ညဟာနှင်းဖြူဖြူဝတ်ရုံဖြင့်စိုလဲ
အရပ်ရှစ်ခွင်လုံးက
ဇာပုဝါအဖြူပါးပါးလေးတစ်ထည်
လွှမ်းခြုံထားသည့်အလား
ထင်မှတ်မှားရလောက်အောင်
ကြည့်လေမြင်လေရာတိုင်း
နှင်းတွေချည်းအုပ်နှင့်သင်းနှင်
မသိရင်တော့ ဒီဇင်ဘာဆိုတာ
ဒီကမ္ဘာပေါ်မှာ
ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုပုံစံ
ထုံအီသောပန်းရနံ့တချို့လည်း
တသုန်သုန်ဖြူးနေသည့်ညည့်လေညှင်း
အေးစိမ့်စိမ့်လေထုတွေထဲတွဲခိုကပ
ညဟာချမ်းလွန်းလှသဖြင့်
ငါ့မှာတော့အိပ်လို့လည်းမပျော်နိ
ဟူးးးးးးးးးးးးးး
စိတ်ပျက်လက်ပျက်ဖြင့်ကောင်းကင်က
ငါ့မော့ကြည့်မိတော့
ခပ်ဝါးဝါးသာနေသည့်လမင်းကြီးက
“သူနဲ့မဆိုင်သလိုလို”သဘောမျိုးန
ငါ့ကိုပခုံးနှစ်ဖက်ပြန်တွန့်ပြသ
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago
0 comments:
Post a Comment