နှောင်းခဲ့ပြီးတဲ့အတိတ်ကို
ပြန်မတမ်းတကောင်းပေမယ့်
ငါကတော့နောင်တမဲ့စွာ
ချစ်ခြင်းကိုရင်မှာထွေးပိုက်
အလွမ်းတသိုက်ကိုကဗျာဖွဲ့ 
တမ်းတခြင်းအိပ်မက်တွေ
မဆုံးနိုင်အောင်မက်ခဲ့တယ်
ရေတွက်ရခက်တဲ့
အထီးကျန်ညတွေမှာ
နိဂုံးရဲ့ နိဒါန်းအစကို
ရှာဖွေနေတုန်း
ဆုံစည်းခြင်းဆိုတာမသိနိုင်သေးခင
လရိပ်အောက်မှာခို လရောင်ကိုငေးမော
လမင်းကိုတိုင်တည်နေခဲ့ပေမယ့်
ငါ့အချစ်ကိုမြုပ်နှံထားခဲ့တဲ့လမ
တစ်ချိန်ချိန်မှာတိမ်ညိုတွေ
ဖုန်းအုပ်သွားမှာကိုတော့
ငါတွေးကြောက်နေမိခဲ့တယ်
နိဂုံးရဲ့ နိဒါန်း
ကြိုးပျက်သွားသောသံစဉ်တစ်ပုဒ်
ငါ့ရင်ထဲကချစ်ခြင်းဖွဲ့ ကဗျာ
ကြိုးပြတ်သွားတာကြာခဲ့ပေမယ့်
သံစဉ်တွေကတော့မထပ်
အသစ်အသစ်သော သီချင်းများစွာနဲ့ 
ဆက်လက်နုပျိုနေဆဲပဲ
ကောင်လေးရေ
မင်းနားလည်ခဲ့မယ်ဆိုရင်
နေရာဟောင်းဆီ
တစ်ခေါက်လောက်တော့
ပြန်လာခဲ့ပါ
မျှော်လင့်ခြင်းတွေ
လိမ်းကျံထားတဲ့
နှလုံးသားတစ်စုံနဲ့ 
မင်းကိုစောင့်နေတယ်ဆိုတာ...
ကျွန်တော့်ချစ်သူပေးတဲ့အချစ်ရဲ့ဖွင့်ဆိုချက်
အချစ်ဆိုတာ ဘာလဲတဲ့.. ပြောရခက်ပါတယ်.. အင်မတန်မှကို ပြောရခက်ပါတယ်
အဲဒီပြောရခက်၊ အဓိပ္ပါယ်ဖွင့်ရ ခက်တဲ့ အချစ် ကို ကျွန်တော် အဓိပ္ပါယ် ဖွင့်ပေးပါမယ်
ကျွန်တော်အချစ်ကို တွေ့ရှိသွားခဲ့တယ်
အတိကျပြောရမယ်ဆိုရင်လွန်ခဲ့တဲ့၂
အတော်လည်းပေါက်ပေါက်ရှာရှာကိုအေ
သူပေးတဲ့အချိန်ကဆိုရင်ကျွန်တော့်မှာအတော်ေ
I+90'+Circle+The half of X+The end of E+U=?
I=I
90'+Circle=စက်ဝိုင်းလေးကိုဝိုင
လိုက်ရင် L ဆိုတာတယ်
The half of X= X ကိုထက်ဝက်ပိုင်းကြည့်တော့ V
The end of E =နောက်ဆုံးကE ကိုပေါင်း
U = U
I+90'+Circle+The half of X+The end of E+U= I Love U
ဆိုတဲ့အဖြေကိုရဖို့တော်တော်လေးထ
အဲလောက်ကိုကျွန်တော်ကအရမ်းတော်တ
အချစ်ဆိုတာ အဓိပ္ပါယ်ဖွင့်ရင်ကုန်ပါ့မလား ကျွန်တော်ထင်တယ်အချစ်ဆိုတာ
နားလည်မူ တွေနဲ့တစ်ယောက်အပေါ်တစ်ယောက်အပြန
အဒိကကျမယ် တစ်ယောက်နဲ့တစ်ယောက်သစ္စာရှိမူပါ
ပျော်ရွင်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေပါရရှိနိုင်မှာပါ
အချစ်ဆိုတာကိုတစ်မျိုးအထင်လွဲပီ
သဘောထားတင်းမာတဲ့သူတွေပါလာခဲ့ရင
ကိုယ်နဲ့ဆိုင်တဲ့အချစ်က ကိုယ်ကိုယ်တိုင်ပဲ သိနိင်တာပါ
ကိုယ်တယောက်ထဲသိတဲ့ အချစ်ကိုတောင် အားလုံးနားလည်အောင် မရှင်းပြနိင်ရင် လူတွေ
သန်းပေါင်းထောင်ချီရှိနေတယ်လေ
အကောင်းဆုံးက အချစ်ကို သူ့ဘာသာပဲ ထားထား
လိုက်ပါ ဘာသာပြန်လိုက်ရင် နဂိုရှိပြီးသားထက် အဓိပ္ပါယ်လျော့သွားလိမ့်မယ်လို့က
ထင်နေမိတယ်..........
