Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ထပ်တူကျတဲ့နှလုံးသားတစ်စုံ



 ချစ်သူ....
ချစ်သူတွေဆိုတာ အရင်းနှီးဆုံး
နှလုံးသားတစ်စုံ..
ရင်ခုန်သံခြင်း ထပ်တူညီသူနှစ်ဦး
ခံယူချက် သဘောထားခြင်း
တိုက်ဆိုင် နားလည်သူနှစ်ဦး
သံယောဇဉ် တွေနဲ့
တစ်ဦးကိုတစ်ဦး ချည်နှောင်
ရစ်ပတ်ထားသူနှစ်ဦး
တစ်ဦးပေါ်တစ်ဦး
ယုံကြည်နားလည်ပြီး
သစ္စာရှိုဖို့သာအရေးကြီးပါတယ်
ရေမြေတွေခြားလို့
ဘယ်လောက်ဘဲ ဝေးနေပါစေ
ရင်ထဲကချစ်နေဖို့ကသာအဓိကပါ..
တစ်ယောက် တစ်နေရာ
ရှိနေခဲ့ပေမယ့်လည်း
အချိန်တိုင်း  စက္ကန့်တိုင်း
ကိုယ့်နှလုံးသားထဲမှာ
 အမြဲရှိနေခဲ့တာပါ
အနေဝေးနေခဲ့ပေမယ့်လည်း
စိတ်ချင်းကတော့
အမြဲနီးနေခဲ့တာမို့
ထပ်တူကျတဲ့နှလုံးသားတစ်စုံက
သက်သေတည်နေပါ့မယ်
ချစ်ရသူရယ်



                           ................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘဝတစ်ခု

                  
                         

ချစ်သူ
တွဲလက်တွေ  ခိုင်ခိုင်မြဲဖို့
နားလည်မူတွေနဲ့
ဘဝခရီးလမ်းကို
အတူတူလျှောက်လှမ်းကျမယ်
ဘဝတစ်ခု
တည်ဆောက်ဖို့အတွတ်
မေတ္တာ  အကြင်နာတွေပေးရင်း
ရှေ့ခရီးကို  အတူတူ
လျှောက်လှမ်းကျမယ်
တစ်ယောက်အပေါ်တစ်ယောက်
နားလည်မူ ယုံကြည်မူ
အကြင်နာ မေတ္တာ
စာနာဖေးမမူတွေနဲ့
ရှေ့ဆက်လျှောက်လှမ်းကျမယ်







           
                 
                               ..................အသည်းလေး
                      
                  

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ်ဆိုတာ(Defination of love)

အားလုံးမှာ အချစ်ရှိကြမှာပါ...အချစ်ဆိုတာကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်...
ဖူးဒီကဗျာလေးကိုဖတ်ပြီးတော့အရမ်းကြိုက်သွားတယ်...ဒါအချစ်လား?...


ဒီကဗျာလေးကိုဖတ်တဲ့ဒီကသူငယ်ချင်းတစ်ယောက်ကပြောတယ်...
This poem is very complicated.Why?
Nobody is perfect.
Actually,love can be made by fate.
ဖူးရဲ့အမြင်ကတော့ အချစ်ဆိုတာ ရင်ထဲကအလိုလိုဖြစ်လာတဲ့ခံစားချက်တစ်ခုပါ...
(ဖူး ကို့ ကိုချစ်တဲ့ ခံစားချက်တွေလိုပေါ့)...
အချစ်ကိုလိုက်မရှာပါနဲ့ ...တကယ်အချစ်စစ်မှန်ရင် ဖူးတို့ဆီကို အလိုလိုရောက်လာမှာပါ...
ဒီပုံထဲကအချက်လေးတွေက ဖြစ်ပေါ်လာတဲ့ ခံစားချက်ချစ်ခြင်းတွေကို ထိန်းသိမ်းထားနိုင်မယ့် 
နားလည်မှုသော့ချက်လေး တွေလို့ ဖူးထင်မိတယ်...အချစ်ရဲ့ ဂုဏ်သတ္တိတွေပေါ့နော်...
ဖူး နဲ့ ကို လည်း ဒီလိုအချက်လေးတွေနဲ့ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတည်ဆောက်ပြီး
သည်းခံ ခွင့်လွတ်ရင်း ဘ၀မှာ ဖြစ်လာတဲ့အခတ်အခဲတွေကို တူတူ ရင်ဆိုင်ဖြေရှင်းသွားရင်း
အချစ်တွေနဲ့ ရှေ့ ဆက်မယ်...ကို့ ကိုအရမ်းချစ်တယ်..အရမ်းလည်းသတိ၇တယ်...ကိုရယ်...

