Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ဟန်ဆောင်အပြုံး

နေတွေဘယ်လောက်ပဲပူပါစေ
မြေလို မာအောင်ငါကြိုးစားမယ်
ရေလို အမြဲမအေးနိုင်ပေမယ့်
လေလို အမြဲငါပြေးလို့နေမယ်
အောက်ကျခံတယ်ဆိုတာက
 ဘဝမကျပါဘူး..

အချစ်ကိုတွေး..ဆွေး..ငေး..ပြေး...
ကံမကောင်းချင်းတွေကို
အဝေးကိုလွင့်ပစ်ပြီး
 လက်ဆေးပစ်လိုက်ချင်ရဲ့

၃၁ ဘုံက လူသားတွေ
တွေးကြည့်ရင်မောတယ်..
အပြောင်းလဲမြန်တယ်
အချိုးအကွေ့များတယ်..
လူတွေက လူသားဆန်လွန်းတယ်
ကောင်းတာက ခဏတာဟန်ဆောင်အပြုံး
မကောင်းတာက တစ်ဘဝတာ မဲ့ပြုံးပြုံး
နောက်ကွယ်မှာ အမုန်း
အဲတာတွေကိုငါလေ
မလိုချင်ပါဘူး
မယူချင်ပါဘူး...
ခုန်ခုန်ကျလာတဲ့ငါ့ရဲ့ မျက်ရည်တွေလည်း
ခမ်းခြောက်လို့နေပါပြီး
အကောင်းမြင်တဲ့စိတ်တွေရယ်
ဝေဖန်သုံးသပ်တာများတော့လည်း
 ရုန်းကန်လာရတာပေါ့
အခုတော့ငါလေအရာရာကို
 အရှုံးပေး မုန်းနေမိတော့တယ်
စိတ်ထဲက အကြိမ်ကြိမ်
ရေရွတ်လို့  ဘဝကို
စိန်ပစ်လိုက်
ဆိုတဲ့စကားလုံးတွေနဲ့.....

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

1 comments:

မိုးနတ်ကြယ်စင် said...

ဝိုးးးးးးးးးး ကြိုက်တယ်ဗျို့..:)
မရောက်တာလဲ သိပ်ကိုကြာပြီ..
နှစ်ယောက်စလုံးကိုလဲ အရမ်းသတိရနေပါတယ်
အသဲလေးနဲ့ဖူးရေ.....:)
ခင်တဲ့...မိုးနတ်

Post a Comment