လောကအပူမီး
တစ်ပူပေါ် တစ်ပူဆင့်
အပူမြင့် ပတ်ခြံရံ
တစ်ပူဆုံးပြန်တော့
တစ်ပူကျန်ပေသမို့
ဖန်ဖန်လေ အားရင်နှိုးလို့ရယ်
ငြှိမ်းသတ်ရပြန်
တစ်ခါတစ်လေ
စိတ်တစ်ကယ်ပန်းတာကြောင့်
တော်ပါပြီ အပူတွေ မလိုချင်ပါဘိ
ရပ်တန်းကာ စိတ်ရွယ်ကြံလို့
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိတဲ့တစ်နေ့မှာ
ဒီအပုတွေမောင် ငြှိမ်းမယ်ပါ့
အားလျှော့ကာ ဆုတ်ချင်စမ်းပါနှင့်
မာန်တင်းရင်းစိတ်နွမ်းအသာဖြေပါလ
စန္ဒာငွေကန်ရေအေးရယ်နဲ့
အေးမြကြည်လင်
လစန္ဒာထိန်ထိန်အောက်မှာ
ငှက်တေးကို အာရုံဆင်လို့
ဒီအပူတွေမောင်တစ်ကယ်
ငြိမ်းမယ်ပါ့
ချစ်ဖွယ့်လူသား....
သီတင်းကျွတ်
မီးပုံးပျံလွှတ်ရအောင်
မီးဇာကိုရေနံဆွတ်ပါ
မှိုင်းဝမှလွှတ်ပါ။
ငယ်ဘဝလေးကိုအရမ်းသတိရတယ်သီတင်းကျွတ်ချိန်ရောက်တိုင်းမိုးလေကင်းလွတ်ပြီလို့
ထင်ရပေမယ့်အချို့နေရာတွေမှာ ကွတ်ကြားမိုးတွေကရွာနေတုန်း
ရာသီဥတု ဘယ်လိုဘဲ ဖြစ်နေပါစေ .. ၀ါအကျွတ်ကို အားကြိုးမာန်တတ် လက်ချိုးပြီး
ရေတွက်စောင့် နေသူများအတွက်တော့ မင်္ဂလာရှိတဲ့အခါသမယပါဘဲ။
ကျွန်တော့်အတွတ်ကတော့သီတင်းကျွတ်တာလည်းမဆိုင်သလိုပဲ(ဘာလို့ဆိုအမိမြေနဲ့ဝေးကွာနေတဲ့
သူတွေအတွတ်ကတော့လွမ်းမောစရာလေးတွေပေါ့)ဒီ၁၄ရက်ညနဲ့၁၅ရက်ညမှာကျွန်တော်တို့ရဲ့ဒေသမှာအ၇မ်းကို
စည်ကားတယ်ဒီ၁၄ရက်ညမှာဆိုရင်တစ်ခြားရွာကနှစ်ကျိန်ရှစ်ဆူဘု၇ားလာလှည့်ကျတယ်လှူဖွယ်ဝတ္ထုတွေနဲ့လှူကျပီးတော့
မီးရောင်စုံထိန်ထိန်ညီလှပနေတဲ့လမ်းမပေါ်မှာလူတွေကပြည့်ကျပ်လို့တစ်ခြားရွာကလူတွေကလည်းမိန်းခလေးတွေကိုလာလှည့်ကျနဲ့
အရမ်းကိုကြည်နူးပျော်ရွင်စရာအတိပါ
ဒီတင်းကျွတ်လပြည့်နေ့မှာလူကြီးမိဘတွေကိုကန်တော့ကျတာကကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့တန်ဖိုးဖြတ်မရတဲ့
ဓလေ့ရိုးရာလေးတစ်ခုပါလူကြီးမိဘတွေကိုကန်တော့ပီးရင်မုန့်ဖိုးတွေပြန်ရတဲ့ခလေးဘဝကိုအရမ်းသတိရတယ်
ရွာမှာဆိုရင်ဒီနေ့ဆိုအိမ်တိုင်းအိမ်တိုင်းမုန့်တွေလုပ်ကျနဲ့မနက်အစောရွာဦးကျောင်းကိုလောင်းလှူဖို့နဲ့သူငယ်ချင်းတွေလာရင်