သူငယ်ချင်းတို့အားလုံးမှာလဲအချစ်နဲ့ ပတ်သတ်တဲ့ ခံစားချက်လေးတွေရှိမှာပေါ့နော်....

သူငယ်ချင်းတို့ အားလုံးလည်း နားလည်ပျော်ရွင်နိုင်ကြပါစေ....
ဖူး (သူတို့ ရေးတဲ့ အချစ်ဒသန)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူက တကယ်ချစ်ရဲ့ လား(ဗေဒင်)

ဖူးမနေ့က Night Duty ကျတော့ ကို့ ကိုအရမ်းသတိရနေမိတယ်...
အဲ့ဒါနဲ့ မိန်းကလေးပီပီ ကိုနဲ့ ဖူး ကိုဗေဒင်တွက်ကြည့်မယ်ဆိုပြီး google ကနေရှာကြည့်လိုက်မိတယ်...
အဲ့ဒီမှာ ဖူးအ၇မ်းကိုသဘောကျသွားတဲ့ တွက်နည်းလေးကိုတွေ့လိုက်တယ်...
မိန်းကလေးတွေအတွက် စံ ဇာဏီဘို ရဲ့အချစ်ဗေဒင်ထဲကတွက်နည်းလေးပေါ့...

ဒီတွက်နည်းလေးကမြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။မိန်းခလေးတွေအတွက်သီးသန့်ပါ။အရွယ်ရောက် တဲ့မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ ..တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ မေတ္တာရှိကြောင်းပြောလာတာ၊ လက်ထပ်ခွင့်ပန်လာတာတွေရှိပါလိမ့်မယ်...ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ်ချစ်တာမှ ဟုတ်ရဲ့လား ဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။
ကို က ဖူးကို တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်
အဆင့်(၁)ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။အက္ခရာနဲ့ သင်္ချာဂဏန်းတွဲပြထားပါတယ်
ဗျည်း ကိုသာယူပါတယ်..။
အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ ၁
က ခ ဂ ဃ င ၂
စ ဆ ဇ စ် ည ၃
ယ ရ လ ၀ ၄
ပ ဖ ဗ ဘ မ ၅
သ ဟ ၆
ထ တ ဒ ဓ န ၇

ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်
ဥပမာ- ကို့ နံမည်က  ဉာဏ်ဇော် ဆိုတော့
ည/ဉ + ဇ
= ၃+ ၃
= ၆
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၄) နှစ်ထဲရောက်နေရင် ဟို (၂၃) နှစ်ပြည့်ပြီးရင် အဲဒါ (၂၄) ပဲနော်..
မိမိက တနင်္လာနေ့ မှာမွေးတယ် ဆိုပါစို့။

ဖူး ရဲ့ အသက်=၂၄
ဖူးရဲ့ မွေးနေ့ သင်္ချာ နံ = တနင်္လာ = ၂
အသက် + မွေးနံသင်္ချာ= ၂၄+၂=၂၆

ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့
အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်းကိုကြည့်...။

အဆင့် ၁ ရလဒ် = ၆
အဆင့် ၂ ရလဒ်= ၂၆
၂ ခုပေါင်း =၆+၂၆=၃၂
၃၂ ကို ၇ နဲ့စားပါ အကြွင်းက ၄ ပါ..။

ဒီအဖြေကကိုကြည့်တဲ့အချိန်မှာရင်တွေအရမ်းခုန်းနေတယ်...
အဖြေကိုကြည့်ပြီးပျော်လည်းအရမ်းပျော်သွားတယ်...ကြည်လဲကြည်နူးတယ်...ကို့ကိုလည်းသိစေချင်တယ်..
ဖူးရဲ့အဖြေက

