Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

မွေးနေ့ ဆုတောင်း

သူငယ်ချင်းသတ်ဝတ်ရည်ရဲ့ ၂၃ နှစ်ပြည့်မွေးနေ့ မှစပြီး နောက်နှစ်ပေါင်းများစွာတိုင်
လိုအင်ဆန္ဒအားလုံးပြည့်ဝပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ နဲ့ ပျော်ရွင်နိုင်ပါစေ...

 

သူငယ်ချင်းရေ
ငါတို့ တွေ တစ်ယောက်အခတ်အခဲဖြစ်တိုင်းမှာ
တူတူတိုင်ပင်စဉ်းစားပေခဲ့တဲ့အချိန်တွေ
ဝမ်းသာစရာရှိတိုင်း တူတူပျော်ရွင်ခဲ့ချိန်တွေ
မွေးနေ့ ရောက်တိုင်းတူတူလျှောက်သွားခဲ့တာတွေ
သတိရမိတယ်...

မွေး  ရက်တွေမတူပေမဲ့
နေ့  ရက်တွေတိုင်းတူတူရှိခဲ့တဲ့ ချိန်တွေကိုလွမ်းမိတယ်...
မှာ  စကားတစ်ခု အနေနဲ့ ပြောပါရစေ...မှတ်မိဦးမလား...
ပျော်  ပျော်ရွင်ရွင် ဒံပေါက်စားခဲ့ပြီး ကိုသီဟကို ဘုရာဖူးလိုက်ပို့ ခဲ့တဲ့ ကန်ကြီးထောင့်ဘုရားရင်ပြင်...
ရွှင်  မြူးစရာတွေနဲ့ တူတူပျော်ခဲ့ကြတဲ့ ကျောင်းသူဘ၀မှာ
ပါ  လာတဲ့ မုန့် ဖိုးလေးတွေနဲ့ ထိုင်ခဲ့ကြတဲ့၊ sundayတိုင်းဆုံမှတ် သရ၀ဏ်...ကိုရောက်ခဲ့ရင်
       ဖူးလေးနဲ့ ငယ်လေးကို သတိရပေးပါ..........
စေ  တနာနဲ့ ကျွေးခဲ့တဲ့ Royal lake မှာလို ဒီနှစ်october 13 မှာမစားရပေမဲ့
ချစ်သူငယ်ချင်းအတွက်ဆုတောင်းပေးလိုက်ပါတယ်...

မွေးနေ့ မှာပျော်ရွင်ပါစေ...

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိုင်တိုင်အမှတ် ...၂၃

ခါးသီးတဲ့လောကဒဏ်ကိုအန်တုရင်း
ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်လမ်းကိုယ်လျှောက်လို့
သူငယ်ချင်းတွေနဲ့အတူတူပျော်ရွင်ခဲ့တဲ့
နေ့ရက်တွေကိုပြန်ပြောတိုင်း
ဂုဏ်ယူဝင့်ကြွားတဲ့သူ
နေ့ရက်တွေက  ဘာမှမဟုတ်သလိုနဲ့
မင်းရဲ့ အသက်  ၂၃  နှစ်ပြည့်ခဲ့ပြီးပဲ
ဖြူစင်တဲ့ စိတ်ဓါတ်
မာန်မာနတွေကင်းတဲ့
သူငယ်ချင်းတစ်ယောက်
သူငယ်ချင်းချစ်တဲ့ ဘဝလက်တွဲဖော်နဲ့
သူငယ်ချင်းေ၇ာက်ချင်တဲ့
ပန်းတိုင်ကို  ဘေးရန်ကင်းစွာနဲ့
လျှောက်လှမ်းနိုင်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်
      
     (   ၁၃.၁၀.၂၀၁၂)မှာကျေ၇ာက်မဲ့သူငယ်ချင်းသက်ဝတ်ရည်
အတွတ်အမှတ်တရလက်ဆောင်
   

          .........................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှင်းဆီတစ်ပွင့် ၏ နက်ရှိုင်းမှု

သူငယ်ချင်းတို့ ရေ...
သူငယ်ချင်းတို့ က ကို့ ရင်ထဲမှာနှစ်သက်မြတ်နိုးရတဲ့ ချစ်သူကိုပဲဖြစ်ဖြစ်၊ သူငယ်ချင်းကိုပဲဖြစ်ဖြစ်
နှင်းဆီတစ်ပွင့်ထဲပေးတဲ့အခါမှာလည်း ကိုပေးတဲ့နှင်းဆီပွင့် လေးကတစ်ပွင့် တည်းပေမဲ့ နက်ရှိုင်းတဲ့အဓိပ္ပါယ်ရှိပါတယ်...