ကျွေးဖို့နဲ့ရပ်ကွတ်ထဲကအိမ်တွေကိုလည်းမုန့်တွေလိုက်ပို့ကျတာတောသဘာဝ၇ဲ့ချစ်စရာကောင်းတဲ့ဓလေ့လေးတစ်ခုပါ
နောက်တစ်ခုကမီးပန်းလွတ်ကျ ဗျောက်အိုးဖောက်ကျနဲ့ပျော်ရွင်မူတွေပြည့်နေတဲ့ခလေးသူငယ်တွေ၇ဲ့မျက်နှာနဲ့ချစ်သူစုံတွဲ
တွေရဲ့ပျော်ရွင်မူတွေကမြင်ရတဲ့သူတိုင်းအတွတ်ကြည်နူးစရာမြင်ကွင်းလေးပါ
ဝါကျွတ်ပြီးနော်သူငယ်ချင်းတွေဆီကဖိတ်စာလာမယ့်အသံတွေနဲ့ ဘယ်တော့စားရမှာလည်းဆိုတဲ့တစ်မေးတည်းမေးနေကျတဲ့
သူတွေ သူများတစ်ကာတွေကိုကြည့်လိုက်မိတိုင်းကြည်နူးမိတယ် တွေ့တဲ့သူငယ်ချင်းတွေကလည်း ဘယ်တော့လည်း
သူများတွေတောင်ကျွတ်ကုန်ပီးနော် မင်းအလှည့်ဘယ်တော့လည်းတဲ့ ဝါလည်းကျွတ်ပီး စားခါနီးပီလား အော် သူတို့တွေမို့ပြောရက်တယ်
ဝါမကျွတ်လည်းငါကမင်းတို့တွေကိုကျွေးနေကျပါ ဝါကသူ့ဘာသာသူကျွတ်တာလေ နှစ်တိုင်းလည်းကျွတ်နေတာပဲ ခုတော့ကွာ တစ်ခါလာလည်းခလုတ်တိုက်
တစ်ခါလာလည်းခလုတ်တိုက်နဲ့ စိတ်ပေါက်ပေါက်နဲ့ချစ်သူကိုပြောပြီးတော့အမြန်လက်ထပ်ကျရအောင်လို့ ဘယ်လိုပဲစဉ်းစားစဉ်းစားဘာမှလည်းမဆိုင်ဘူးနော်......
အဟီးးးးးးး စိတ်လေတယ် တစ်ကယ်ပါအ၇မ်းကိုစိတ်လေတယ် အခုတော့တစ်မိုးကုန်လို့တစ်ဝါလည်းကျွတ်တော့မယ်
ဒီဆောင်းမှာလည်းကိုယ်တစ်ယောက်တော့ဖတ်လုံးကိုဖတ်ရင်းနဲ့ပဲစိတ်ကူးရင်ရူးရတော့မှာပေါ့နော်......
တစ်စုံတစ်ရာ
နင့်ဆီကငါ့အတွတ်
မျှော်လင့်ချက်မဲ့ လိုက်လျောမူနဲ့
နင့်ရဲ့ခက်ထန်ထန် အကြည့်တစ်ချက်ကို
ငါအရမ်းမုန်းနေမိတယ်
နင့်ရဲ့ မာန်မာန အတ္တတွေလွှမ်းမိုးနေတတ်တဲ့
ဒီအချိန်မှာငါလေ
ဟိုစဉ်ချိန်က
သနပ်ခါး ၇နံ့တွေသင်းပျံ့နေတဲ့
ငါ့ရဲ့ပါးပြင်ထက်က
နင့်ရဲ့အနမ်းတစ်ချက်ကိုလည်း မုန်းတယ်
ငါ့ရဲ့အသိစိတ်က နင့်ကိုမေ့ပစ်လိုက်တိုင်း
မသိစိတ်က ပြန်ညပန်ဆွဲခေါ်လာတတ်တဲ့
ငါ့ရဲ့အိမ်မက်ဆိုးတွေကိုလည်းအ၇မ်းမုန်းတယ်
ခနခနနှိပ်မိလိုက်တိုင်း
ငါ့လက်ကပြန်ပြန်ဖျက်နေမိတဲ့
ဂဏန်းတွေကိုလည်းငါအ၇မ်းမုန်းတယ်
နင်သိလားးးး
ဒီအချိန်မှာငါလေ
နင်နဲ့အဝေးမှာနေရင်
ငါ့ရဲ့ မာန်မာန သတ္တိတွေကို
ပြန်အားသစ်မွေး
ငါ့ရဲ့အလိုမကျတဲ့စိတ်ကိုပြန်ဖျက်ရင်း
ငါ့ရဲ့အတွေးတွေကို အသစ်တဖန်
ငါကိုယ်တိုင်ပြန်မွေးဖွါးနေခဲ့မိတယ်...
