Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ဒီဇင်ဘာရဲ့အိပ်ပျက်ည ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ည........... နှင်းမြူမူန်တွေကြားက
မှောင်မိုက်လွန်းတဲ့ ည
မှောင်မိုက်မှုတွေ ကြားက
လမင်းရဲ့အလင်းရောင်
တစ်ချို့ တဝက် ဖြန့်ကျက်လို့နေလေရဲ့
အော်..... လရောင်နဲ့အတူ အေးချမ်းမှုတွေများ
ပါလာမလားလို့  လရိပ်ကိုငါခိုလှုံခဲ့မိတာ
အခုတော့ငါ့ရင်ထဲမှာ
ပူလောင်နေတာလား ခံရခတ်တာလားကွာ
ရင်ဘတ်တခုလုံးကိုယားကျိကျိနဲ့
ဘာမှန်းမသိတဲ့ခံစားမူတစ်ချို့
ဒီလိုနဲ့ ပဲ အချစ်ဆိုတာကို
အကျွမ်းတဝင်ဖြစ်မှန်း မသိဖြစ်ခဲ့ရတယ်
ဒီဇင်ဘာရဲ့အေးမြမူတွေကိုအန်တု
ခြောက်သွေ့သွေ့ညရဲ့အလယ်
တစ်ယောက်တည်း အတွေးများစွာနဲ့
ဘယ်သူမှမသိတဲ့ လွမ်းဆွတ်မူက
ငါ့ကိုပဲ ရုးကြောင်ကြောင်ဖြစ်စေတာလား
ဟူးးးးးးးးသေချာတာတစ်ခုကတော့
ငါခုထက်ထိအိပ်မရသေးတာပဲ.....


အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခမ်းနားခဲ့သောနေ့ရက်များ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။



မြင့်မြတ်ကြီးကျယ် ခမ်းနားမူများစွာနဲ့
လူအများရဲ့လေးစားအားကျမူတွေကြား
အိမ်ကွင်းမှာ
ငှက်ကြားတစ်ကောင်ရဲ့ အလဲထိုးမူကြောင့်
ငါ့နှလုံးသားမှာ အကြီးအကျယ်ဖျားသွားခဲ့တယ်
ပွဲတစ်ပွဲမစတင်မှီ အနားပေးခံလိုက်ရတဲ့
လူတစ်ယောက်လိုပဲ ငါကောင်းကောင်းကြီး
ကိုယ်ချင်းစာတတ်လာပြီး
မိုရက်စ်ရေးးးးးးးး
မင်းကိုယုံလို့ ပုံအပ်ခဲ့သမျှတွေက
နောက်ဆုံးတော့ ငါ့ဘဝဟာလည်း
ခေါင်းတလားထဲက အလောင်းများလို
အကောက်နဲ့ဒိုင်ပေါင်းစားတာခံရမှာပဲ
ဟူးးးးးးငါမင်းအတွတ်တော့
ရင်လေးမိတယ် ငါတို့ရဲ့
ကြီးကျယ်ခမ်းနားခဲ့တဲ့နေ့ရက်တွေကို
ပြန်တမ်းတလွမ်းမောရင်းးးးးးး


အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လပြည့်ညရင်ခုန်သံ .................................





အိပ်လည်းမရ
စားလည်းမရ
တမ်းတတနဲ့
တစ်နေ့မတွေ့ရရင်
မနေနိုင်လောက်အောင်
ခံစားနေရတဲ့ ငါ့၇ဲ့အဖြစ်ကို
ကြင်နာမှုတွေ မပေးပဲ
ဟန်ဆေင်ခြင်းများစွာနဲ့
နေနိုင်လွန်းတဲ့ မင်းကို
“ငါ"အရမ်း အံ့ဩမိတယ်
အမှန်ပါ ..........ဟူးးးးးးးးးး
ညညဆိုအိပ်မရ
မင်းအကြောင်း တွေးလို့
တ“ဒိတ်” “ဒိတ်”
အကြိမ်ကြိမ်
ရင်ခုန်မိတာ
ငါ့ရဲ့အပြစ်လား
"ကို"
လို့ ခေါ်တဲ့အသံ
မင်းရဲ့အကြည့်က
သမင်လည်ပြန်နဲ့
ရွှေသမင် မျက်လုံးအလား
ညှို့စွမ်းအားများနဲ့
ရုန်းထွက်မရအောင်
သူဖမ်းစား......