အနီရောင်နှင်းဆီတစ်ပွင့် (Single Red Rose)

 
A single red rose says: "I love you" ,"You are the one for me"
ကိုရင်ထဲကတစ်ယောက်တည်းသောသူအတွက် ကိုချစ်တဲ့ အကြောင်းတွေကိုပြောချင်တယ်ဆိုရင် အနီရောင်နှင်းဆီပွင့်လေးက ပြောပြပေးပါလိမ့်မယ်...
 
အ၀ါရောင်နှင်းဆီတစ်ပွင့်(Single Yellow Rose)
 
 

A single yellow rose says: "You bring joy to my life" "Let's be friends"
မင်းကငါ့ဘ၀ထဲကိုပျော်ရွင်ခြင်းတွေယူလာတယ်... သူငယ်ချင်းဖွဲကျစို့ ... ဆိုတဲ့အဓိပ္ပါယ်တွေကိုတော့
အ၀ါရောင်နှင်းဆီပွင့်လေးက သင့်သူငယ်ချင်းကိုပြောပေးပါလိမ့်မယ်...
 
ပန်းရောင်နှင်းဆီတစ်ပွင့်(Single pink rose)
 
 

A single pink rose says: "I like you"
ပန်းရောင်နှင်းဆီပွင့်လေးက ငါမင်းကိုကြိုက်တယ် ဆိုတဲ့အဓိပ္ပါယ်ပါပဲ...
 
လိမ္မော်ရောင်နှင်းဆီတစ်ပွင့်(Single orange Rose)
 
 
 
A single orange rose says: "I am proud of you" 
လိမ္မော်ရောင်နှင်းဆီလေးက မင်းအတွက်ငါဂုဏ်ယူတယ် ဆိုတဲ့အဓိပ္ပါယ်ပါပဲ...

ခရမ်းနုရောင်နှင်းဆီတစ်ပွင့်(Single lavender Rose)

 

A single lavender rose says: "I am enchanted by you"

ခရမ်းနုရောင်လေးက မင်းကငါကိုညှို့ ယူဖမ်းစားထားတယ် လို့ ပြောပေးလိမ့်ပါမယ်လေ...
 
 
အပြာရောင်နှင်းဆီတစ်ပွင်(Single Blue Rose)

 
A single blue rose says: "You seem like an unattainable dream"
အပြာရောင်နှင်းဆီတစ်ပွင့်က မင်းဟာငါကြိုးပမ်းလို့ မရနိုင်တဲ့အိမ်မက်လေးတစ်ခုပါပဲ တဲ့...
 
သူငယ်ချင်းက ကိုယ့်ရဲ့ခင်မင်ရင်နှီးတဲ့သူကို နှင်းဆီပန်းလက်ဆောင်ပေးတယ်ဆိုပါစို့ ...
လက်ခံသူက ညာဘက်လက်နဲ့ လက်ခံခဲ့ရင် မင်းပြောခဲ့တဲ့နှင်းဆီရဲ့ အဓိပ္ပါယ်ကိုလက်ခံသဘောတူပြီး
ဘယ်ဘက်လက်နဲ့ လက်ခံခဲ့ရင် သဘောမတူဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ...
ဖတ်မိတာလေးကို မျှဝေထားတာပါ...
 
ချစ်တဲ့သူငယ်ချင်းများချစ်တဲ့သူနဲ့ ထာဝရပျော်ရွှင်နိုင်ပါစေ...
 
