skip to main |
skip to sidebar
လူတွေကပြောကြတယ်
မင်းချစ်သူက မင်းကိုသိပ်ချစ်တာပဲတဲ့ ၊
ဟုတ်ပါတယ်
ငါချစ်သလောက် သူပြန်ချစ်ပါတယ်၊
သေချာတာတစ်ခုက
ငါအချစ်တွေ သူထက်တော့မလျော့ဘူး...
လူတွေကပြောကြတယ်
အနေဝေးရင်သွေးအေးတယ်တဲ့ ၊
ငါတွေးမိတယ်
စိတ်ဆိုးနေတဲ့သူနှစ်ယောက်
မျက်နှာချင်းဆိုင်တွေ့ လျှက်နဲ့ 
ဘာလို့ မပြုံးတာလဲ...
ငါတစ်ယောက်တည်းထိုင်ရင်း
သူအကြောင်းတွေးမိရင်
ဘာလို့ ပြုံးမိသွားတာလဲ...
သူက ငါ့ရဲ့ အနီးဆုံး ငါ့ နှလုံးသားထဲမှာရှိနေတာကို...
ဖူး
2 comments:
ဖူးးးးးးးး ရေ
ဒီညတော့ သိပ်ဂွတ်နေပါလားကွယ် :)))
ရေးထားကွ :P
ချစ်သူကိုချစ်တဲ့အကြောင်းလေးခံစားဖတ်ခဲ့တယ်နော်
Post a Comment