ငါဟာရာဇဝင်ထဲကမင်းသားတွေလို
အဌါရသ(၁၈)ရပ်ဆိုတဲ့ပညာရပ်တွေနဲ့
ပြီးပြည့်စုံတဲ့လူတစ်ယောက်တော့မဟုတ်ခဲ့ဘူး
ဒါပေမယ့် ငါ့မှာမင်းအတွတ်ဆို
စာနာနားလည်တတ်တဲ့နှလုံးသားနဲ့
အရာရာတိုင်းကိုဖြည့်ဆည်းပေးနိုင်ဖို့
အမြဲတမ်းကြိုးစားနေခဲ့တဲ့သူပါ
စကားလုံးပေါင်းမြောက်များစွာ
ပြောကြားခဲ့ရတဲ့ဒီဘဝထဲမှာ
တချို့တချို့သောသူတွေရဲ့
မယုံနိုင်စရာနုတ်ခမ်းဖျားကထွတ်ကျလာတဲ့
'ဘာအသုံးကျလို့လည်း'ဆိုတဲ့
စကားတစ်ခွန်းကငါ့ရင်ကို
မီးလောင်တိုက်ထဲသွပ်သွင်းလိုက်သလိုမျိုး
ငါနာကျင်ခံစားခဲ့ရတယ်
ဘဝမှာကိုယ့်ယုံကြည်မူနဲ့ကိုယ်
လျှောက်လှမ်းဖို့အတွတ်
ခြေထောက်နှစ်ချောင်း ပုခုံနှစ်ဖတ်ကြားက
ခေါင်းပေါက်လာတဲ့လူတစ်ယောက်ပါ
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် ခရီးမပေါက်သေးသရွေ့တော့
သူများတွေလိုမျိုး
'ငါးမရပဲ ရေချိုးပြန်'တဲ့အလုပ်မျိုး
မင်းတို့တွေသိထားဖို့ကငါ့ရာဇဝင်မှာ
ဘယ်သောအခါမှမရှိခဲ့ဖူးဘူး
ဘာတဲ့လည်းလောကမှာလူတွေပြောပြောနေတဲ့
စည်းကမ်းနဲ့ဂုဏ်သိက္ခာကိုဘယ်လိုမျိုး
ပေတံနဲ့တိုင်းတာသလဲဆိုတာငါအရမ်းသိခြင်နေမိတယ်
ဒီမှာငါပြောမယ်လောကမှာကိုယ့်ကိုယ်ကိုလေးစားနိုင်ဖို့နဲ့
သူတစ်ပါးအပေါ်မှာလည်းလေးစားမူရှိနိုင်ဖို့လိုတယ်
အဲအတွတ်ငါ့လိပ်ပြာငါလုံသလို
ကိုယ့်စည်း နဲ့ကိုယ့်သိက္ခာနဲ့မို့
ငါ့ရဲ့ကမ္ဘာက ခမ်းနားနေခဲ့တယ်
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
0 comments:
Post a Comment