မနေ့ကထက်ပိုလို့ချစ်မယ်...
သူနဲ့ကိုယ်နဲ့ဒီလိုအေးချမ်းတဲ့အချိန်လေးမှာချစ်သူတွေဖြစ်ခဲ့ကျတယ်အသက်နှစ်နှစ်ပဲကိုယ့်
ထက်ငယ်တဲ့ကိုယ့်ရဲ့ချစ်ရသူလေးပေါ့အခုသူနဲ့လည်းတွေ့ရဖို့ရက်တွေကသိပ်မလိုတော့ဘူးအရမ်း
ကိုရင်တွေခုန်နေမိတယ် သိပ်မကြာတော့တဲ့ရက်ပိုင်းလေးအတွင်းမှာကျွန်တော်ချစ်ရတဲ့ချစ်သူလေးရဲ့
မွေးနေ့လေးရောက်လာတော့မယ် ...
သူ့ကိုအရမ်းလည်းသတိရနေမိတယ် သူနဲ့အတူတူရှိခဲ့တဲ့အချိန်ကလျှောက်လည်ဖူးတဲ့
နေရာလေးတွေကိုပြန်စဉ်းစားမိရင်းနဲ့စိတ်ထဲမှာအလိုလိုကြည်နူးနေမိတယ်..
သူအခုအလုပ်တွေအရမ်းများနေတယ် စာမေးပွဲဖြေဖို့ရက်ကလည်းသိပ်မလိုတော့ဘူး
လေနေ့ဆိုရင်ဆေးရုံပြေးရတာနဲ့ညကျပြန်ေ၇ာက်လို့တစ်နေကုန်ပင်ပန်းနေတဲ့ချစ်သူ့မျက်နှာလေး
ကိုကြည့်ပြီးအလိုလိုသနားနေမိတယ်ဒီကြားထဲစာမေးပွဲဖြေဖို့ရက်ကလည်းသိပ်မလိုတော့ဘူးဆိုတော့
သိခြင်တာတွေကိုပြန်ရှာဖတ်နေတာနဲ့ဒီရက်ပိုင်းအတွင်းအတော်လေးပိန်သွားတယ်...p;p;p;
သူကရီစရာဟာသလေးတွေပြောရင်းပျော်ပျော်လေးနေတတ်သလိုတစ်ခုခုကိုလုပ်တော့
မယ်ဆိုရင်လည်းချက်ကျကျနဲ့လုပ်ကိုင်တတ်ပြန်တယ်ချစ်သူဘဝမှာပျော်ရွင်ကြည်နူးစရာလေး
တွေကောင်းသလိုတစ်ခါတစ်ခါဘာမဟုတ်တဲ့ဟာလေးတွေနဲ့စစဖောက်တတ်တဲ့ကျွန်တော့်ကို
လည်းဆိုဆုံးမတတ်ပြီးနားလည်မူတွေနဲ့ခွင့်လွတ်ပေးခဲ့တယ်
မကြာတော့တဲ့ရက်ပိုင်းလေးအတွင်းမှာကျရောက်တော့မယ့်ချစ်သူရဲ့မွေးနေ့အတွတ်
ကဗျာလေးတစ်ပုဒ်နဲ့ကျွန်တော်အရင်ဦးဆုံးကြိုဆိုနေမိတယ်
ရာသီတွေအလီလီပြောင်းလို့
တစ်နှစ်တစ်ခါရယ် ရောက်ရှိလာမယ့်
မွေးနေ့လေး မှာ
သူငယ်ချင်းတွေနဲ့ ပျော်ရွင်ခဲ့ဖူးတဲ့
တစ်ချိန်ကမွေးနေ့လေးကိုပြန်တမ်းတလို့
အရှေ့ကိုေ၇ာက်လင့်တအား
ဗျာများနေတဲ့ ငါ့ရဲ့စိတ်~~~~
အမှောင်ရဲ့တစ်ဖက်မှာ ပိတ်လှောင်မိနေတဲ့
ငါ့ရဲ့စိတ်အတွေးကို လက်လှမ်းမှီသလောက်ဆန့်ထုတ်ရင်း
တစ်ချိန်ကပျော်ရွင်ခဲ့တဲ့နေ့ရက်တွေကို
တစ်ကယ်အဖြစ်ေ၇ာက်အောင်ကြိုးစားတဲ့အခါ
ပျော်စရာလေးတွေနဲ့ငါ့ရဲ့နိမိတ်အာရုံမှာ ဖြစ်ထွန်းလာခဲ့ပေါ့
တစ်ခါတစ်ခါ အချိန်များစွာ
အလွှာပါးလေးတစ်ခုမှာ
ကျင်လည်ရတဲ့ အလုပ်ချိန်တွေကြား
ချစ်သူ့ ........စကားသံလေးတစ်ခုနဲ့
စိတ်အာရုံကို လန်းဆန်းစေခဲ့တယ်~~~~
