ချစ်သူ
မင်းသိပါ့မလား
ကြင်နာမှုထက်ပိုတဲ့
စာနာမှုတွေ
ချစ်ခြင်းထက်ခိုင်မြဲတဲ့
မေတ္တာတရားတွေ
တွယ်တာခြင်းထက်ပိုတဲ့
မြတ်နိုးခြင်းတွေ
နားလည်မှုထက်ပိုတဲ့
အလိုက်သိမှုတွေ
တန်ဖိုးတစ်ခုထက်ပိုတဲ့
လေးစားမှုတွေနဲ့
သခင့်အပါး
ခစားခွင့်မရှိရင်တောင်
ဟိုး အဝေးမှာပဲ
တိတ်တိတ်လေး အထီးကျန်
အခန်းကျည်းလေးထဲမှာ
ကိုယ့်တစ်ယောက်တည်း
နေပေးပါ့မယ်
ဘဝရဲ့နောက်ဆုံးထွတ်သက်ထိပေါ့
2 comments:
ချစ်သူကိုသိပ်ချစ်တတ်တဲ့အကြောင်းလေးခံစားရင်း
ရောက်ဖြစ်တယ်
သခင့်အပါး
ခစားခွင့်မရှိရင်တောင်
ဟိုး အဝေးမှာပဲ
တိတ်တိတ်လေး အထီးကျန်
အခန်းကျည်းလေးထဲမှာ
ကိုယ့်တစ်ယောက်တည်း
နေပေးပါ့မယ်
ဘဝရဲ့နောက်ဆုံးထွတ်သက်ထိပေါ့
ချစ်တတ်တဲ့အကြောင်းပေါ်လွင်တဲ့ကဗျာလေးပါပဲ ။
Post a Comment