အသည်းလေး

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဇာပုဝါပါး

ညဟာနှင်းဖြူဖြူဝတ်ရုံဖြင့်စိုလဲ့နေသည်
အရပ်ရှစ်ခွင်လုံးက
ဇာပုဝါအဖြူပါးပါးလေးတစ်ထည်
လွှမ်းခြုံထားသည့်အလား
ထင်မှတ်မှားရလောက်အောင်
ကြည့်လေမြင်လေရာတိုင်း
နှင်းတွေချည်းအုပ်နှင့်သင်းနှင့်မင်းမူနေကြတာ
မသိရင်တော့ ဒီဇင်ဘာဆိုတာ
ဒီကမ္ဘာပေါ်မှာ
ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုပုံစံနှင့်
ထုံအီသောပန်းရနံ့တချို့လည်း
တသုန်သုန်ဖြူးနေသည့်ညည့်လေညှင်းနဲ့အတူတူ
အေးစိမ့်စိမ့်လေထုတွေထဲတွဲခိုကပ်ပါလျှက်
ညဟာချမ်းလွန်းလှသဖြင့်
ငါ့မှာတော့အိပ်လို့လည်းမပျော်နိုင်
ဟူးးးးးးးးးးးးးး
စိတ်ပျက်လက်ပျက်ဖြင့်ကောင်းကင်ကို
ငါ့မော့ကြည့်မိတော့
ခပ်ဝါးဝါးသာနေသည့်လမင်းကြီးက
“သူနဲ့မဆိုင်သလိုလို”သဘောမျိုးနဲ့
ငါ့ကိုပခုံးနှစ်ဖက်ပြန်တွန့်ပြသွားခဲ့တယ်...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Kiss.. kiss....kiss

အဆုံးစမဲ့ချစ်ခြင်းတွေက
ဒီဇင်ဘာရဲ့ နှင်းငွေ့တွေနဲ့အတူတူ
ငါ့ရဲ့အနမ်းတွေက
မင်းဆီပျံသန်းလာနေပြီးချစ်သူ
အဲဒီအနမ်းတွေကို
ဖမ်းဆုတ်လိုက်
ရင်ခွင်လေးမှာသိမ်းထားလိုက်
ဘာလို့ဆို ငါမင်းအနား
အမြဲတမ်းရှိနေတယ်ဆိုတာ
နင်မမေ့လိုက်ပါနဲ့ချစ်သူ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လမ်းပြကြယ်

ဒီနေ့တစ်နေ့လုံးငါ့ကောင်းကင်မှာ
မိုးသာတွေအုပ်ဆိုင်းလို့
တိမ်တွေကလည်းတရွှေ့ရွှေ့နဲ့
တိမ်တွေကရောဘာလို့ လွင့်မျောရင်း
မိုးစက်တွေအဖြစ် ကြွေဆင်းရတာလဲ
ဒီကမ္ဘာကြီးပေါ်မှာ
ငါ့ကိုယ်ငါအတွက် ဘာကိုမှ
တခုတ်တရ နဲ့မမျှော်လင့်ထားပါဘူး
တိမ်တွေကိုကျော်ဖြတ်ပျံသန်းချင်ခဲ့ပေမယ့်
ငါ့မှာ အတောင်ပံတွေလည်းမရှိခဲ့
ညရဲ့ကောင်းကင်ယံထက်က
ကြယ်တွေကတော့
ဟိုးအဝေးတနေရာကနေ
ငါ့ကို ညှို့ငင်ဆွဲဆောင်လို့ ကောင်းနေဆဲပေါ့
ဒီအချိန်မှာငါ့ခန္ခာကိုယ်မှာ
ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက်
ငါ့လက်ထဲမှာ ရှိနေပေမယ့်
ကြယ်တွေဆီကို ရောက်ဖို့တော့
သိပ်ကို ခက်ခဲလွန်းနေပါလား
တချက်တည်းနဲ့သူ့ဆီ ရောက်အောင်သွားနိုင်ဖို့
ငါ့မှာအင်အားရှိပါ့မလားဆိုတာ
ငါလည်းမသိခဲ့မိဘူး
ဒါပေမယ့် ငါ့ရဲ့ခရီးအတွတ်
အဆင်သင့်ဖြစ်တဲ့အချိန်အထိ
အချိန်တစ်ခုကိုငါစောင့်ရမယ်
ငါ့ရဲ့အိမ်မက် မျှော်လင့်ချက်တွေတွတ်
ကျေးဇူးပြုပြီး ငါ့ကိုလမ်းပြပေးလှည့်ပါ
ငါ့ကြယ်လေးရယ်.........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချဉ်ခြင်းတပ်မှု

