တွေးမိနေတာက
တွေးတာတွေ များလွန်းလွန်းလို့ ဘာပြောရမှန်းမသိတာ အမှန်ပဲ အထူးသဖြင့်တော့ ရေးလက်စ စာ တစ်ပုဒ် အကြောင်းပါ ……
ကိုယ့်ကိုကိုယ် ပြန်ဆင်ခြင်မိတာက
ကြိုးစားမှုမှာ အခုံမင်သေးဘူး မျောနေတုန်းပဲ …..
ဆုံးဖြတ်ချက် ခိုင်မာပြတ်သားမူမရှိဘူး တွေဝေတယ်။ ………..
ကျန်းမာရေး
အခုတစ်လော ကျန်းမာေ၇းကတော့ဒေါင်ဒေါင်မြည်ပဲ ညဆိုရင်လည်း၁၂ နာရီထိုးတာနဲ့မျက်လုံကမဖွင့်ခြင်တော့ဘူး
။ ဟိုတစ်နေ့ က ဦးလေးအိမ်ကိုသွားလိုက်တာဦးလေးက ဂဏန်းဟင်းချက်နေတာနဲ့တန်းတိုးတာပဲ စိတ်ထဲမှာစားခြင်နေတာအတော်ကြာပြီးလေ.....D;D;
အဲ...ဂဏန်းဆိုတော့မှကျွန်တော့်ချစ်သူကိုပြေးပြီးသတိရနေမိတယ်
သူလည်းအရမ်းကြိုက်တာလေဂဏန်းဟင်းကို ....ဂဏန်းတစ်ကောင်ကိုသူငယ်ချင်းတစ်အုပ်အမဲဖျင်သလို
ဝိုင်းဝိုင်းလုစားကြတာကိုအမြဲပြောပြတယ်လေ ဟိးဟီး
ဖတ်ဖြစ်တဲ့ စာအုပ်တွေ
အများကြီးပဲ အဲအထဲမှာမှကျွန်တော်အကြိုက်ဆုံးကတော့ ဆရာနန္ဒေ၇းတဲ့.....လေရူးသုန်သုန်(ဘာသာပြန်စာအုပ်)ကိုဖတ်နေတာပါ
ဆရာကြီးရဲ့ လေသံတွေ သဘောကျလွန်းလို့  အတု ယူ နေတာ….. ပညာရှိများ စကားအရာမှာ အင်မတန် သန်မာလှတယ်။ ဖျတ်လတ်တယ်။ ထိမိတယ်။
ကျွန်တော် သေသေချာချာကို အရသာခံဖတ်နေတာ။ နောက် ဘလော့တွေလိုက်မွှေတယ်။ လည်တယ် ပတ် တယ် စာတွေ အတုယူတယ် မှတ်သားတယ်။ အားကျစရာတွေ ချည်းပဲ။
အိမ်ပြန်လာရင် တနင့်တပိုးနဲ့ ။ တစ် ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို သူ့ ဟန် သူ့ မာန်နဲ့  ရေးနေလိုက်ကြတာ အားရစရာ ကောင်း လိုက်တာဗျာ ……
ရောက်ဖြစ်နေတာက
ဟဟ ….. ကွန်ပျူတာသာ ကောင်မလေးဆို ကျွန်တော်နဲ့  ညားတာကြာပေါ့ …… တစ်နေ့ တစ်နေ့ သူ့ မျက်နှာ လေးကြည့်ကြည့်ပြီး ကျေနပ်နေရတာ …….. :D
အမစံပယ်,ကြည်ဖြူခင်ခင်,အမကြီးချစ်,နွေလ,ဧဒင်,နေမင်းဇွဲမာန်,စိန်ခဲ,နည်းပညာဥယျာဉ်,ကိုလွင်ပြင်
,အောင်သက်ခိုင်,သမီးတော်,မကြီးလွမ်းဘာလော့တွေထဲကိုအမြဲေ၇ာက်ဖြစ်နေတာ
နားထောင်ဖြစ်တာက
ဒီရက်ပိုင်းနားထောင်ဖြစ်နေမိတာက.............(Because you love me)သီချင်းလေးပါ
သီချင်းလေးကညိမ့်ညိမ့်လေးနဲ့အရမ်းကိုနားထောင်လို့ကောင်းတယ်
ရွတ်နေမိတာက
သံဗုဒ္ဓေ,မေတ္တာသုတ်တို့ကိုရွတ်ဖြစ်နေမိယ်
စားဖြစ်နေတာက
ထမင်းပါပဲ ကျန်တာ ဝယ်မစားနိုင်လို့  …… :D
သနားနေမိတာက
ကိုယ့်ဘဝ ကိုယ်မပိုင်တဲ့ သူတွေ …….