ဖူး
 
 
 
 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကာရံမညီသောရင်ခုန်သံ

ဒီည............ငါ့အတွေး
အာရုံတွေမှာ တိတ်ဆိတ်လွန်းလို့
ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားနေရတယ်
.....ငါ.အတွေးထဲမှာတော့......
လေပြေညှင်းလေး တိုက်ခတ်နေလေရဲ့
အင်းးးး.........?
ဒါ တစ်စုံတစ်ရာရဲ့ အဆုံး
(သို့)
တစ်စုံတစ်ခု ရဲ့ အစ ဖြစ်မယ်ထင်တယ်

ငြိမ်သက်နေတဲ့ စိတ်အစဉ်နဲ့
ငါ့အတွေးကို ငါလှည့်ပါတ်ကြည့်နေမိတယ်

အချစ်ဆိုတာ ချော်လဲရောထိုင်ကစားနည်း
 တစ်မျိုးဆိုရင်    အခုငါ
စည်းဝိုင်းအပြင်မှာပဲ နေတော့မယ်

ဘဝမှာမင်းနဲ့ကိုယ်
အသွင်မတူခြင်းနဲ့ အမြင်မတူခြင်းကြောင့်
ငါတို့နှစ်ယောက် လုံးထိခိုက်ခဲ့ရတယ်

အနမ်းတွေမှာ မာယာခြယ်သထားရင်
အလွမ်းစာမျက်နှာကိုပဲ
ငါ ရွေးဖတ်ပါ့မယ်......

အချစ် နဲ့ သံယောဇဉ်
လွန်ဆွဲလေတော့
တွေဝေခြင်းဆိုတဲ့လမ်းဆုံမှာ
 ငါ ရပ်တန့်နေခဲ့မိတယ်
လောကကြီးရယ်
ငါ့ကိုယ်ငါပဲ ပစ်ပယ်လိုက်ပါရစေ.....

ခံစားချက်ဘက် ငဲ့ကြည့်မိပြန်တော့
နာကျဉ်မှုရဲ့အဆုံးမှာ
အေးစက်သွားခြင်းဆိုတာ
မင်းသိစေဖို့ ငါ့မှာ စကားလုံးမရှိဘူး...

စိတ်ခံစားမှုတွေ မာကျောတောင့်တင်းခဲ့ရတော့
မင်းလေးကိုပြောဖို့စကားတွေ ဆွံ့အလို့....
ငါဆိုတာ .....မင်းဆီကမလိုအပ်တော့ဘူးလို့
 သိလိုက်ချိန်မှာပဲ
သွေးအေးစွာပဲ နှုတ်ဆိတ်ခဲ့တယ် ..

ပြိုကွဲခြင်း  ဆိုတဲ့စကားလုံးကို
ဖျက်သိမ်းလိုက်ရုံနဲ့
ငါတို့နှစ်ယောက်
တည်ဆောက်ထားတာတွေ
ခိုင်မြဲတိုင်း ခိုင်မြဲနေပါ့မလား
................?
ကိုတို့နှစ်ယောက်ရဲ့အိမ်မက်တွေ တည်တံ့ဖို့က
ကိုယ်တို့နှစ်ယောက်ပဲ ဆိုင်ခဲ့တာလေ

မျှော်လင့်ချက် ရဲ့ အနက်ကိုတိုင်းကြည့်မိတော့
စောင့်စားခြင်းက ငါ့ကို ဆီးကြိုတယ်
......... ..... ......
အင်းးးးးးး.........
ယုံကြည်ချက်တွေကတော့
အိပ်မက်တွေနဲ့အတူ ...
.... စီးမျောနေတုန်း ... ....

                                         ...........................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ခြင်းနှင်းဆီအဓိပါယ်...(Meaning of love roses)


အနီရောင်နှင်းဆီ(Red Rose)
Red: Love and Romance
သူငယ်ချင်းက ကိုယ့်ရင်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက်ကို အနီရောင်နှင်းဆီ လက်ဆောင်ပေးမယ်ဆိုရင်
- စစ်မှန်သောချစ်ခြင်းမေတ္တာတရား(True Love)
- ခိုင်မြဲစွာစွဲလမ်းနှစ်သက်သွားသောချစ်ခြင်းမေတ္တာ(romance and abiding love),
- ငါနင်ကိုချစ်တယ်(I love you),
- လေးစား တန်ဖိုးထားခြင်း(respect and appreciation),
- ပျော်ရွင်မှုချမ်းသာသုခပြည်စုံစွာဖြင့် လက်ထပ်ခြင်း(bliss to Marriage) 
လို့ အဓိပ္ပါယ်ရတယ်...ကိုချစ်ရတဲ့ ချစ်သူကိုလက်ဆောင်ပေးချင်ရင်အကောင်းဆုံးပေါ့...


