယ်သူ့ ကိုမှ ရန်ရှာအပြစ်မတင်ခဲ့ပါ။ ဘယ်လိုလူမှ ပြီးပြည့်စုံနိုင်တာ(perfect) မှမဟုတ်တာ။ ဒါပေမဲ့ ကျမသိပ်ချစ်ရတဲ့ ကျမချစ်သူက နှစ်နှစ်ဆိုတဲ့ကာလမှ တစ်ရက်လေးတောင်ကျမနဲ့ အဆက်အသွယ်ပျက်မခံခဲ့ပါဘူး။ အလုပ်မအားတဲ့ကြားက မနက်ဖုန်းဆက်နှိုး ၊နေ့ ခင်း ထမင်းစားဖို့ ၊ညနေတွေမှာလည်းရေချိုးထမင်းစားဖို့  တစ်နေ့ ကို အနည်းဆုံး ၃ကြိမ်လောက် သူဖုန်းဆက်ပြီး ပြောလေ့ရှိသလို ၊ ရေသောက်နည်းတဲ့ကျမကို
ရေသောက်ဖို့ အမြဲတတွက်တွက် မှာတက် သတိပေးတက်တယ်။ သူကကောကျမအပေါ်မငြီးငွေ့ ဘူးလား။ ကျမ မှာရှိတဲ့အားနည်းချက်တွေအပေါ်စိတ်မညစ်ဘူးလား။ သူ နဲ့ ကျမ နိုင်ငံတွေခြားပါတယ်။ ဘာကြောင့်စိတ်ချင်းက နီးနေရတာလဲ ။ သူ့ ဂရုစိုက်မှုတွေကြောင့် ကျမဘ၀မှာ သူမရှိရင် မဖြစ်တော့သလို သူကို စွဲလန်းမိတယ် ။ သူက ကျမဘ၀ရဲ့ အချစ်ဆုံးချစ်သူပါ။

ပင်ပင်ပန်းပန်း နဲ့ ကျမအတွက်ကြိုးစားနေတဲ့ကျမ ချစ်သူ

ခုဆို သူအလုပ်တွေ ပင်ပင်ပန်းပန်းလုပ်နေတယ်။သူ့ စိတ်ထဲမှာ ကျမနဲ့ တူတူနေနိုင်ဖို့ ကြိုးစားနေတယ်။
နေ့ မအား ညမအား ကြိုးစားနေရတဲ့သူ့ မှာ အိပ်ချိန်တွေလည်း နည်းလာတယ်။ သူကြိုးစားနေတာကို ကျမအသိအမှတ်ပြုသလို သူ့ အပေါ် ပိုပြီးချစ်ခင်လေးစားမိတယ်။ သူက ကျမ လေးစားချစ်ခင်ရတဲ့ ကျမချစ်သူပါ။

လူ့ ပတ်ဝန်းကျင်းအသိုင်းအ၀ိုင်း နဲ့ အနာဂတ်ချစ်ခြင်းတရား

လောကမှာ လူတွေ၊ အသိုင်းအ၀ိုင်းတွေ ၊မိဘဆွမျိုးသားချင်းတွေ သူတို့ ရဲ့ ရိုက်ခတ်မှုတွေကလည်း ဒဏ်ပြင်းပါတယ်။ "ဘယ်သူတွေက ဘယ်လို ? ဘယ်လို လူမျိုး ? " ဆိုတဲ့ ဂုဏ်ပြိုင်တုဖတ်မှုတွေ၊ "ဘယ်လောက်ပိုက်ဆံရှိတယ် ၊ ဘယ်လောက်ပညာတက်တယ်" ဆိုတဲ့ ပြိုင်ဆိုင်မှုတွေကို စကားလုံးလှလှလေးတွေသုံးပြီး  ဘာလို့  ကျမကိုဝိုင်းဝန်းဖိနှက်နေရတာလဲ။
 
"ဂုဏ်ရှိတာမကောင်းဘူးလား? ကောင်းတာပေါ့။ ဒါပေမဲ့သူတို့ မှာမိသားစုကိုပေးဖို့ အချိန်မရှိဘူး။
ငွေရှိတာမကောင်းဘူးလား? ကောင်းတာပေါ့။ ဒါပေမဲ့ သူတို့ မှာ အကြင်နာ၊မေတ္တာမရှိဘူး။
ပညာတက်တာမကောင်းဘူးလား?ကောင်းတာပေါ့ ။ ဒါပေမဲ့ ဘွဲ့ လေးတစ်ဘွဲ့ သာရတဲ့သူကို သာမာန်ဘွဲ့ လေးနဲ့ ဘာလုပ်စားလို့ ရမှာလဲ ?ဆိုတဲ့မေးခွန်းတွေမမေးစေချင်ဘူး။
(လူတိုင်းကိုမဆိုလိုပါ။များသောအားဖြင့်)"

ကျမ ဘ၀ရဲ့ အနာဂတ်တစ်လျှောက်မှာ 
ကျမရဲ့ ချစ်သူ(သူ့ )လို အဲ့ဒီလိုလူမျိုးတွေကျမကိုတကယ်ချစ်ကြမှာလား ?
သူ့ လို ကျမရဲ့ အားနည်းချက်တွေကို နားလည်ခွင့်လွတ်ပေးနိုင်မှာလား?
သူ့ လို ကျမ ကို ယုံကြည်ပေးနိုင်မှာလား?
သူ့ လို ကျမ ကို အလိုက်တသိ နဲ့ အရာရာ အရိပ်တကြည့်ကြည့်ရှိနေပေးမှာလား?
သူ့ လို ကျမ တစ်ယောက်တည်းကိုပဲ အချိန်ပေးပြီး သစ္စာရှိရှိချစ်နေနိုင်မှာလား?
သူ့ လို ကျမကို အမြဲ ယုယကြင်နာမှာလား?

ကျမ ဘ၀မှာ သူပေးခဲ့တဲ့ မေတ္တာတွေ၊အကြင်နာတွေ၊ချစ်ခြင်းမေတ္တာတွေကြောင့် ဘယ်လိုအခတ်အခဲတွေ ရှိပါစေ သူနဲ့ အတူ ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ အင်အားတွေအပြည့်ရှိနေခဲ့ပါပြီ။ 
ကျမလိုအပ်တာ သူရဲ့ အားပေးသံ...
ကျမ တန်ဖိုးထားတာ ပျော်ရွင်ချိန်မှာ တူတူတွဲလျှောက်ခဲ့တဲ့ တွဲလက်တွေ...
ကျမ လေးစားတာ အားငယ်ဝမ်းနည်းချိန်တိုင်း အဆင်သင့်ရှိနေတက်တဲ့ သူရဲ့ ပုခုံးတစ်ဖတ်...
သူကသာ ကျမရဲ့ အနာဂတ်အတွက် ချစ်ခြင်းတရားတွေကိုဆောင်ယူလာတဲ့ ကျမရဲ့ အချစ်ဆုံးချစ်သူ...


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

မိုးနတ်ကြယ်စင် said...

Ohh !!!
Very Romantic :))

အားကျလိုက်ပါဘိတော့ ဖူးရယ်....
ဖူးကိုကို ကိုလဲ ပိုပြီး လေးစားခင်မင်သွားတယ်...
ဖူးကိုယ်စားလဲ အဲလိုချစ်သူရှိတာ ဂုဏ်ယူမိတယ် ......
ဖူးချစ်သူအပေါ်ထားတဲ့ ဖူးရဲ့ ယုံကြည်ကိုးစားမှုရယ်....
ဖူးချစ်သူက ဖူးအပေါ်ထားတဲ့ စေတနာမေတ္တာတရားရယ်...
အားလုံးကို အရမ်းလေးစားတန်ဖိုးထားမိတယ် ...:)
ချစ်နိုင်ကြပါစေနော် သယ်ရင်းတို့ရေ...
ခင်တဲ့....မိုးနတ်

Post a Comment