လတိုင်းလတိုင်းရဲ့၁၄ရက်နေ့မှာရှိတဲ့ထူးခြားချက်လေးတွေပါ...
လတိုင်းရဲ့၁၄ရက်နေ့လေးတွေမှာကိုယ့်ချစ်သူကို
ဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာသိရအောင်လို့ပါ...
ချစ်သူကိုလက်ဆောင်လေးတွေပေးရင်းပျော်ရွင်နိုင်ကြစေဖို့ရည်ရွယ်လိုက်ပါတယ်...
1. January 14th "Diary Day"
နှစ်သစ်တစ်ခုရဲ့အစပိုင်းလဖြစ်တဲ့အတွက်အထိမ်းအမှတ်အနေ
နဲ့အပြန်အလှန်ချစ်စာလေးတွေရေးဖို
့ဒိုင်ယာရီလက်ဆောင်ပေးသင့်ပါတယ်။
2. February 14th "Valentine Day"
ကိုယ်ချစ်တဲ့သူကိုချောကလက်လေးတွေနဲ့နှင်းဆီပန်းလှလှလေးတွေပေးပို့လေ့ရှိပါတယ်
။ချစ်သူများအတွက်
ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ
။"ချစ်သူများနေ့"လို့တင်စားခေါ်ဝေါ်တဲ့နေ့လေးတစ်နေ့ပေါ့။
3. March 14th "White Day"
ယောကျာ်းတွေကသူတို့ချစ်ရတဲ့ချစ်သူကိုသကြားလုံးသို့မဟုတ်နှစ်သက်ရာ
လက်ဆောင်လေးတွေပေး
ကြတာပါ။
4. April 14th " Black Day"
အနက်ရောင်နေ့လို့ခေါ်ပြီးချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက်နေ့လေးတစ်နေ့ပါ။
စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီးတစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကျပါတယ်။
ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။
5. May 14th "Rose Day"
နှင်းဆီများနေ့မှာတော့ချစ်သူကိုနှင်းဆီပန်းလက်ဆောင်ပေးလေ့ရှိပါတယ်
။ယောကျာင်္းတွေက
ချစ်ရသူမိန်းခလေးကိုနှင်းဆီပန်းတွေပေးပြီး
သူ့အချစ်ကိုဖေါ်ပြတဲ့နေ့တစ်နေ့ပါ။
6. June 14th "Kiss Day"
အနမ်းများနေ့ကတော့သိပ်မကောင်းပါဘူး။
သူတို့ယဉ်ကျေးမှုမှာတော့ကိုယ်နဲ့တွေ့တဲ့၊သိတဲ
့ ကိုယ့်အသိအားလုံးကိုနမ်းလို့ရပါတယ်။
ချစ်သူကခွင့်ပြုတယ်ဆိုရင်ပေါ့...p;p;p;
7. July 14th "Silver Day"
ချစ်သူစုံတွဲတွေ၊သူငယ်ချင်းတွေ
၊ဒီနေ့မှာငွေထည်များလက်ဆောင်ပေးလေ့ရှိပါတယ်။
8. August 14th ""Green Day"
အစိမ်းရောင်နေ့မှာတော့ချစ်သူစုံတွဲတွေသဘာဝအလှအပများရှိရာနေရာကို
အလည်အပတ်သွားပြီးသာယာစွာဒီနေ့ရက်ကိုကုန်ဆုံးကြပါတယ်။
9. September 14th "Photo Day"
ချစ်သူတွေအချင်းချင်းအဲဒီနေ့မှာဓါတ်ပုံလှလှလေးတွေရိုက်ပြီး
အချင်းချင်းအမှတ်တရအနေနဲ
့အပြန်အလှန်ပေးကြပါတယ်။
10. October 14th "Wine Day"
ဒီနေ့မှာကိုယ့်ရင်ထဲကအချစ်ဆုံးသူနဲ့ဝိုင်အတူတူသောက်ပြီးကြည်ကြည်နုးနူး စကားလေးတွေသီကျူးကြတဲ့နေ့လေးပါ။
11. November 14th "Movie Day"
ဒီနေ့မှာတော့ချစ်သူစုံတွဲတွေအချစ်ဇာတ်လမ်းလှလှလေးတွေ
အတူတူသွားကြည့်ကြတဲ့နေ့ပါ။
12. December 14th "Hug Day"
နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်သလိုအေးချမ်းလှတဲ့ဒီလိုဒီဇင်ဘာလမှာ
ကိုယ့်ချစ်သူကိုနွေးထွေးမှု
အပြည့်ပေးတဲ့ အနေနဲ့ကြင်ကြင်နာနာပွေ့ဖက်ပြီး
ချမ်းအေးမှုကိုဖြတ်ကျော်တဲ့နေ့တစ်နေ့ပါ။
ချစ်သူတိုင်းနေ့ရက်တိုင်းဆီမှာရင်ခုန်ခြင်း၊ပျော်ရွှင်ခြင်း
၊ကဗျာဆန်ခြင်းများစွာနဲ့ထာဝရအထိချစ်နိုင်ကြပါစေ....
(ဖတ်မိတာလေးကိုပြန်လည်မျှဝေတာပါ)
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
1 comments:
ရှာတတ်လိုက်တာဗျာ...
ကျွန်တော်တော့ခုမှ ဖတ်ဖူးတော့တယ်...:-)
Post a Comment