အ၀ါရောင်နှင်းဆီ(Yellow Rose)
Yellow: Friendship, Joy, Get Well
အ၀ါရောင်နှင်းဆီဟာ ပျော်ရွင်ခြင်း၊၀မ်းသာပီတိဖြစ်ခြင်း၊မိတ်ဆွေသူငယ်ချင်းတို့ ၏ ရင်နှီးခင်မင်မှုကိုတန်ဖိုးထားခြင်း ကိုကိုယ်စားပြုတယ်...အ၀ါရောင်နှင်းဆီကို သူငယ်ချင်းတွေရဲ့ အောင်မြင်မှုအတွက်ဂုဏ်ပြုလက်ဆောင်ပေးဖို့ အကောင်းဆုံးပါပဲ...


ပန်းရောင်(Pink Rose)
Pink: Love, Gratitude, Appreciation
ပန်းရောင်နှင်းဆီကတော့ယဉ်ကျေးသိမ်မွေ့ စွာလှပတင်တယ်ခြင်း(grace and elegance )
လို့ အဓိပ္ပါယ်ရပါတယ်...
ပန်းရင့်ရောင်(Dark pink roses)သည် အစဉ်အလာအရ ကျေးဇူးတင်ခြင်းကိုဖော်ပြသော သင်္ကေတတစ်ခုဖြစ်တယ်...
ပန်းနုရောင်(Light pink roses)သည် ရိုသေလေးစားခြင်း၊မျိုးရိုးကောင်းခြင်း ကို ကိုယ်စားပြုသလို
သနားကြင်နာခြင်း၊စာနာနားလည်းခြင်းကိုအဓိပ္ပါယ်ဖော်ပေးတယ်...


အဖြူရောင်နှင်းဆီ(White Rose)
White: Purity, Innocence, Sympathy, Spiritualityရှေးကာလ က အဖြူရောင်နှင်းဆီကို စစ်မှန်သောချစ်ခြင်းသင်္ကေတအနေနဲ့သုံးခဲ့ကြပြီး ယခုအခါ အနီရောင်နှင်းဆီကိုပြောင်းလဲသတ်မှတ်ခဲ့ကြသည်။
အဖြုရောင်နှင်းဆီသည် အစဉ်အလာအရ မင်္ဂလာပန်းဖြစ်ပြီး မင်္ဂလာဆောင်မည့် ချစ်သူ့ နှစ်ဦး၏ စည်းလုံးခြင်း၊သန့် ရှင်းသောချစ်ခြင်းမေတ္တာတို့ ကိုရည်ညွန်းသည်။
အဖြူရောင်နှင်းဆီသည် သန့် ရှင်းစင်ကြယ်ခြင်း၊အပြစ်ကင်းစင်ခြင်း နှင့် တစ်ဦးနှင်တစ်ဦး ကိုယ်ချင်းစာနာ နားလည်နိုင်ခြင်းကိုရည်ညွန်းသည်။


 လိမ္မော်ရောင်နှင်းဆီ(Orange Rose)
Orange: Desire, Enthusiasm and Passion
 
လိမ္မော်ရောင်နှင်းဆီသည် လိုချင်းတက်မက်ခြင်း၊စိတ်အားတက်ကြွခြင်း၊စိတ်အပြင်းအထန်လှုပ်ရှားခြင်း ကိုရည်ညွန်းသည်...
အ၀ါရောင်နှင်အနီရောင်ပေါင်းစပ်ထားသော လိမ္မော်ရောင်နှင်းဆီကို
အ၀ါရောင်၏သင်္ကေတသူငယ်ချင်းမေတ္တာ နှင့် အနီရောင်၏သင်္ကေတချစ်ခြင်းမေတ္တာ
တို့ ၏ပေါင်းစည်းမှုတံတားဟုလည်းမြင်နိုင်ပါတယ်...
တကယ်လို့ ကိုယ်ရဲ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်ကို လိမ္မော်ရောင်နှင်းဆီ လက်ဆောင်ပေးခဲ့မယ်ဆိုရင်
"ငါမင်းအတွက်ဂုဏ်ယူပါတယ်"(I'm proud of you)ဆိုတဲ့ဖော်ပြချက်ပဲဖြစ်ပါတယ်...


