ဒါလေးက ဖူးတန်ဖိုးထားရတဲ့ ပစ္စည်းလေးနောက်တစ်ခုပေါ့...ချစ်သူများနေ့ မှာ ကို့ က ဖူးကို လက်ဆောင်ပေးခဲ့တာ...ဖူးအနားမှာ အမြဲရှိမဲ့အရာလေးကိုရွေးခဲ့တာပေါ့...ဖူးရဲ့ အချိန်တိုင်းကိုနာရီလေးနဲ့ အတူဖြတ်သန်းတယ်... ဘယ်အချိန်ရှိပြီလည်းဆိုပြီးနာရီကြည့်တိုင်း ချစ်သူကိုသတိရတယ်...
ဖူးနှလုံးသားထဲကအကြင်နာ၊ရင်ထဲကမေတ္တာတွေနဲ့အတူ ကို့ ကိုအရမ်းချစ်တယ်... ကို့ ကဖူးဘ၀ရဲ့အချစ်ရဆုံးပဲ... ကို့ကိုအမြဲအားပေးနေချင်တယ်...ကို့ နားမှာပဲအမြဲရှိချင်တယ်... ကို့ ကိုအမြဲပျော်ပြီးစိတ်ချမ်းသာစေချင်တယ်... ဖူးပျော်ရွင်ချိန်မှာ ကိုနဲ့တူတူလက်တွဲပြီးဘ၀ကိုဖြတ်သန်းမယ်... ဖူးဝမ်းနည်းချိန်မှာကို့ ရင်ခွင်ထဲမှာနေခွင့်ရချင်တယ်...
ချစ်သူများနေ့ ကစပြီး ယုံကြည်နားလည်မှုတွေနဲ့ ဘ၀ရဲ့နေ့ သစ်တွေကို ဖူး နဲ့ ကို အတူတူဖြတ်သန်းကြမယ်...
ဖူးနှလုံးသားထဲက ဖူးဘ၀ရဲ့ နောက်ဆုံးထွက်သက်အထိ ကို့ အချစ်တွေနဲ့အတူတူ ကို့ ရင်ခွင်ထဲမှာ
ရှင်သန်နေမယ်..ချစ်သူများနေ့ အမှတ်တရလက်ဆောင်နာရီလေးနဲ့အတူ မိနစ်တိုင်း၊စက္ကန့် တိုင်း အရမ်းသတိရတယ်...အရမ်းလည်းချစ်တယ်...အရမ်းလည်းလွမ်းတယ် ချစ်သူရယ်.....
ဖူး
0 comments:
Post a Comment