Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ဘာလည်းဟင်း.......ဒါလားဟယောက္ခမ

    ကျွန်တော်ယောက္ခမတွေဆိုတာကိုတစ်ခါမှလည်းမမြင်ဖူးဘူး  အပြင်မှာပြောတာနော်တစ်ခါမှမမြင်ဖူးတာကို
..ဓါတ်ပုံလေးကိုမြင်ဖူးမှပဲ...(ပိုလန့်သွားတာ) အဲယောင်လို့စိတ်သက်သာရသွားတာ   ယောက္ခမကြီးကမျက်နှာချို
တယ်လေ     ဟိုသီချင်းကိုသွားသတိရမိတယ်(ယောက္ခမကြီးကမျက်နှာချိုတယ်ကိုယ့်မယားကစေတနာပိုတယ်...
ဟီး ဟီး) ယောက္ခမကြီးသာကြားရင်တော့လား  ငါကမျက်နှာလေးတော့ချိုတယ်ဆိုတော့စိတ်ကပုပ်နေလို့လား
မေးနေဦးမယ်   တော်လေးကြာ..........ppp
ဟုတ်တယ်တစ်ကယ်ကိုမျက်နှာလေးကချိုနေတာပါ   လက်ကရွှေလက်ကောက်ကြီးကိုလည်းကြည့်ဦးမလား  တစ်ချွင်ချွင်
နဲ့  ဝင်းလို့ ထင်းထင်းကြီးပေါ်ပြီး  ပြုံးပြုံးကြီးကိုရပ်နေတာ(ဓါတ်ပုံထဲမှာနော်)
      ကျွန်တော်ကတော့သူငယ်ချင်းတွေသိတဲ့အတိုင်းအမြဲလိုလိုရှပ်ပြာပြာနဲ့လူဆိုတော့   တစ်ခုခုသွားတော့မယ်ဆိုရင်
အမြဲပစ္စည်းတစ်ခုမေ့ကျန်တတ်တာကျွန်တော့်အကျင့်လိုဖြစ်နေတယ်   အမေကတော့အမြဲပြောရှာတယ်ယောက္ခမတွေအိမ်ကို
ရောက်ရင်မိဘမျက်နှာဖျက်မယ့်သားတဲ့      ...ဟီးး  အဲလိုထောပနာပြုရှာတာလေ   အမေရေအမေပြောသလိုအမေ့သားယောက္ခမ
အိမ်ေ၇ာက်တော့မျက်နှာမပျက်ပါဘူး  အဲကျန်သေးတယ်ဗျကျွန်တော့်ယောက္ခမကြီးနဲ့ခယ်မတွေကြီး၂ငယ်၂တွေနဲ့မိတ်ဆက်ပေးရ
မယ်  တော်လေးကြာယောက္ခမတွေနာမည်တောင်မသိလိုက်ပဲဖြစ်နေဦးမှာ 
ယောက္ခမာကြီးနာမည်က........ဒေါ်ဆွေဆွေ
သူ့မှာသ္မီးတွေချည်းပဲမွေးထားတာလေ   အကြီးဆုံးအမနာမည်ကတော့မနီ(သူကဘုရားတရားသမားဗျ)
ဒုတိယအမကတော့သွယ်တာ(သူကတော့ရပ်ကွတ်ထဲမှာစွာတေးပေါ့ဗျာလူတကာကမြင်ရင်လန့်ရတဲ့