ဘဝရဲ့ရည်မှန်းချက်တွေနဲ့
လူတစ်ကာတွေကြား တိုးပွါးလာတဲ့
အသိပညာ များနဲ့ အတွေးသစ်များစွာကို
ခလေး ကစားစရာလိုလည်းမသတ်မှတ်တဲ့သူ
ဘဝဆိုတဲ့ဇတ်ခုံပေါ်
ရည်မှန်းချက်ကြီးစွာနဲ့
ချစ်သူလက်ကိုခိုင်မြဲစွာတွဲလို့
ပျော်ရွင်ကြည်နူးခြင်းများစွာနဲ့
ခရီးဆုံးထိ မျှော်လင့်ခြင်းရောင်နီအောက်
တစ်ကြိမ်တစ်ခါထက် မက
အကြိမ်ကြိမ်အခါအခါမက်ရအောင်
ချစ်သူ~~~~~~~~~~~~~~~~
..................................အသည်းလေး
ရင်လှိုင်းခတ်သံ
နိဒါန်းအစ ဒီဇင်ဘာက
ခင်မင်ခဲ့တဲ့ နှောင်ကြိုးတွေနဲ့
ရစ်ပတ်နှောင်တွယ် သံယောဇဉ်
လေးတွေနဲ့ တွယ်တာခဲ့ရတယ်
ချစ်ရသူရယ်~~~~
~~~~ချစ်သူဘဝ
ပျော်စရာကောင်းသလို
စိတ်ဆိုး စိတ်ကောက်နဲ့
ပြန်ချော့ရတဲ့အချိန်
သံသရာ တဝဲလည်
မြတ်နိုးစွာနဲ့
အတူတူဖြတ်သန်းကျတုန်း~~~~
~~~~အချစ်ရဲ့နိဂုံး
အလှပဆုံးအချိန်မှာ
အမုန်းမဖတ်ပဲ
မေတ္တာကမ္ဘာလေးထဲမှာ
တူယှဉ်ကာတွဲ
သက်ထက်ဆုံးတိုင်
တူလျှောက်လှမ်းမယ်
ချစ်ရသူရယ်~~~~
ချမ်းမြေ့ပါစေ...
၂၀၁၃ နှစ်သစ်မှာ ချစ်သူငယ်ချင်းအပေါင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့်
ပြည့်စုံပါစေကြောင်း
ချမ်းမြေ့ပါစေ... သီချင်းလေးနဲ့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်....
ဖူး
Welcome Happy New Year 2013....
မေ့မရတဲ့ ဂရုစိုက်မှုတွေနဲ့ 
မင်းအပြုံးတွေကိုတမ်းတ
လွမ်းရတဲ့ ဘ၀က
မွမ်းကြပ်တယ်...ချစ်သူ...
ဆင်တူအင်္ကျီနဲ့ 
ပျော်စရာ ၂၀၁၂မှာ
ချစ်သူလက်ကိုတွဲ
ရဲရဲလျှောက်ခဲ့လမ်းတွေ
ချစ်သူပခုံးကိုမှီရင်း
ခံစားချက်တွေမျှဝေခဲ့
နေရက်တွေတိုင်း
Valentine ပေါ့...ချစ်သူ...
ပြုံးနေတဲ့ နှုတ်ခမ်းရဲ့ ပျော်ရွင်မှု
မဲ့နေတဲ့ နှုတ်ခမ်းရဲ့ နာကျင်မှု
အံ့သြစရာကောင်းတဲ့ ဘ၀လှိုင်းဒဏ်တွေကြား
မြှပ်တစ်လှည့် ပေါ်တစ်လှည့်
ကြိုးစားဖြတ်သန်းရင်း
ဆိုးအတူ ကောင်းဘက်
တွဲလက်တွေခိုင်မြဲခဲ့တယ်...ချစ်သူ...
December 31 ,2012 မှာ
နှစ်ဟောင်းကုန်သွားပေမဲ့
မကုန်ဆုံးနိုင်တဲ့ အချစ်တွေနဲ့ 
အပေးအယူမျှတဲ့ နားလည်မှုပေါင်းစု
အပြန်အလှန် ယုံကြည်မှုတွေကို သစ္စာပြုရင်း
ပျော်စရာကောင်းတဲ့
Happy new year 2013 ကို
တူတူကြိုဆိုလိုက်ရအောင်...ချစ်သူ...
ချစ်တဲ့ သူငယ်ချင်းများ ၂၀၁၃ မှာ ပျော်ရွင်သောနှစ်သစ်ဖြစ်ပါစေ...
ဖူး
HAPPY NEW YEAR 2013
ဒီဆောင်း
မှောင်ရိပ်သန်းနေတဲ့ဒီလမ်းလေးထဲမှာ
လေ၇ာင်ကအလင်းယဲ့ယဲ့လေးနဲ့
ကဗျာဆန်လွန်းလှတဲ့ ......ဒီဆောင်း
သစ်ကိုင်းခြောက်တွေပေါ်
ခိုတွယ်နေတဲ့ နှင်းစက်လေးတွေ
အိမ်ခေါင်မိုးပေါ်တစ်တောက်တောက်
ကျနေတဲ့နှင်းစက်တွေရယ်
ဘယ်နေရာကိုပဲကြည့်ကြည့်
နေရာတိုင်းနေရာတိုင်းအဖြူရောင်သန်းလို့
လွမ်းဆွတ်တမ်းတမူတွေကိုပေးနိုင်လွန်းတဲ့ဆောင်း
ဒီဇင်ဘာရဲ့နောက်ဆုံးညလေးမှာ
ပျော်ရွင်မူတွေနဲ့
ဒို့ .....နှစ်ယောက်အတူတူ
နှစ်သစ်ကိုကြိုတဲ့ဆောင်း
အို ဆောင်းရယ်
မင်းရဲ့အလှကို ကဗျာတွေဖွဲ့
စာတွေတည် သီချင်းတွေဆိုရင်း
မြူနှင်းတွေဆိုင်းတဲ့ ဒီမနက်ခင်းလေးမှာ
ချမ်းစိမ့်စိမ့်နဲ့ ကိုယ့်တစ်ယောက်တည်း
နွေးထွေးတဲ့ချစ်သူ့ကိုယ်ပွါး
ဒီစောင်လေးကိုခြုံပြီး
တစ်ကိုယ်တည်းဆက်ကွေးလိုက်ဦးမယ်.................p;p;p;
.........................................အသည်းလေး
အချစ်ဆိုသည်မှာ
လောကကြီးမှာကျွန်တော်တို့တစ်တွေချစ်သာချစ်နေကြတာ အချစ်ဆိုတာဘာလဲလို့
အမေးခံရတော့လည်း ယောင်လည်ယောင်လည် ဖြစ်ကုန်ကျတယ်
အချစ်ဆိုတာကြီးကလည်းထူးဆန်းလိုက်တာ လူတစ်ဦးချင်းဆီရဲ့ ခံစားချက်နဲ့ လိုက်ပြီး
ကွဲပြားနေတတ်ပြန်တော့လူတစ်ယောက်ခြင်းစီရဲ့ ခံယူချက်တွေလည်း အမျိုးမျိုးကွဲလွဲနေကျပြန်ရော
ကျွန်တော်ကတော့အချစ်ဆိုတာ တစ်ယောက်အပေါ်တစ်ယောက်လေးစားခြင်း!
နားလည်မူရှိခြင်း ! ယုံကြည်စိတ်ချခြင်း ! သစ္စာရှိခြင်း တို့ အချိုးကျပါဝင်တယ်လို့
ထင်နေမိတယ်..
လောကကြီးထဲမှာ အချစ်တွေအမျိုးမျိုးရှိနေကြတာပဲမဟုတ်လား သူငယ်ချင်းတို့....?