အချစ်ကိုစစ်မစစ်သိဖို့က
ဓါတ်ခွဲခန်းသွားဖို့လည်းမလိုဘူး
ဘာလို့လည်းနင်သိလား
နင့်ရဲ့သံသယတွေကိုသာ
စိတ်ရှိလက်ရှိရေဆေးချလိုက်ပါ
နင်မြင်တွေ့လိမ့်မယ်
ငါ့ရဲ့ရင်ဘတ်ဟောင်းလောင်းကြီးပွင့်လို့
အတွင်းမှာနံရိုးပျောက်ရှာနေတဲ့
ရင်ခုန်သံရထားတစင်းစည်းချက်မညီစွာနဲ့
နင်တွေ့လိမ့်မယ်
အီကွေးရှင်းလေး ဘယ်ညာညီဖို့အရေး
ဖြုတ်ထုတ်ရှင်းနဲ့ အတင်းလိုက်လိုက်ညှိတတ်တဲ့
နင့်ရဲ့အကျင့်
ငါသာနင့်နေရာမှာဆိုရင်တော့
အရာရာကို ရင်ဘတ်နဲ့ကြည့်မိမှာပဲ
ရေဟာ H တွေ O တွေရဲ့ အရောအနှောဆိုရင်
အချစ်မှာကျတော့ရော ???
အ၀ိဇ္ဇာ နဲ့ တဏှာ ပေါပေါလောလော… တဲ့ ???
ဟားဟားဟား .....ငါ့ကိုနင်က
လှောင်ပြုံးလေးနဲ့ ခပ်သောသောရယ်မောလို့...
ပညာခန်းတွေအဲလောက်ထိပြစရာမလိုဘူးငါ့ကို
နင်သာခေါင်းတစ်ချက်သာယမ်းလှည့်
ကိုယ့်ဇလီဖားတုံးကိုယ်ထမ်းလို့
လာရာလမ်းကို မြန်းမယ့်ကောင်ပါ
နောင်တဆိုတာငါ့ဘဝမှာ ယောင်လို့တောင်
မရှိစေရဘူး နင်စိတ်ချလိုက်
ငါ့မှာသာ တန်ခိုးရှိရင်လေ
ရာဘင်နတ်တဂိုးနဲ့ပေးတွေ့မှာအမှန်ပဲနင့်ကို
သူပြောတဲ့ အချစ်ကို ဓါတ်ခွဲပြီးတဲ့နောက်
ပါဝင်ပစ္စည်းစာရင်းနဲ့တကွ
နင့်ဆီကိုဆက်သလို့
ညှီနံ့ကင်းတဲ့ ငါ့ရဲ့ချဉ်ခြင်းတပ်မှုကို
နင်…...ဟာ
ကြိုက်သလိုသာ ခေါင်းစဉ်တပ်လိုက်ပါတော့
ငါဘာမှမပြောလိုတော့ပါဘူးနင့်ကို......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS