မေ(၇)ရက်နေ့ က ဖူးအရမ်းချစ်ရတဲ့ ချစ်သူနဲ့ ပထမဆုံးတွေ့ ခဲ့တဲ့ ဖူးဘ၀ရဲ့ အမှတ်တရနေ့လေးပေါ့...
ပန်းချီကားလေးကိုအဝေးကကြည့်ရင် ဆွဲထားတာလို့ထင်ရပေမဲ့ တကယ်တော့ ပန်းချီအပိုင်းသေးသေးလေးတွေကို တစ်စစီပြန်ဆက်ပြီးမှအရမ်းလှတဲ့ပန်ချီကားလေးဖြစ်လာရတာ...
ပန်းချီကားလေးအတွက်ကိုက အိပ်ရေးပျက်ခံပြီး ပင်ပင်ပန်းပန်းလုပ်ပေးခဲ့ရတယ်...
ဒီပန်းချီကားလေးအတွက် ကိုထမင်းတစ်နပ်ငတ်ခဲ့ရတယ်...
ကိုက ဒီလက်ဆောင်ကို ဖူးကိုပေးခဲ့တာမဟုတ်ပါဘူး....
ဖူးရဲ့ နှလုံးသားကိုပေးခဲ့တာပါ...
ဒီလက်ဆောင်ကဖူးဘ၀မှာတန်ဖိုး မဖြတ်နိုင်တဲ့ကိုရဲ့လက်ဆောင်ပါ...
ကိုနဲ့ ဖူးနဲ့ ပထမဆုံးတွေ့ တဲ့နေ့ မှာ ကို့ ရင်ထဲကစေတနာ၊မေတ္တာတွေနဲ့  ကို ကိုယ်တိုင်လုပ်ပေးခဲ့တဲ့ ဒီပန်းချီကားက ဖူးအတွက်အားပါ...
ပန်းချီကားထဲကကောင်လေးကကောင်မလေးကိုဖတ်ပြီးအားပေးနေတယ်...
ကောင်မလေးကလည်း ကောင်လေးကိုမှီထားတယ်...
ပန်းချီကားထဲကလိုပဲ ကိုကဖူးအတွက်အားကိုရာ၊မှီခိုရာပါ...
ဖူးဝမ်းနည်းအားငယ်ချိန်တိုင်းမှာကိုကအမြဲဖူးကိုအားပေးတက်တယ်...
ကိုကဖူးနားမှာမရှိပေမဲ့ ဒီပန်းချီကားကိုကြည့်တိုင်း ကိုကဖူးနားမှာအမြဲ အားပေးနေသလိုပါပဲ...
ကိုဖူးကိုဘယ်လောက်ချစ်တယ်ဆိုတာ ဖူးသိပါတယ်...ဖူးလည်းကို့ ကိုအရမ်းချစ်ပါတယ်...
ကိုက ဖူးဘ၀ရဲ့ အလေးအနက်အထားရဆုံး ချစ်သူပါ...
ဖူး
2 comments:
အားကျပါရဲ့.. ဖူးရေ.. ထာဝရအချစ်တွေ သက်ဆုံးတိုင် တည်မြဲပါစေ ဖူး.. ရင်ထဲကလာတဲ့ ဆုပေးမှုနဲ့ပါ..။
ချစ်နိုင်ကြပါစေသော်ဝ်..
Post a Comment