နှစ်ဦးနှစ်ဖက် အပြန်အလှန်ချစ်ကြသူတွေ၊ တဖက်သက် နဲ့ နှစ်နှစ်ကာကာချစ်နေသူတွေ။
ပေးဆပ်မှုတွေ၊ ရယူမှုတွေ၊ နားလည်မှုတွေ နဲ့ ချစ်နေကြတာပဲလေကျွန်တော်ကတော့အချစ်ကို
နှစ်မျိုးခွဲခြားထားတယ်
(၁)အချစ်ဆိုတာ တစ်ခါတစ်လေ အဆုံးစွန်သော နားလည်ပေးမှုတွေနဲ့ စွန့်လွှတ်ပေးနိုင်တယ်
ကိုယ်ချစ်တဲ့သူအတွက်ဆိုရင် သူကိုယ့်ကို လိုအပ်ချိန်မှာ ရှိနေပေးချင်ကြမယ်၊ မလိုအပ်တော့ဘူးဆိုရင် ပြောနေစရာတောင်မလို ရှောင်ပေးနေပြီးသားဖြစ်နေမယ်။ အဲဒီအတွက်လည်း အမုန်းတွေ ကင်းစွာနဲ့ ကျေနပ်နေတက်ကြတယ်။ အပြစ်တင်ပြောဆိုမှုတွေ ကင်းနေမယ်။ ဘယ်သူမှားခဲ့တယ် ဘယ်သူမှန်ခဲ့တယ်ဆိုတဲ့
အမှားအမှန်တွေ မရှိ၊ အနိုင်အရှုံးတွေ မရှိ ပကတိ စိတ်ထဲကနေ ချစ်တယ်ဆိုတာနဲ့ပဲ ချစ်ပြသွားတတ်ကြတယ်။
သူ့ကို သူ့စိတ်တိုင်းကျ ရွေးချယ်မှုတွေ ရှိနေစေမယ်။ သူရွေးချယ်နေတဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ်က နားလည်မှုတွေနဲ့ လက်ခံပေးလိုက်မယ်။ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို သူကလည်း
ယုံကြည်နေစေသလို၊ သူရွေးချယ်သွားတဲ့ လမ်းအတွက်လည်း ကိုယ်က အသိအမှတ်ပြုပေးလိုက်ပါမယ် ဒီလိုနည်းလေးနဲ့ သူ့အပေါ်ချစ်တဲ့ ကိုယ့်ရဲ့အချစ်တွေကို လေးလေးစားစားဖြစ်နေစေမယ်
ကိုယ်ကိုယ်တိုင် မပူလောင်သောနည်းနဲ့ ကိုယ့်ချစ်သူကိုပါ အေးချမ်းနေစေခြင်တယ်
ကိုယ်ချစ်တဲ့သူကို စွန့်လွှတ်လိုက်ရလို့ နာကျင်ရမှာ မှန်ပါတယ်ဒါပေမယ့် ကိုယ့်အနားမှာ
သူရှိနေပြီး သူ့စိတ်က ကိုယ့်ဆီမှာ မရှိပဲ နှစ်ယောက်လုံး နာကျင်နေရမှာထက်စာရင် ကိုယ်တစ်ယောက်တည်း နာကျင်နေရတာက ပိုကောင်းပါတယ်။ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာကို နှစ်ဦးနှစ်ဖက်ကို လေးစားသောအားဖြင့် ဆုံးဖြတ်ရမှာပါပဲ
ဒါကတော့ တစ်ဖက်သတ် အချစ်နဲ့ ဆိုင်တယ်လို့ဆိုရမှာပေါ့.....
(၂)နှစ်ဦးနှစ်ဖက် ချစ်နေကြသူတွေမှာတော့ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားယုံကြည်မှုက အရေးအကြီးဆုံး
တစ်ဦးတစ်ယောက်ကိုချစ်လာတဲ့အခါ သူလိုအပ်တာလေးတွေကို အလိုလိုသိနေနိုင်သလိုသူမကြိုက်တာတွေကိုလည်း မလုပ်မိအောင်
ရှောင်ဖြစ်သွားတယ် အပြန်အလှန် ယုံကြည်မှုတွေရှိနေမယ်၊ နားလည်မှုတွေနဲ့ စောင့်ထိန်းတတ်လာမယ်
တစ်ချို့ကတော့ရှိပါတယ် သူမကြိုက်တာတွေကို သူ့ရှေ့မှာ မလုပ်ဘူး၊ နောက်ကွယ်မှာ လုပ်တယ်
သူမှ မသိတာကွာ တစ်ခါတစ်လေပဲ ဘာမှမဖြစ်ပါဘူး ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ အင်းကျွန်တော့်အထင် အဲဒီကစတာပါပဲ..
အဲဒီစကားလေးတစ်ခွန်းက ပြောမယ့်သာပြောတာ သေချာစဉ်းစားကြည့်ရင် ကိုယ်သူ့အပေါ်ချစ်တဲ့
အချစ်ရဲ့တန်ဖိုးကို ဟိုးအောက်ဆုံးထိ ဆွဲချသွားတတ်တာကိုဘယ်သူမှ သတိမထားမိကြဘူး
တကယ်ပဲလေးလေးစားစားနဲ့ ချစ်မယ်ဆိုရင် သူမကြိုက်တာကို သူ့နောက်ကွယ်မှာ လက်တွေ့မပြောနဲ့ စိတ်နဲ့တောင် မချိုးဖောက်မိအောင် ထိန်းသိမ်း နေမိမှာပါပဲအဲဒီအချစ်တစ်ခုကို ပေါ့ပျက်ပျက်စကားလုံးလေးနဲ့တောင်
အညှိုးအနွမ်း မခံနိုင်ပါဘူး ဒါကတော့ ကျွန်တော့်ရဲ့ခံယူချက်ပေါ့...
အဲ.. သူ့ဘက်ကိုရော ကိုယ့်အပေါ်ချစ်တဲ့ အချစ်ကို ဘယ်လိုနားလည်ပေးနိုင်မှာလဲ ဆိုရင်တော့.. ဟုတ်ကဲ့ ဒီလိုပဲ ခံယူမိမှာပါပဲ သူသာ ကိုယ့်ကိုတစ်ကယ်ချစ်ရင် ကိုယ်မကြိုက်တာတွေကို ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး သူ့ဘာသာသူ သိနေမှာပါပဲ ဒါမှလည်း တရားမယ်လို့ထင်တယ် ကိုယ့်ဘက်ကချည်းပဲ လိုက်ပြီးနားလည်ပေးနေရမယ်၊ ဖြည့်တွေးပေးနေရမယ်
ဆိုရင်တော့ တစ်ဖက်သတ်အချစ်နဲ့ ဘာများကွားဦးမှာလဲ.. မဟုတ်ဘူးလား.......?
ဟိုဝတ္ထုစာအုပ်တွေထဲကလိုလူတစ်ယောက်ကိုချစ်ဖို့ကလွယ်ပါတယ် ချစ်မြဲချစ်နေဖို့သာ ခက်တာပါတဲ့...
မှန်ပါတယ် .. တစ်ဦးနဲ့တစ်ဦး ချစ်လိုက်ဖို့က၊ ချစ်သူတွေအချင်းချင်း ချစ်မြဲချစ်နေကြအောင် လုပ်ရတာလောက် မခက်ဘူးလို့ထင်မိတယ်
တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုတွေ နဲ့ အပြန်အလှန် နားလည်ပေးပြီး တည်ဆောက်တဲ့ အချစ်မျိုးမှ စိတ်ထဲမှာ လုံခြုံမှုရှိတဲ့
အချစ်တစ်ခု ဖြစ်လာမယ်လို့ထင်တယ် တစ်ဦးရဲ့စိတ်ကို တစ်ဦးက လုံခြုံမှုပေးနိုင်ရပါမယ် တည်ဆောက်ထားတဲ့အချစ်တွေ
ခိုင်မာနေအောင် အလုပ်နဲ့သက်သေပြရမယ်တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ မပျက်စီးသွားအောင် ကြိုးစားတည်ဆောက်နေရမယ်
ကိုယ်စီ စိတ်ထဲမှာလည်း သံသယတွေ ကင်းနေစေရမယ် သံသယတွေ ကင်းနေစေဖို့လည်း အပြန်အလှန် ကြိုးစားစောင့်ထိန်းနေရမယ်
ပြဿနာ တစ်ခုခု ရှိလာပြီဆို အရင်ဆုံး အငြင်းမပွားကြဘဲ နှစ်ဦးစလုံးက ပြဿနာရဲ့ အခြေခံ
အကြောင်းအရင်းကို ခေါင်းအေးအေးနဲ့ စဉ်းစား ပြီး ဖြေရှင်းသင့်တယ်လိုထင်မိတယ်
နှစ်ဦးလုံးရဲ့ စိတ်ထဲမှာ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ကို တွေးလိုက်တာနဲ့ အေးချမ်း လုံခြုံမှုကို ခံစားနေရမယ်ဆိုရင်ဘယ်လောက်များစိတ်ချမ်းသာစရာကောင်းမလဲမဟုတ်လားအချစ်ဆိုတာ
နှစ်ဦးစလုံးကို အေးချမ်းနေစေတာ အကောင်းဆုံးလို့ ကျွန်တော်ကတော့ထင်နေမိတယ်
ကျွန်တော်ကတော့ နှစ်ဦးနှစ်ဖက် အချစ်ကိုတော့ သည်လိုမျိုးလေးဖြစ်သင့်တယ်ဆိုတဲ့ အတွေးနဲ့ ရေးထားတာပေါ့
တစ်ဖက်သတ် အချစ်ကတော့ သည်လိုမျိုးလေး ချစ်ဖူးတယ် ဆိုတာကိုသူငယ်ချင်းတစ်ယောက်က ပြောပြတာပါ..
ချစ်သောသူငယ်ချင်းတို့လည်း ကိုယ့်သဘောထားလေးနဲ့ကိုယ်၊ကိုယ့်ရင်ထဲက
သဘောထား တူညီသူတွေရော၊ မတူညီတူတွေပါ ချစ်ခြင်းမှာ ပျော်ရွင်အေးချမ်းကျပါစေနော်




