လွမ်းနေမိတာက
မြန်မာပြည်
မေ့လျှော့နေမိတာက
ဒီရက်ပိုင်းအတွင်းအကျီင်္တွေမီးပူမတိုက်ရသေးဘူး.....D;
ခါးသက်နေမိတာက
ဘဝ ( ဘဝဟာ လူတိုင်းအတွက် တစ်ချိန်ချိန်မှာတော့ ခါးသက်နေမှာပဲလေ …..)
တမ်းတနေမိတာက
အမေ့အိမ်က ငပိရည် နဲ့အမေချက်ကြွေးတဲ့ချည်ပေါင်ကြော် ….. :D …..လက်ဖက်ရည် ပေါ့စိမ့်တစ်ခွက်နဲ့
။ဟာသတွေ ပြောပြီး ရယ်စေတတ်တဲ့ သူငယ်ချင်းတွေ ၊ စိတ်အားငယ်ချိန်တိုင်းမှာအနားမှာ
အမြဲနေပြီးအားပေးတတ်တဲ့စကားလေးတွေနဲ့ချစ်စ၇ာအပြုံးတွေပြုံးပြတတ်တဲ့ကျွန်တော့်ချစ်သူ
ကြိတ်ပြီးချီးကျူးနေမိတာက
အမြဲတစေ အချိန်တိုင်းအားကြိုးမာန်တတ်နဲ့ကြိုးစားသူတွေ..............
ကြိတ်ပြီး အထင်သေးနေမိတာက
ကိုယ့်ကိုကိုယ်ပေါ့ ဗျာ ……….
ဆန္ဒမရှိတဲ့ နေရာ
မြန်မာပြည်ပြင်ပ ဘယ်နေရာမှ ဆန္ဒမရှိ မသွားလို မနေလို ….
ဆန္ဒ၇ှိ့ နေတဲ့ ကိစ္စ
လသာတဲ့ညတစ်ညမှာ ကော်ဖီပူပူလေးစ်ခွက်ရယ် အနားမှာချစ်သူနဲ့စကားတွေအများကြီးပြောခြင်တယ်...........D;D;
မုန်းတီးနေမိတာက
သေလောက်အောင် မုန်းတာဆိုလို့ မရှိပါဘူး ….
ချစ်နေတာက
ချစ်နေတာက ကျွန်တော့်မိသားစုနဲ့ ကျွန်တော့်ရဲ့ချစ်သူ.......ဟဟ ….:D
စိတ်ပျက်နေမိတာက
အသစ်ပြန်စရမှာကိုပါ …(ေ၇းလက်စစာတွေကစိတ်တိုင်းမကျလို့)……
စွဲလန်းနေမိတာက
စာရေးချင်နေတာပဲသူများတွေေ၇းသလိုမျိုး ……… ရေးလို့ မရဘူး
တောင်းနေမိတဲ့ ဆု
အမေနဲ့ အဖေ အသက် ရှည်ပါစေ ……
ဝန်ခံချင်တာက
ကိုယ်ပိုင်ဖန်တီး နိုင်တဲ့ စွမ်းအားတွေ မရှိသေးလို့  စုဆောင်းခြင်း အတုယူခြင်းဖြင့် စာရေးလျှက် ရှိပါကြောင်း…..
....................................................အသည်းလေး
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
1 comments:
ပိုစ့်ရဲ့ စိတ်ကူးလေးကို
အရမ်းသဘောကျမိပါတယ်
Post a Comment