သူပေါ့
သူ့ပါစပ်ကို
ပြောတာပါ)ကျွန်တော့်ရဲ့ချစ်ချစ်လေးကတတိယပေါ့သူ့အောက်မှာအငယ်လေးတစ်ယောက်၇ှိ
တယ်သိမ့်သိမ့်သူတဲ့(သူကဂိမ်း
သရဲ အားရင်ဖုန်းတစ်လုံးနဲ့ဂိမ်းထိုင်ကစားမယ်ပဲအမြဲစဉ်းစားနေတဲ့ကောင်မလေးပေါ့)
ယောက္ခမအိမ်ေ၇ာက်တော့မျက်နှာမပျက်ရှာပါဘူးမေ၇ာက်ခင်ချစ်ချစ်ကမိတ်ဆက်ပေးဖို့ခေါ်သွားတဲ့နေ့
ကအိမ်ရှေ့မှာအလှစိုက်ထား
တဲ့ပန်းအိုးလေးတစ်လုံးကွဲသွားတာ တော်သေးတာကအဲဒီအလှစိုက်တဲ့ပန်းအိုးလေးက
သူ့အမေအ၇မ်းကိုတန်ဖိုးထားတဲ့ပန်းအိုးလေး
ဆိုလားပဲ  ဒီ့ထက်တော်သေးတာကအဲဒီအချိန်ကတည်းသူ့အမေကျွန်တော့်ရဲ့ယောက္ခမကြီးက
ကြည့်မရတော့တာပဲလေ
အမယ်.........အဲလိုသာပြောတာကျွန်တော့်မှာလည်းအားသာချက်၇ှိတယ်အဲတာကတော့
လူတွေနဲ့တင့်သင့်မျှတအောင်နေနိုင်တာလေ
ပြီးတော့ဟင်းလည်းချက်တတ်တာဆိုတော့    ဒါကိုတော့ကျွန်တော်အမေကယုံတယ်  ဒီလိုနဲ့ကျွန်တော်နဲ့ချစ်ချစ်နဲ့လက်ထပ်လိုက်ကျတယ်
ဟဲ  ဟဲ ကိုယ့်လက်ရာကိုယ်ယုံတယ်လေချစ်ချစ်ေ၇ာသူအမေေ၇ာဘယ်သိပါ့မလည်းစိတ်ထဲမှာတော့ချစ်ချစ်နဲ့
သူ့အမေချစ်သည်းကြီး(အမြဲတမ်း
ဇီဇာအရမ်းကြောင်တတ်လို့ပေးထားတဲ့နာမည်လေးပေါ့မိုက်တယ်နော်.....ချစ်သည်းကြီးတဲ့    ဟီးဟီး)
ကိုပိုင်အောင်လုပ်မယ်ပေါ့လေကိုယ့်ဟာကိုအားခဲထားတာ  လက်တွေ့လည်းကျေ၇ာယောက္ခမကြီးကအိုင်ဒီယာဘယ်လောက်လန်းလည်းဆိုတာ
အဲကျမှပဲတွေ့တော့တယ်  ယောက္ခမကြီးကတစ်အိမ်လုံးကိုမေးတယ်မနက်မိုးလင်းတာနဲ့  ဘာစားကျမလည်းသမီးတို့တွေတဲ့
(ဟွန်း....ကျွန်တော့်ကျတော့မမေးဘူးငါ့သားဘာစားမလည်းလို့   တော်တော်စိတ်ပုပ်ပြီး အဲလောက်ကိုချစ်တာလေ)
တစ်အိမ်လုံးကလည်းညီပါ့တစ်ယောက်ကိုတစ်မျိုးစီနဲ့နောက်ပြီးအားလုံးကလည်းတညင်းသီးလေးတော့
ဝယ်ခဲ့ပေးပါနော်တဲ့
အဲအခါကျတော့လည်းတိုင်ပင်ထားကျတဲ့အတိုင်းပဲအားလုံးကတစ်သံတည်းကိုထွတ်
ကျတာလေတတ်လည်းတတ်နိုင်တဲ့အမေနဲ့သမီးတွေပဲ
ဒီလိုနဲ့ကျွန်တော်လည်းအဝယ်တော်ကိုအလိုလိုနေရင်းနဲ့ရာထူးကရသွားတယ်
ကျွန်တော်လည်းဒီလောက်အသားတွေစုံနေအောင်ဝယ်ခိုင်းတာဆိုတော့ငါ့ကိုများစမ်းတာ
လားပေါ့လေစိတ်ထဲကနေတွေးနေမိတယ်
ပြီးတော့ယောက္ခမလည်းအထင်ကြီးရအောင်လက်စွမ်းပြမယ်ပေါ့ဈေးကနေဝယ်လာခဲ့တာ...
အိမ်လည်းေ၇ာက်လို့မီးဖိုထဲလည်းဝင်မယ်လို့လုပ်ရော .....ချစ်သည်းကြီး(ယောက္ခမ)ကသူချက်မယ်တဲ့  ဒါလည်းရတာပဲ
သူ့အိမ်မှာကိုး  ပြီးတော့ဆက်ပြောသေးတယ်ငါ့သားကတစ်အိမ်လုံးမှာယောက်ကျာင်္းလေးတစ်ယောက်တည်းဆိုတော့
အသားငါးသတ်တာနဲ့အိမ်မှာ၇ှိတဲ့ပန်းပင်လေးတွေကိုရေလောင်းဖို့အမေတို့အပြင်ကိုသွားရင်
လည်းကားမောင်းလိုက်ပို့ပေးနော်တဲ့