ခရမ်းနုရောင် နှင်းဆီ
Lavender: Enchantment, Majesty, Love at First Sight
ခရမ်းနုရောင် နှင်းဆီမွေး သည် ဂုဏ်ကျက်သရေမြင့် မြတ်ကြီးကဲခြင်း၊ပြူစားခြင်း၊မြင်မြင်ချင်းချစ်ခင်မြတ်နိုးခြင်း ကို ကိုယ်စားပြုတယ်..
သူငယ်ချင်းတို့ မှာ မြင်မြင်ချင်းချစ်မြတ်နိုးသွားတဲ့သူရှိရင်တော့ ခရမ်းနုရောင်နှင်းဆီပန်းလေး
လက်ဆောင်ပေးပေါ့...

www.rdasia.com › ... › Life Well SharedLifestyle & Entertainment
ဒီဆိုဒ်လေးထဲက ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်...

ချစ်သူငယ်ချင်းများချစ်တဲ့သူနဲ့ ထာဝရပျော်ရွင်နိုင်ကျပါစေ...

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သံယောဇဉ်

သံယောဇဉ်တဲ့
သုံးလုံးထဲနဲ့
ရင်ကိုမွှေနှောက်ပြီး
ဖျက်ဖို့အလွန်ခက်တဲ့
ကြိုးလေးရယ်
မမြင်ရပေမယ့်
ရင်မှာနက်ရှိင်းသလို
ရစ်ပတ်မိပြန်တော့
သူစေညွန်းသမျှ
သခင့်ခြေရင်း
နှလုံးသား တိမ်းညွတ်မိလို့
အကြင်နာမပြတ်
လွှမ်းမိုးနိုင်လွန်းတဲ့
သံယောဇဉ်ရယ်
၁၅၀၀ထက်လည်းနက်ရှိင်းလွန်းတယ်
၁၅၀၀ကြိုးပျက်လည်း
ဖြတ်ဖို့ခတ်တဲ့အကြင်နာနှောင်ကြိုး
လူသားတွေအားလုံးကို
သူလိုရာစေနွံ့နစ်သလို
နေမြင့်လေ  အရူးရင့်လေတဲ့
သံယောဇဉ်..............

                
                      
               ...........................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပျော်စရာများနှင့် လွမ်းနေသူ

မနေ့ က ဖူး off ရက်လေ...အခန်းထဲမှာနေရတာ ပျင်းလို့ အခန်းဖော်ညီမလေးနဲ့အတူတူ chinese garden ကိုသွားခဲ့တယ်...ဘေးတစ်ဖက်စီမှာ သစ်ပင်ပုပုလေးတွေနဲ့ကျောက်လမ်းလေးကိုမြင်တော့ ချစ်ချစ်ကလေးကို လွမ်းသွားမိတယ်...ချစ်သူနဲ့တူတူသာလာရရင်အရမ်းပျော်ဖို့ ကောင်းမှာပဲလို့ ...


ဖူးတို့ သွားတဲ့နေ့ က Lantern Festival လထဲမှာရောက်နေတာကို...
ဒါကြောင့် chinese garden တစ်ခုလုံး မီးပုံးလေးတွေချိတ်ပြီးအလှဆင်ထားတယ်...
 
garden ထဲမှာ နှစ်အလိုက်အရုပ်လေးတွေအများကြီးပဲ...မြွေနှစ်၊ကြွက်နှစ်၊ယုန်နှစ်..စသဖြင့်ပေါ့...
ဖူးက တကယ်ကမြွေနှစ်...ဒါပေမဲ့လူက၀က်ဖြစ်နေပြီဆိုတော့ ၀က်ရုပ်နားလေးမှာပဲရိုက်လာခဲ့တာပေါ့...
ချစ်ချစ်က ဖုန်းဆက်နေတော့ ဖုန်းဆက်ရင်းနဲ့ ရိုက်ထားတာ...
ဒီပုံလေးက မလှတဲ့ရုပ်လေးကိုလှမလားလို့ ပဲများထားတာ...