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ကို့ကိုမြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ကို့အတွက်ဆိုဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။သူက စကားနည်းတယ်။ဒီမေတ္တာစကားပြောဖို့တောင်တော်တော်အရှိန်ယူ ရပုံပဲ။
ကို့အပေါ်သူတတ်အားသလောက်တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။သဘောကျရင်စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။သူ့ဝန်းကျင် အသိုင်းအ၀န်း။
သူ့အနေအထားတွေကိုမိန်းကလေးပီပီထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့အမှတ်ပြည့်တကယ်ပေးထားတယ်။
ကို့သဘော ကို့အလိုတကယ်လိုက်ပြီး ကို့မျက်နှာအညိုးမခံရအောင်
သူ့ဘက်ကတကယ်ဆောင်ရွက်ပေးမှာပါ...လက်ခံလို့ရတယ်။သူဘက်ကလက်ထပ်ဖို့သေချာပါတယ်။အချိန်ယူပြီးစဉ်းစားဆုံးဖြတ်ပေါ့..။

သူငယ်ချင်းတွေအားလုံးရင်ခုန်နိုင်ဖိုကျန်တဲ့အကြွင်းတွေကိုလည်းရေးပေးထားပါတယ်။
ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။

အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။တကယ်ချစ်နေတာပါ။ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိယ့်အပေါ်မှာ
မစဉ်းစားသေးဘူးနော်။လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ်တလော သူ့မှာ
မရှိသေးဘူး။သူ့မှာ ဖြေရှင်းစရာ။ရင်ဆိုင်စရာမိဘ အသိုင်းအ၀ိုင်းကြားထဲက ချစ်နေရတာ။ ချစ်သူဘ)နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့
တော့ကောင်းပါတယ်။ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမ ဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို
သတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကိုစံတင်လောက်တယ်။သူတကယ်ကို့ကိုချစ်နေတာ။သနားဖို့ကောင်း
ပါတယ်။သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ အားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။သဘောကလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေအနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။တခုတော့ရှိတယ်နော်။သူက တကယ်လက်ထပ်မှာလို့ပဲပြောတာ။
ကိုက မစဉ်းစားသေးဘူးဆိုလည်းသူက နေက်ဆုတ်သွားမှာပါ..။အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့..။
မျက်နှာများတဲ့သူပဲ။ကို့ကိုသဘောကျတွဲချင်တာ ပဲ ရှိပါတယ်။လေးလေးနက်နက်ချစ်တဲ့အနေအထားတော့မဟုတ်ဘူးနော်။လက်ထပ်ပေါင်းသင်းဖို့နေနေသာသာ ရေရှည်ချစ်ပါ့မလားတောင်
မသိ။ကိုက လက်ခံမိရင် ကို့အပြင်သူနောက်ထပ်တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ပြန်လာလိုက်နဲ့ချစ်တမ်းကစားနေတာတို့
လုပ်အုံးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှချစ်ပေါ့။ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။မိတ်ဆွေလောက်နဲ့ပဲထားဖို့ကောင်းပါတယ်။

အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။တခါတလေကို့ကိုချစ်လိုက်။တစ်ခါတလေ
ကို့ကိုမေ့ထားလိုက် လုပ်မှာပါ..။ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။တခါလောက်ပြောပြီး ကိုက မူပြီးအချိန်
ဆွဲထားရင်ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာမဟုတ်ဘူး။သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။သူ့ရင်ထဲမှာ အသည်းနလုံးရော
ရှိရဲ့လား..။ဆိုတာကိုလေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။တွေးကြည့်ပေါ့။ငြင်းစရာမှိလောက်အောင်ပြည့်စုံလို့
လက်ခံမယ် ။ကိုကချစ်သာနေပြီးမဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ် ကောင်းတဲ့သူဆိုတာသတ်မှတ်လိုက်ပါ။သူ့မေတ္တာက အမှန်တည်ငြိမ်ပါတယ်။ကိုမှတပါးနောက်တယောက်ထားမှာမဟုတ်ဘူး။ပြီးခဲ့တဲ့ အတိတ်မှာဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှတည်တည်ငြိမ်
ြိငိမ်ဖြစ်မှာ။အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်ဖွားလာတဲ့အချစ်စစ်။တကယ်လက်ထပ်သင့်တဲ့သူပေါ့။
သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ရေရှည်တည်မြဲပါတယ်။ကို့မိဘ ကို့အသိုင်းအ၀ိုင်းသူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ
စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသားအောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ ကို့နဲ့ မထိုက်တန်ပါဘူး။ဟိုမရှင်းဒီမရှင်း အရှုပ်ထုတ်ထဲ
ကို့ပါဆွဲသွင်းနေတာ။သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ရှေးစကားနဲ့ပြောတာမှတ်မိသေးတယ်
ဒူးနဲ့မျက်ရေသုတ်နေရမယ်။သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်းတစ်မျိုးနှင့် မညလမ၀ယ် မိန်းကလေးများဆိုရင်တော့..
တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ယောင်လို့များသွားမတွဲနဲ့ ယူလို့လဲမကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက်
ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။


ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ချစ်သူရှိပြီးသားလူတွေနဲ့ပတ်သတ်ပြီး
တွက်ကြည့်ချင်ရင် တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်းဘယ် အသက်မှာ
ဘယ်နာမည်မျိုးနဲကလူက အချစ်စစ်ကမ်းလှမ်းလာမယ်ဆိုတာ ဥာဏ်ကစားပြီးတွက်ကြည့်ပေါ့နော့်..။

သူငယ်ချင်းများအားလုံးကိုယ်ချစ်တဲ့လူနဲ့အေးချမ်းစွာအတူနေနိုင်ကြပါစေ.....

ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သံယောဇဉ်အတွေးပန်ချီ

ဒီနေ့....နေမကောင်းလို့အလုပ်လည်းမသွားနိုင်ဘူးနေမကောင်းဘူးဆိုတာကဗိုက်ကအောက်အောက်
နေလို့ပါ  မနက်ကဆေးခန်းသွားပြရတယ်လေဆရာဝန်ကအစပ်တွေမစားနဲ့ထမင်းကိုလည်းအချိန်မှန်
မှန်စားလို့ပြောလိုက်တယ်  အခန်းမှာလည်းနေရတာတအားပျင်းတယ်ဘာလုပ်လို့လုပ်ရမှန်းကို
မသိတာ  အဲတာနဲ့ရေကန်လေးနားမှာလေညှင်းလေးတွေသွားခံမှာပေါ့လို့စိတ်ကူးရတာနဲ့
သွားမိတယ်ရေကန်က(ကန်ပုန်းရေကန်)အရမ်းကိုလှတယ်ဒီလိုညနေစောင်းဆိုရင်  ဒီနေ့လေးက
ကြားရက်ဆိုတော့လူတွေရှင်းနေမှာပဲဆိုပြီးသွားတာ   အားပါးပါး  လူတွေလူတွေ တအားကိုများတာပဲ
အလယ်တန်းအရွယ်ကျောင်းသူကျောင်းသားလေးတွေ    ကအုပ်စုလိုက်အုပ်စုလိုက်နဲ့
ခုံတန်းလေးတွေမှာလည်းချစ်သူစုံတွဲလေးတွေကတစ်ယောက်ရဲ့ပုခုံကိုတစ်ယောက်ကမှီလို့
တစ်ချို့ဆိုလက်ချင်းချိတ်လို့သွားနေလိုက်ကျတာ   အဖိုးတွေအဖွါးတွေကလည်းကျန်းမာရေး
အတွတ်အပြေးလေးကျင့်နေကျတယ်   တစ်ချို့သက်လတ်ပိုင်းတွေေ၇ာ
အဲဒီအချိန်မှာအရမ်းကိုကြည်နူးနေကျတဲ့ချစ်သူစုံတွဲတွေကိုငေးကြည့်နေရင်းနဲ့
ဒီအချိန်မှာသာဆိုရင်ဘေးနားမှာသူလေးသာရှိနေရင်ဘယ်လောက်ကောင်းမလည်းဆိုပြီး
တော့        တွေးနေမိတယ်  
         အဲအချိန်မှာပဲရင်ထဲကနေပြီးစပ်မိစပ်ရာ မပီကလာပီကလာကဗျာလေးတစ်ပုဒ်ကို
ေ၇းနေမိတယ်
     