ကျွန်တော်အရမ်းကိုစိတ်ဓါတ်တွေကျသွားတာပဲ..
ပြီးတော့ချစ်သည်းကြီးကသမီးတွေကိုplanချထားတာလည်းတော်လို့ဗျာမနီကEcoနဲ့ကျောင်း
ပြီးထားတော့ငွေကိုင်တဲ့
သွယ်တာကတော့ITနဲ့ကျောင်းပြီးထားတော့မီးbillဖုန်းbillအင်တာနက်billတွေဆောင်တဲ့အငယ်လေး
သိမ့်သိမ့်သူကျတော့ဆိုင်ကယ်တစ်စီးနဲ့
လည်ရာပြန်စားရေးပေါ့
     ကျွန်တော့ရဲ့ချစ်သည်းကြီး(ယောက္ခမနော်)ကရပ်ကွပ်ထဲမှာအတိုးချတယ်လေနေ့ပြန်တိုးေ၇ာ လပြန်တိုးေ၇ာ
စုံလို့ပါစပ်ကလည်းဘာကျမ်းသလည်းမမေးနဲ့တစ်နေ့ကိုချေးဌါးသူတွေနဲ့စကားများတာလည်း၃ ၄ကြီမ်မကဘူး
ကျွန်တော်ကတော့(သချာင်္)နဲ့ပြီးထားတာလေဒီအချိန်မှာကျွန်တော်တွေးနေမိတယ်စိတ်ထဲကနေပြီးတော့
ငါသာLawတို့ယူခဲ့မိရင်ဒုက္ခလို့.တော်ကြာLaw
ယူမိလို့ရပ်ကွက်ထဲမှာချေးဌါးသူတွေနဲ့ရန်ဖြစ်ရင်ကိုယ်ကလိုက်ရှင်းပေးရမယ်ဆိုဘယ်လိုလုပ်မလည်းဗျား
အဲတာမှတစ်ကယ့်ဒုက္ခမနိပ်ဘူးနော်  ...p;p;p;
     ဒီလိုနဲ့ယောက္ခမကြီးဟင်းတွေဝင်ချက်ပါရော သူချက်ရမှာတွေကြည့်ပြီးစိတ်ထဲမှာတော့ငါဘယ်အချိန်မှထမင်းစားရမလည်း
လို့တွေးနေမိတယ်သူချက်ရမှာလည်းကြည့်ကျဦးလေဗျား   အမဲသား  ဝက်သား  ငါး သီစုံချည်ဟင်းနဲ့ဒီကြားထဲမှာဒညင်းသီးလည်းပြုတ်ရမယ်
ငပိရေလေးလည်ကြိုရဦးမှာဆိုတော့  ဒီလိုနဲ့ကျွန်တော်လည်းချစ်သည်းကြီးတာဝန်ပေးတဲ့ကိုယ့်ပညာအဆင့်တန်းနဲ့ညီမျှတဲ့
သားငါးသတ်ခြင်းအလုပ်လုပ်ပြီးတော့မီးဖိုထဲကနေထွတ်လာခဲ့တယ်   နောက်မိနစ်၃၀ကြာတော့
´ထမင်းပွဲပြင်ကြ.စားလို့ရပြီတဲ့ဒီခဏလေးအတွင်းမှာ
ဟင်း၎မျိုးကိုချက်လိုက်တာဆိုတော့ကိုယ့်မျက်စိကိုယ်တောင်မယုံခြင်တော့ဘူး...ဒါနဲ့ကျွန်တော်လည်း
မယုံကြည်တာနဲ့အကုန်လုံးကျက်ပြီးလား.........အမေလို့မေးလိုက်တော့ချစ်သည်းကြီးက   ...အေး   ကျက်ပြီးတဲ့
      အပါးပါးထမင်းစားမှသိတယ်ဗျားသူကဂက်စ်မီးဖို၂ဖိုဖွင့်ပြီးချက်တာကိုးနောက်တစ်အိုးအချည်
ဟင်းသီးစုံပဲဟင်းလေးပေါ့
နောက်တစ်အိုးမှာကအသားတွေကိုေ၇ာချက်ထားတယ်အဲမှာငါးလည်းပါတယ်နော်...
     ပြီးတော့ကိုယ်ကြိုက်တဲ့အသားကိုရွေးစားကျတဲ့   အဲတာမှဂက်စ်ဖိုးေ၇ာလူရောသက်သာမှာတဲ့စားနေရင်းနဲ့ကိုရှင်းပြနေတယ်  နောက်လည်းအမြဲချက်
တယ်  အကျင့်ရအောင်လုပ်ထားတဲ့ဗျား
          ညအိပ်ရာဝင်တော့ချစ်ချစ်လေးကိုမေးလိုက်မိတယ်
အဲလောက်လန်းတဲ့အိုင်ဒီယာမျိုးမင်းအမေ(ယောက္ခမကြီး)နဲ့မှတွေ့ဖူးတယ်ပြောလိုက်မိလို့
အမေချစ်တဲ့ချစ်သမီးလေးကစိတ်ဆိုးလို့ကျွန်တော့်ကိုဗိုက်ခေါက်ဆွဲပါေ၇ာဗျာ  ...အား လားလား
နာလိုက်တဲ့ဖြစ်ခြင်း  ဗျား  တော်တော်ဆိုးတဲ့ချစ်ဇနီးလေးပဲ.........