 
ဖူး ဒီရှုခင်းလေးကိုအရမ်းကြိုက်တယ် တံတားလေးရယ်...ရေကန်လေးရယ်...ကျောက်လမ်းလေးရယ်...
ရင်ထဲမှာ အလွမ်းတွေနဲ့အတူ ချစ်သူကိုသတိရမိတယ်...


ရေကန်ထဲက ဘဲလေးတွေကအရမ်းလှတယ်...
ဒီပုံလေးကိုကြည့်ရင်း ဖူးရင်ထဲမှာ နွေးထွေးတဲ့မိသားစုဘ၀လေးကိုခံစားမိတယ်...
 ညီမလေးကပြောရှာတယ်...တစ်ချိန်လုံးဖုန်းပြောနေတာပဲတဲ့...
ချစ်ချစ်လေးကဖုန်းဆက်နေတော့လည်းပြောရတာပေါ့...ဒီလိုပဲဖုန်းပြောရင်နဲ့ post ပေးရတာပေါ့...

 
 ကွန်ဖြူးရှပ် ရုပ်ထုနဲ့တူတူ
 
 
 ဒီအရုပ်လေးတွေက ချစ်စရာလေးနော်...ညကျလို့ မီလင်းရင် အရမ်းလှမှာ...
ခုက lantern Festival လေ...
 ဖူးတို့ လာတာနေ့ ခင်းဖြစ်နေလို့ ...ညဘက်လာချင်လိုက်တာ...
ဒါပေမဲ့ home က ညဘက်ထွက်လို့ မရဘူး...ဟင့်...
 
 လိပ်ပြတိုက်နားမှာရိုက်ထားတာလေ...နေခင်းနေပူထဲမှာလျှောက်သွားပြီး ပင်ပန်းနေပြီ...

 
 လိပ်ပြတိုက်ဘေးမှာရွှေငါးလေးတွေ နဲ့ တူတူလေ...

 
 တံတားကြီးပေါ်မှာ ပန်းမီးခိုင် လှလှလေးတွေနဲ့...ညဆိုရင်ဘယ်လောက်များလှလိုက်မလဲ...

 
 lantern festival အတွက်ပြင်ထားတဲ့အရုပ်လေးတွေပဲ ...အထဲမှာမီးလုံးလေးတွေနဲ့ လေ...

 မင်းသမီးလေးနဲ့ ဖားမင်းသားပုံပြင်ရုပ်လေးပေါ့...မင်းသမီးလေးနမ်းလိုက်ရင်း ဖားကလေးကမင်းသားချောချောလေးဖြစ်သွားမှာ...
 
 လမ်းတစ်လျှောက်ကို နင်္ဂါးရုပ်လေးတွေနဲ့အလှဆင်ထားတယ်...

 
 တိမ်တွေပေါ်ကနင်္ဂါးပေါ့...ညဆိုရင်လမ်းတစ်လျှောက်အရမ်းလှနေမှာသေချာတယ်...

 
 Qu Yuan ရုပ်ထုနှင့် အတူ...
 
 
 ချစ်ညီမလေးသိမ့်နှင့် အတူ ဘုံခုနှစ်ဆင့်ဝင်ပေါက်မှာ...
 
 
 အပြင်ကပဲရိုက်လိုက်ရတယ်...အထဲမ၀င်နိုင်တော့ဘူး...ဟူးးး.....မောနေပြီ...
 

 ဖူးသွားခဲ့တဲ့ chinese Garden မှာအရမ်းပျော်ခဲ့တယ်...
ဖူးအပေါ်စိုးရိမ်တက်တဲ့ ချစ်ချစ်ကလေးက တစ်လမ်းလုံးဖုန်းဆက်နေလို့ အထီးမကျန်ခဲ့ရဘူးလေ...
ညီမလေးသိမ့်ကလည်းတစ်လမ်းလုံးရီစရာတွေပြောနေတာ...
ဒါပေမဲ့လည်း အခွင့် အရေးရရင် ဖူးအရမ်းချစ်ရတဲ့ ချစ်ချစ်လေးနဲ့ တူတူ ဒီနေရာလေးကို နောက်ထပ်လာလည်ချင်နေမိတယ်....

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS