ငါတို့တွေရဲ့ဘဝကလည်း သြော်.....
မိဝေးဖဝေး ဘဝတွေနဲ့အခုတော့
အိမ်နဲ့ခွဲပြီးဝေးခဲ့ရတဲ့
ရက်လတွေလည်းကြာညောင်းခဲ့ပေါ့
ငါဒို့ တစ်တွေရဲ့ အနာဂါတ်ကို
ကိုယ်တိုင်ထုဆစ်ချင်ခဲ့တာမို့
စိတ်မကောက်ပဲ အကြင်နာတွေနဲ့
ခနတာအချိန်လေး ဝေးခဲ့ကြတယ်
သြော် .....
သေချာပါတယ်
နေ့ရက်တွေတိုင်းကိုသတိရနေပေမယ့်
ဒီနေ့က ငါ့နှလုံးသားထဲက
အဆိပ်ပြင်းတဲ့နေ့ရက်တွေပါ
မင်းကိုသတိရတဲ့စိတ်က
ရင်ခွင်ထဲမှာ ဖွဲ့တည်နေတဲ့မျက်ရည်
ငါ့မျက်ဝန်းကဘယ်အချိန်
အလွမ်းမိုးရွာသွန်းမလဲပဲ
တပ်မက်မူအပြည့်နဲ့ငါ့ရဲ့ဘဝရထားလေး
ကိုယ့်ဘူတာ ကိုယ်ဆိုက်ကပ်နိုင်အောင်
မီးစာကုန် ဆီမခမ်းဖို့ကို
မျှော်လင့်ချက်များစွာနဲ့.....
................................အသည်းလေး
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
1 comments:
ငါဒို့ တစ်တွေရဲ့ အနာဂါတ်ကို
ကိုယ်တိုင်ထုဆစ်ချင်ခဲ့တာမို့
စိတ်မကောက်ပဲ အကြင်နာတွေနဲ့
ခနတာအချိန်လေး ဝေးခဲ့ကြတယ်
သြော် .....
သေချာပါတယ်
နေ့ရက်တွေတိုင်းကိုသတိရနေပေမယ့်
ဒီနေ့က ငါ့နှလုံးသားထဲက
အဆိပ်ပြင်းတဲ့နေ့ရက်တွေပါ
ကဗျာလေးလှတယ်...
Post a Comment