                       ဒီအတွေးဇာတ်လမ်းလေးမှာပါတဲ့ကျွန်တော်ချစ်သောအမတွေအမှားပါခဲ့ရင်
ဒီနေရာလေးကနေတောင်းပန်ပါတယ်နာမည်တွေကိုလည်းခွင့်ပြုချက်မရပဲယူသုံးမိလို့ဒီနေရာ
လေးကနေတောင်းပန်လိုက်ပါတယ်ဗျား

                                   ............အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လွမ်းလွန်းလို့.............................

ချစ်သူရေ
ငါ့ရဲ့ရင်ဘတ်ထဲက
လေးလံလာလို့
စိတ်ကိုခဏ
ထွတ်ပေါက်ပေးလိုက်တာ
ငါ့ရင်ထဲကမင်းကိုလွမ်းတဲ့
အလွမ်းတွေ
မင်းလေးဆီ
ဒုန်းစိုင်းစီးဆင်း
သွားလိုက်တာ.....
ငါ့ရဲ့အသိဥာဏ်
ငါ့ရဲ့စိတ်ခံစားမူ
အတွေးတွေအားလုံး
..................................
မင်းလေးရဲ့
ပုံရိပ်လေးတွေနဲ့
ပြည့်နှက်သွားတော့တယ်
ချစ်သူရယ်



            ................အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလွမ်း

ညတွေကို ခရေပန်းလေးတွေလိုသီရရင်
ဒီည  မမွှေးတော့မှာသေချာတယ်
ဘာလို့ဆိုတော့
မင်းမရှိလို့ပေါ့  
ကိုယ့်နှလုံးသားထဲက
 အရိုင်းပန်းလေးတစ်ပွင့်ကို
မင်းနမ်းတတ်ရင် တစ်သက်တာ
ထာဝရ ရှင်သန်လို့နေမှာ
ချစ်သူ
လေပြေလေးတွေရယ်
 ချစ်သူရဲ့
ကိုယ်သင်းရနံ့လေးမပါရင်
မတိုက်ပါနဲ့လား
ကိုယ့်တစ်ယောက်တည်း
အခန်းငယ်လေးထဲမှာ
အားငယ်နေလို့ပါ



            ...........အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိန်းမစကားနားထောင်သင့်...မသင့်..........?