                ညနေနေလေပြေသွေးလေးတွေနဲ့
       တူနှစ်ကိုယ်ချစ်ကြည်နူးနေလိုက်ကျတာ
      တိမ်ပြာပြာမိုးကောင်းကင်အောက်
      ဆည်းဆားအလှမှာ  ရှက်သွေးကြွယ်နေတဲ့
      ချစ်သူစုံတွဲတွေကိုကြည့်ရင်း
      ကိုယ့်ရင်ထဲမှာမင်းကို
      သတိရနေမိတယ်
       သံယောဇဉ် နှောင်ကျိုးလေးတွေနဲ့
       လက်ခြင်းယှက်လို့ပျော်နေကျတဲ့
      ချစ်သူစုံတွဲတွေကိုကြည့်ရင်း
      ကန်ဘောင်ဘေးကခုံတန်း
       လေးပေါမှာတစ်ကိုယ်တည်း
     ထိုင်နေမိတယ်
     သတိရလိုက်တာချစ်သူေ၇း
     ငါ့မှာတော့
     နေဝင်ဆည်းဆာလေးကိုကြည့်ရင်း
     အတွေးပန်ချီတွေနဲ့
     ဒီအချိန်မှာသာအနားမှာချစ်သူရှိရင်
    ဘယ်လောက်ကောင်းမလည်းလို့
    ထားလိုက်ပါတော့ ဆည်းဆာေ၇
    မင်းလည်းငါ့ကိုမကြိုမှတော့
     လမင်းက  ငါ့ကိုကြိုနေမှာ
     ဒီအချိန်မှာ  ငါ့စိတ်တွေလေနေပါစေ
     ညနေေ၇ာက်တိုင်း
     ငါအမြဲ သတိရနေမှာပါ
     ချစ်သူရယ်...

                          .......အသည်းလေး

   

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

July 18 အမှတ်တရ

                                           City squareကုန်တိုက်ထဲမှာပေါ့
       ထမင်းစားနေတာတောင်ပဲကများနေတာလေ(အိုက်တင်ခံနေတာ)အဲဒီနေ့က
       ချစ်ချစ်ပဲအားလုံးစားတာကြည့်လေ၁ပွဲတောင်ကုန်သွားပြီးဗိုက်ကမဝလို့တဲ့......p;p;p;
            မုန့်တွေရောင်းတဲ့ဆိုင်ရှေ့မှာလေသွားကြီးတွေဖြဲလို့ထပ်စားအုန်းမယ်တဲ့....ဟီးဟီး(မဝလို့)
                 မနိုင်မနင်းနဲ့မုန့်ေ၇ာဖိနပ်ပါဆွဲထားရလို့
              City square ကုန်တိုက်ထဲမှာပေါ့နှစ်ယောက်အတူတူဓါတ်ပုံရိုက်နေတာ
               ရေခဲမုန့်လည်းစားမယ်ဆိုတော့သွားဝယ်ကျတာအဲမှာဘေးကဖြတ်သွားတဲ့စုံတွဲကို
      ရိုက်ခိုင်းထားတာလေ  
                            ..........................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စပ်မိစပ်ရာ

 ချစ်ရယ်......အထင်တော့မလွဲလိုက်နဲ့ဦး
ဖုန်းလေးများမဆက်နိုင်ခဲ့ရင်...
ကိုယ့်အပေါမှာ...မငြိုငြင်ပါနဲ့နော်
(Bridgestone)အလုပ်သမားဘဝဟာ
ချစ်သူကိုလွမ်းဖို့ရာ....တစ်ခါတစ်လေ
အချိန်တော့မပေးနိုင်ပါ
အင်ဂျင်ကိုသေခြာလုပ်ဖို့ .....ကားတွေမြန်မြန်ပြီးလို့
မရမကနက်(မူလီ)တွေယူကာ
ဒါတွေကို(အဘ)ကိုမင်းက........အသိဆုံးပါချစ်ရယ်
လာတဲ့အခါ    မေးကြည့်ပါကွယ်
ကိုယ့်သဘောနဲ့.....ပြောရရင်
အချစ်ဆုံးချစ်သူလေးနဲ့
ဂျိုဟိုးမှာလေ......အတူနေချင်သပေါ့နော်
ဒါပေမယ့်....(Bridgestone)ရောက်နေ
ကိုယ့်မှာလေ    လွမ်းတာကိုရင်မှာပိုက်လို့
နတ်(မူလီ)တွေကိုဆတ်ကြပ်နေရတယ်
                ...................................................        p;p;p;
                                           အသည်းလေး
     ဒီကဗျာလိုလို သီချင်းလိုလိုဟာကိုချစ်သူသာတွေ့ရင်တော့တော်တော်စိတ်ဆိုးနေမလား
မသိဘူး   ဒါလေးကိုသူကဟိုတနေ့ညကဆိုပြထားတာ   ဟီး ဟီးp;p;p;

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS