skip to main |
skip to sidebar
မင်းနဲ့ တွေ့ ရမဲ့ အချိန်တွေကို
လက်ချိုးရေတွက်
မက်ခဲ့တဲ့ အိမ်မက်ရက်တွေလည်း
များနေပြီချစ်သူ...
တချိန်က ပျော်ခဲ့တာလေးကို
ပြန်တွေးရင်း အလွမ်းနေ့ တွေကိုကျော်ဖြတ်
အိပ်ခက်တဲ့ ညတွေလည်း
များနေပြီချစ်သူ...
ဘ၀လမ်းတွေကြမ်းပေမဲ့လည်း
အနားမှာမင်းရှိတယ်ဆိုတဲ့စိတ်က
ခွန်အားပြည့်စေပြီး
အရာရာရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီချစ်သူ...
အနေဝေးလို့ 
အကြင်နာတွေမပေးနိုင်ပေမဲ့
ရင်မှာကတော့
အလွမ်းဒဏ်ရာတွေနဲ့အပြည့်ပါ ချစ်သူ...
ဖူး
1 comments:
ဘ၀လမ်းတွေကြမ်းပေမဲ့လည်း
အနားမှာမင်းရှိတယ်ဆိုတဲ့စိတ်က
ခွန်အားပြည့်စေပြီး
အရာရာရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီချစ်သူ.
အလွမ်းကဗျာလေးကိုအားပေးဖတ်ရှုသွားပါတယ်
Post a Comment