ပြန်လာချိန်လေး
ချစ်သူရယ် ဘယ်သူမှမရှိတဲ့
နေ့ရက်တွေမှာ
ငါ့တစ်ယောက်တည်း
မင်းလေးငါ့ရင်ခွင်ကိုပြန်လာမဲ့နေ့
စောင့်မျှော်နေတုန်းပါ
ရာသီတွေပြောင်းလဲသွားစမ်းပါစေ
မင်းလေးရဲ့အပြန်လမ်းဟာ
ငါရှိရာ ငါ့ရင်ခွင်ကိုလှမ်းခဲ့မယ်ဆိုရင်ပဲ
ငါ့အတွတ် မျှော်လင့်ရကျိုး နပ်ပါပီး
မင်းလေးကိုယ့်ရင်ခွင်ဆီပြန်လာတဲ့အခါ
ကိုယ်မင်းကို ဘယ်လောက်လွမ်းကြောင်း
နှစ်ကိုယ်ကြားတိုးတိုးလေးပြောပြမယ်
မင်းလေးပြန်လာခဲ့ပါ
ကိုယ်ဟာမင်းကိုနားလည်ဖို့
အထပ်ထပ်အခါခါကြိုးစားရင်း
အဲ့အချိန် အဲ့ဒီအခါမှာ
မင်းလေးကိုယ့်ရင်ခွင်ဆီပြန်လာတဲ့နေ့
ကိုယ်တိုးတိုးလေးပြောပြမယ်
မင်းလေးကို
ကိုယ် ဘယ် လောက် လွမ်း ကြောင်း
လွမ်း
ဒီနေ့ကိုယ့်ရဲ့မိုးကောင်းကင်ထဲမှာ
မိုးသားတွေအုံ့ဆိုင်းလို့
ရွာရန်ရွာနှုန်းကတော့ ရှစ်ဆယ်ပေါ့…
ဒါပေမယ့် ကျန်နှစ်ဆယ်ရာနှုန်းကြောင့်ရွာခွင့်မရခဲ့…
မိုးမခြိမ်းရမယ့်အတူတူ လျှပ်စီးလည်းမလက်ပြချင်တော့ပါဘူး
ငါ့ကောင်းကင်ရဲ့ တိမ်တိုက်တွေကိုက ညိုလွန်းတယ်
လှေနံဓါးထစ်အလွမ်းတွေပါ….
အချစ်မြစ်ကြောင်းမှာ စုန်ဆင်းနေသမျှ
ကို မင်းလေးကို မမေ့မလျော့
အချိန်တိုင်း လွမ်းတယ်
အတိတ်ကို မလူးသာမလွန့်သာဖြတ်သန်း
ပစ္စုပ္ပန်ကို အလိုက်သင့်အလျားသင့်ရင်ဆိုင်
အနာဂတ်ကို ဒေါင်ကျကျပြားကျကျမျှော်မှန်းရင်း
ခေါက်ရိုးကျနေတဲ့သူအဖြစ်
ကိုယ်မင်းရဲ့အနားထာဝရနေခြင်မိတယ်
ပြတင်းတံခါး
အိပ်ယာနိုးနိုးခြင်းလိုက်ကာစကိုငါ ဆွဲဖယ်လိုက်တော့
အလင်းရောင်က လင်းကနဲ ထင်းကနဲ ၀င်လာတယ်
ငါပြူတင်းပေါက် မှန်တွေကိုထပ်ဖွင့်လိုက်တော့
လေနုအေးတောင် အပိုဆုအနေနှင့်ရလိုက်သေးတယ်
အိုးးးး လတ်ဆတ်ပြီးအေးမြလိုက်တာ
ငါ ပြူတင်းတံခါးရှိနေတာကိုမေ့နေတာလား
ဒါမှမဟုတ်
လေတွေတအားထန်နေလို့ ခုန မဖွင့်မိတာလား
ငါ့ကိုငါပြန်မေးကြည့်နေမိတယ်
တကယ်တော့ ငါတို့ဘ၀တွေမှာ
မှန်လိုအယောင်ဆောင်နေတဲ့ တံခါးတွေရှိသလို..
တံခါးလိုအယောင်ဆောင်နေတဲ့ မှန်တွေလဲ ရှိခဲ့တာပဲ
တစ်ခါတစ်လေတံခါးတွေကို
ပိတ်သင့်ရင် ပိတ်ထားရမယ်..
တစ်ခါတစ်လေကျပြန်တော့ ဖွင့်ပေးထားရမယ်
ဒါပေမယ့်
အချိန်အခါနဲ့အခြေအနေကို သိဖို့လိုတယ်
နောက်ပြီးတော့ စောင့်ရမယ်
ဟုတ်တယ် စောင့်ရမယ်
မနက်ဖန်မနက်ဆို
ငါတို့တွေရဲ့အနာဂါတ်အတွတ်
အိမ်အပြင်ဖက်မှာ
နေရောင်တွေဖြာနေကောင်းပါရဲ့.........