ဖူး မှာအကျင့်တစ်ခုရှိပါတယ်...ဖူး စာဖတ်ပြီးရင် ကြိုက်တဲ့စာလေး တွေကို စာအုပ်ထဲမှာ ကူးထားတက်ပါတယ်...ဒီနေ့ ဖူးပျင်းနေလို့ ဖူးရဲ့ စာအုပ်လေးတွေကို ပြန်ဖတ်ရင်း ဖူးစာအုပ်လေးထဲကနေ ဒီပို့ စ်လေးကို တင်လိုက်တာပါ ...
ဖူးတို့ တွေအမြဲတမ်း အလုပ်တွေလုပ်နေကြရတယ်လေ...ခုက လုပ်ငန်းခွင်မှာ အဆင်ပြေမဲ့အချက်လေးတွေပေါ့...
၁။အရှည်မျှော်ခေါ်ဆောင်ရွက်ပါ။
လူတွေဟာ ရေတိုအလုပ်၊ရေတိုအကျိုးအတွက် ငုံ့ ပြီးလုပ်နေရင်း ဒုက္ခလှလှတွေ့ ရတက်ပါတယ်။
အလုပ်ထဲမှာ ဘာဖြစ်လာနိုင်မယ် ဆိုတဲ့ ရှေ့ ကို မျှော်မြင်ပြီး ကြိုတင်ဆင်ခြင်တက်ကြပါက အခတ်အခဲနည်းပါ ပါလိမ့်မယ်။
၂။ရှင်းရှင်းလင်းလင်းလုပ်ဆောင်ပါ။
ရှင်းရှင်းလင်းလင်း တွေးခေါ်ပြောဆို လုပ်ကိုင်တာ အောင်မြင်မှုအခြေခံကောင်းတစ်ခုဖြစ်တယ်။
ရှုပ်ရှုပ်ထွေးထွေး ဝေ့လည်ကြောင်ပတ် မလုပ်ပါနဲ့ ။အကျိုးမရှိပါဘူး။ ဘယ်အလုပ်မဆို ရှင်းလင်းလွယ်ကူတာ
အကောင်းဆုံး ဖြစ်ပါတယ်။
၃။တိကျရမယ်။
အလုပ်လုပ်ရာ မရေမရာ မပြောရဘူး။ မသေမချာ မဖြစ်ရဘူး။စကားပဲပြောပြော၊
ဝါကျတစ်ကြောင်းပဲ ရေးရေး ၊စာရင်းတစ်ခု တိတိကျကျဆွဲရာ မှာပဲဖြစ်ဖြစ် တိကျသေချာရမယ်။
ဒီ ၆ ချက်က ခိုင်မာတဲ့အတွက် အောင်မြင်တိကျ ဖို့ အတွက် သော့ချက်ပဲ။ဒါကိုသိအောင်လုပ်ရမယ်။
၁။ဘယ်သူလဲ(who)
၂။ဘယ်အချိန်လဲ(when)
၃။ဘယ်နေရာမှာလဲ(where)
၎။ဘာကြောင့်လဲ(why)
၅။ဘာကိုလုပ်မှာလဲ(what)
၆။ဘယ်လိုလုပ်မှာလဲ(how)
၎။ပေါင်းစပ်ညှိ နှိုင်းပြီး ဆောင်ရွက်ရပါမယ်။
လုပ်ငန်းကြီးလေ တစ်ဦးတည်းပြုလုပ်၍ မဖြစ်နိုင်ပေ။လုပ်ငန်းမှန်သမျှ မှာ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးပါတဲ့အချက်တစ်ခုပါပဲ။
၅။အချိန်မှီပြီးစီးဖို့ သတိပြုရပါမယ်။
ကိုယ်သတ်မှတ်ထားတဲ့အချိန်၊ ကိုယ့်ကိုပေးထားတဲ့အချိန်မှာ အလုပ်ကို အချိန်မီပြီးအောင်
လုပ်ရမယ်။ဒါမှလည်း အောင်မြင်မှာပေါ့။
၆။အမြဲလေ့ ကျင့်ပါ။
ဘယ်အလုပ်မဆို မလေ့ကျင့်ရင်မတိုးတက်ဘူး။လေ့ကျင့်ရင် အရည်အသွေးဟာ တစ်နေ့ ထက်
တစ်နေ့ တိုးတက်လာတာပါပဲ။လုပ်ငန်းခွင်မှာ လေ့ကျင့်ရေးဆင်းတယ်လို့ သဘောထားပြီး ကောင်းသတဲ့
ကောင်းအောင် လေ့ကျင့်ပြုပြင်သွားရမယ်။
ဒီအချက်လေး ၆ ချက်က ဆရာချစ်နိုင်(စိတ်ပညာ)ရေသားတဲ့ စာအုပ်ထဲက ကောက်နှုတ်ချက်လေးပါ။
သူငယ်ချင်းအားလုံး ဘ၀အတွက် စိတ်အင်အား၊ ဗဟုသုတ များတိုးပွားလာနိုင်ပါစေ...
ချစ်တဲ့သူငယ်ချင်းအားလုံး ချစ်တဲ့သူနဲ့ထာဝရပျော်ရွင်နိုင်ပါစေ။
ဖူး
1 comments:
ဖတ်သွားမှတ်သွား အားပေးသွားပါတယ်။
မောင်လေးနဲ့ညီမလေး တွဲမြဲတွဲ ချစ်မြဲချစ်နိုင်ကြပါစေ။
ချစ်ခြင်းအားဖြင့်
မကြီးလွမ်း
Post a Comment