skip to main |
skip to sidebar
ချစ်သူ
မင်းဘက်ကကြည့်တော့
လက်ဖ၀ါး
ငါဘက်ကကြည့်တော့
လက်ဖမိုး
တကယ်တော့
တို့ နှစ်ယောက်စလုံးမှန်ပါတယ်...
ဒါပေမဲ့
တစ်ယောက်ကိုတစ်ယောက်
မှားတယ်လို့ ထင်ခဲ့ကြတယ်၊
ဘာကြောင့်လဲ၊
တို့ တစ်ယောက်ရင်ကိုတစ်ယောက်
ဝင်မခံစားပေခဲ့မိဘူးလေ...
ငါ မင်းရင်ထဲဝင်ကြည့်ချိန်
မင်းအချစ်တွေကို
နားလည်နိုင်ခဲ့တယ်၊
ငါ့အချစ်တွေကို နားလည်အောင်
ကျေးဇူးပြုပြီး
ငါ့ရင်ထဲတစ်ချက်ဝင်ကြည့်ပေးပါချစ်သူ...
ဖူး
1 comments:
အလဲ့....မိုက်တယ်ကွာ ဖူး
ကဗျာလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ကောင်းတယ်
ကြိုက်တယ်ဝေ့ :)
Post a Comment