 အိမ်ထောင်ပြုတယ် ဆိုတာ အခြေခံအနေနဲ့ ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြ ကြိုက်ကြလို့ပါ။ အကြင်သူနှစ်ဦး
 ချစ်သူတွေ ဖြစ်ကြပြီးမှ လက်ထပ်ကြတာ ရာခိုင်နှုန်းများတတ် ပါတယ်။ ရာခိုင်နှုန်း အနည်းငယ် လောက်သာ အိမ်က
 လူကြီးတွေ ပေးစားလို့ ယူဖြစ်ကြတာ ဖြစ်ပါတယ်။ ချစ်ကြတယ် ဆိုတဲ့ နေရာမှာ တစ်ယောက် အကျိုးကို တစ်ယောက်က
 လိုလားတယ် နှစ်သက်တယ် စိတ်တူ ကိုယ်တူ ဖြစ်တယ် ဆိုတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ချစ်ကြတယ်ပြောပြော
 အိမ်ထောင်တစ်ခု ထူထောင်လို့ အတူနေကြပြီ ဆိုတာနဲ့ တစ်ယောက်က အခြားတစ်ယောက်ကို မိမိလိုလားတဲ့စိတ်နဲ့ အားနည်းချက်တွေကို
 ဝေဖန် ထောက်ပြမှာ အမှန်ပါပဲ။ (ဥပမာအားဖြင့် သွားတိုက်ဆေးဘူးကို ညှစ်တဲ့ နေရာချင်း မတူတာတို့၊ ဆပ်ပြာကို အသုံးပြုပြီး
 ရေပြန် မဆေးထားတာတို့ တွေကအစပေါ့) လူဟာ ဘယ်သောအခါမှ ပြီးပြည့်စုံတယ် ဆိုတာ မရှိပါဘူး။
 ယောက်ျားလေးမှာ မရှိတဲ့ အရည်အချင်းက မိန်းကလေးမှာ ရှိနေတတ်ပါတယ်။
 ကိုယ်မတွေးမိတဲ့ အတွေးအခေါ်ကောင်းတွေ သူတွေးမိတာတွေလည် ရှိတတ်ပါတယ်။

ယောက်ျားလေးနဲ့ မိန်းကလေးတွေ များသောအားဖြင့် ပြဿနာတစ်ခုအပေါ်မှာ ရှုမြင်တဲ့ အမြင်တွေ
 သုံးသပ်ပုံတွေ မတူတတ်ကြပါဘူး။ စီးပွားရေး၊ လူမှုရေး၊ အထွေထွေ ကိစ္စ တွေမှာပဲဖြစ်ပါစေ ယောက်ျားလေးတွေရဲ့
 အားနည်းချက်၊ ဟာကွက်တွေကို ထောက်ပြနိုင်စွမ်း တဲ့ မိန်းကလေးတွေ ရှိတယ်။ ဒါကိုလက်ခံတတ်ရင် သာယာတဲ့ အိမ်ထောင် တစ်ခု ဖြစ်လာမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ငါသာ စေ့စပ်သေချာတယ်။ ငါလို ယောက်ျားဆိုတဲ့ မဟာဖိုဝါဒ သမားတွေအတွက် ဘယ်မိန်းမစကားကိုမှ နားမထောင်သင့်ဘူး လို့ ထင်မှတ်ပြီး ကိုယ်ထင်ရာ
 ကိုယ်စိုင်းရင်ဖြင့် အိမ်ထောင်ရေး အမှားအယွင်းတွေ ဖြစ်တတ်ကြပါတယ်။ လူတိုင်း ကိုယ့်စိတ်ကြိုက် ပြုမူနေထိုင်နိုင်တယ် ဆိုပေမယ့် အိမ်ထောင်တစ်ခု ဖြစ်လာရင်တော့ ညှိနှိုင်းယူရတဲ့ အပိုင်းကို ဦးစားပေးရမှာပေါ့နော်။

ချစ်ခြင်းမေတ္တာကို အခြေခံပြီး အိမ်ထောင်ထူထောင် ထားတဲ့ မိသားစုတစ်ခုမှာ
 မိန်းမတွေအနေနဲ့ ကိုယ့်ယောက်ျားကို မကောင်းတဲ့ ဒုစရိုက်အလုပ်တွေကို လုပ်ခိုင်းမယ် မထင်ပါဘူး
။ ခြွင်းချက်တော့ ရှိချင်ရှိမှာပါ။ ဒါပေမယ့် များသောအားဖြင့်တော့ မိန်းမတွေဟာ ကိုယ့်ယောက်ျားရဲ့ အကျိုး၊
 ကိုယ့်မိသားစုရဲ့ အကျိုးကိုရှေးရှုပြီး ပြောတာ ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
 ဒီနေရာမှာ ယောက်ျားက မိန်းမပြောတိုင်း ယုံကြည်နာခံမှာလား ဆိုပြီး စိုးရိမ်စရာ မရှိပါဘူး
။ ယောက်ျားကလည်း ဘယ်စကားက ငါ့အကျိုးစီးပွား၊ ငါ့ကျန်းမာရေး အတွက်ပြောတယ်။
 ဘယ်စကားကဖြင့် ငါ့မိသားစု တစ်ခုလုံးရဲ့ အကျိုးစီးပွား အတွက် ပြောတယ် ဆိုတာကို ဝေဖန် ချင့်ချိန်အုန်းမှာပါ။
 သက်သက် ဒီမိန်းမ အစိုးရိမ်လွန်ပြီး ပြောနေတာ ဆိုရင်လည်းပဲ မိန်းမက စိတ်ရင်း အမှန်နဲ့ စေတနာနဲ့ ပြောတာဖြစ်လို့ သူရှေ့မှာတော့ လေးလေးစားစား နားထောင်သင့်ပါတယ်။ စကားပုံတောင် ရှိပါတယ်
။ မိန်းမစကားနားထောင်ရင် အိုတောင် မဆင်းရဲဘူးတဲ့။ ဒါကြောင့် ကိုယ့်မိန်းမက ကိုယ့်အကျိုးကို
 လိုလားတဲ့ စိတ်နဲ့ အစစအရာရာကို ပြောမှာဖြစ်လို့ အိမ်ထောင်ရှင် ယောက်ျားတိုင်း ကိုယ့်မိန်းမစကားကို နားထောင်သင့်တယ်လို့ ဒီလို တွေးထင်မိ ပါတယ်။ ဒီအထဲမှာ ကိုယ်မပါသေးပေမယ့် နည်းနည်းတော့
 ကျင့်သားရအောင် အင်ထရိုဝင်ပြီး  အစမ်းလေးလုပ်ကြည့်ထားကြနော်........p;p;p;

   မိတ်ဆွေသူငယ်ချင်းအားလုံးလည်းပျော်ရွင်ကြပါစေဗျာ

ဖတ်မိတာလေးတွေကိုမျှဝေခြင်းသာဖြစ်ပါတယ်                            

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သူငယ်ချင်းတွေ

ချစ်သူငယ်ချင်း သည်းဆု၊ကေကေ၊၀တ်ရည်+ကိုသီဟ နှင့် ငယ်လေး 
ထာဝရပျော်ရွှင်ကြပါစေလို့ ဆုတောင်လျှက်....
ဖူး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စိတ်ဖိစီးမူတွေပြေပြောက်စေဖို့

ခုတလော စိတ်ဖိစီးမှုတွေ များနေတယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံစားမိတယ်။ အလုပ်ကြောင့်တော့ မဟုတ်ပါဘူး ကိုးနတ်ရှင်ကိုပဲ ပါးပါးလေး အပြစ်မြင်မိတယ်p;p; ပိုက်ပိုက်ပေးပေမယ့် ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူးဆိုတာ သိရတော့ ပိုလို့ စိတ်ညစ်ရတယ်
 ကျွန်တော်နည်းတူ အကြောင်းကြောင်း ကြောင့် စိတ်ဖိစီးမှုတွေ ကြုံတွေ့နေရတယ် ဆိုရင် စိတ်ဖိစီးမှု ၊ စိတ်ပင်ပန်းမှု
၊ စိတ်အလိုမကျမှု တွေကို သက်သာအောင် နဲ့ ဘယ်လို ဖြေဖျောက်ရမယ် ဆိုတာလေး မျှဝေ ပေးချင်ပါတယ် .. ..

ခဏတဖြုတ်နားပါ

    စိတ်မပါတဲ့ အလုပ်ကို ဆက်တိုက် လုပ်နေရသည် ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဘဲ လုပ်နေရသည် ဖြစ်စေ စိတ်ပန်းလူပန်း ဖြစ်နေမှာ သေချာပါတယ်
။ ဒါကြောင့် လုပ်လက်စ အလုပ်ကို ၅ မိနစ် ဖြစ်စေ၊ ၁၀ မိနစ်ဖြစ်စေ နားလိုက်ပါ။
 လမ်းထလျှောက်ပါ၊ ရေထသောက်ပါ။ ဒါတွေက စိတ်ဖိစီးမှုတွေကို ရှင်းလင်းစေပြီး ဖိအားတွေကို လျော့စေပါတယ်။


အားကစားလုပ်ပါ

    အလုပ်တွေပြီးရင် ချက်ချင်း အိပ်ယာထဲ ထိုးမအိပ် သင့်ပါဘူး။ အားကစား စင်တာ တစ်ခုခုကိုသွားပြီး စိတ်ပါလက်ပါ ကစားလိုက်ပါ။
 (သီချင်း ကို စိတ်လွတ်ကိုယ်လွတ် ဆိုလိုက် ရင်လည်း အားကစား လုပ်သလိုပါပဲ )
 ဒီလိုလုပ်ခြင်းဖြ့င် စိတ်ဖိစီးမှုကို အထိုက်အလျှောက် မေ့လျော့ စေပါတယ်။


အလုပ်ချိန်ကို ခွဲခြားပါ

    မနက်စောစော လန်းဆန်း တက်ကြွနေချိန်မှာ ခက်ခဲပြီး ဥာဏ်သုံးရတဲ့ အလုပ်တွေ လုပ်ပါ။
 ပင်ပန်းနေတဲ့ ညနေပိုင်း အချိန်တွေမှာ ပေါ့ပေါ့ပါးပါး အလုပ်တွေကို ရွေးချယ်လုပ်ပါ။


သီချင်းနားထောင်ပါ

    အလုပ်နားချိန်မှာ မိမိကြိုက်နှစ်သက်ရာ သီချင်းတစ်မျိုးမျိုးကို နားထောင်ပြီး အပန်းဖြေပါ။


အလုပ်ချိန်ကို ပြောင်းကြည့်ပါ

    ကိုယ်ပိုင်အလုပ်ဖြစ်ရင် တစ်ခါတလေ မနက်အစောကြီး အလုပ်ထသွားကြည့်ပါ။
 တစ်ခါတလေ မိုးချုပ်သည်အထိ အချိန်ပို လုပ်ကြည့်ပါ။ အလုပ်ချိန် အပြောင်းအလဲ
 လေးတွေကလည်း ပင်ပန်းနွမ်းနယ်နေတဲ့ စိတ်ကို လန်းဆန်းစေပါတယ်။


        သူငယ်ချင်းတို့အားလုံးလည်းပျော်ရွင်ချမ်းမြေ့ကျပါစေဗျား

ဖတ်မိတာလေးကိုပြန်လည်မျှဝေခြင်းသာဖြစ်ပါတယ်

         ...............အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခုံတန်းလေး

လျှောက်ခဲ့ဖူးတဲ့
လမ်းကျဉ်းထဲရောက်ရင်
မင်း .. ရှိလေမလားလို့
စောင်းငဲ့ကြည့်မိတယ် .. ။

နှစ်ကိုယ်တူ
ထိုင်ခဲ့ဖူးတဲ့
ခုံတန်းလေးကိုတွေ့ရင်
မင်း .. ရောက်နေမလားလို့
မျက်စိရှာကြည့်မိတယ် .. ။

ချစ်သူရယ် ..
ငါ့ရဲ့ လွမ်းဆွတ်မှုတွေအတွက်
ကြယ်ကြွေချိန် ခဏလေးမှာ
တောင်းဆု ပြုလို့ရခဲ့ရင်လေ
မင်းလေး .. .. ငါ့ရင်ခွင်ကို
အေ၇ာက်ပြန်လာဖို့
တောင်ဆုခြွေနေမိတယ်....

              မှတ်ချက်....သူငယ်ချင်းအောင်ခိုင်စိုးအတွတ်
                                        ဒီကဗျာလေးကိုဖတ်ပြီးသူငယ်ချင်းတို့နှစ်ယောက်လည်း
အမြန်ဆုံဆုံဆည်းခွင့်ရပါစေလို့ဆန္ဒပြုလိုက်ပါတယ်
                                         ...............အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS