ချစ်သူငယ်ချင်း သည်းဆုရဲ့  ၂၃ နှစ်ပြည့်မွေးနေ့ မှာ
လိုအင်ဆန္ဒအားလုံးပြည့်စုံပြီး ဘ၀တလျှောက်လုံး အောင်မြင်မှုများ ရရှိနိုင်ပါစေ...
ဖြစ်ချင်တာနဲ့ ဖြစ်နေတာနဲ့တစ်ထပ်လည်းကျပါစေလို့  ဖူးဆုတောင်းပေးလိုက်ပါတယ်...
Happy Birthday သည်းဆု
မွေးနေ့မှာသူငယ်ချင်းတွေအတူရှိမနေပေမဲ့အတူရှိခဲ့တဲ့အဖြစ်အပျက်လေးတွေကိုသတိရရင်းလွမ်းနေမိတယ်..
မှတ်မီဦးမလား သူငယ်ချင်းတို့ရေ...
မိုးထဲက တစ်ညနေ
မိုးကာတွေဖယ် ဆိုင်ကယ်လျှောက်စီး
စိုရွှဲရေနဲ့ ကော်ဖီသောက်ခဲ့
သရ၀ဏ် ဆိုင်ကိုလွမ်းတယ်...
တွေးမိတိုင်း ရီနေမိတယ်...
အကြော်စား၊တံတားသွားဖို့ 
ဆိုင်ကယ်ကမလောက်၊
၃ ယောက်စီး ၊ဦးထုပ်မပါ နဲ့ 
ဘဲဥဖမ်းလို့  စပ်ဖြဲဖြဲငိုပြ
ဝှီးတက်ပြန်ယူခဲ့ ရတဲ့
တောင်ပေါ်လမ်းကိုလွမ်းတယ်..
ရေသန့်တစ်ဘူးနဲ့ သီချင်းဆိုခဲ့တဲ့
စားသောက်ဆိုင်...
ဗိုက်ချောင်အောင် လမ်းပတ်လျှောက်စားခဲ့တဲ့ 
နောင်ရိုး နဲ့ မန်းဆန်သူ...
ဂဏန်းတစ်ကောင်ကို အမဲဝိုင်းဖြတ်ခဲ့ကြတဲ့ 
IDEA...
ငါသတိရနေဆဲပါပဲ....
အသည်းကွဲသူအတွက်ရည်ရွယ်ခဲ့တဲ့
New Year ည...
သူငယ်ချင်းငါးယောက်တူတူအိပ်ခဲ့ကြတဲ့
TWY+KTH လက်မှတ်ထိုးတဲ့ ည...
ငါ့မွေးနေ့မှာ ပိုက်ဆံတွေချပြီး
ကောက်သူလိုက်ချောင်းခဲ့ရတဲ့ ဘ၀...
အသည်းသကြားလုံးတွေ
စက်ဘီး၊ဆိုင်ကယ်တွေမှာလိုက်ကပ်ခဲ့တဲ့
ကျောင်းသူဘ၀...
ငါအားလုံးကိုအရမ်းလွမ်းတယ်ဟာ...
တစ်နေ့မှာ ငါတို့သူငယ်ချင်းငါးယောက်အတူတူပြန်ဆုံကြမယ်နော်....
သူငယ်ချင်းအားလုံးကိုသတိရလျှက်
ဖူး
2 comments:
လွမ်းစရာ ပိုစ့်လေး.. ကိုယ့်သူငယ်ချင်းတွေကိုတောင် လွမ်းမိသွားပြီရှင်.. :(
အရမ်းလွမ်းသွားတယ်ညီလေးရေ
မျက်ရည်တောင်ကျခဲ့တယ်လွမ်းစရာပို့စ်လေးက
ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Post a Comment