ကောင်မလေးရေ
မင်းနဲ့ငါ့ရဲ့ကြား စပြီးချည်နှောင်ခဲ့တဲ့
ကြိုးတစ်စဟာ 'သူငယ်ချင်း'ဆိုတဲ့
အဖြူရောင်ကြိုးလေးတစ်ကြိုးပေါ့
ဒီလိုနဲ့ပဲ ငါတို့နှစ်ယောက်ကြား
သံယောဇဉ်လေးတွေက တစ်စထက်တစ်စ
တိုးလို့ နားလည်မူလေးတွေရှိလာခဲ့တယ်
ကောင်မလေးရယ်
မင်းရဲ့စိတ်ထဲက တွေဝေနေမူတွေကို
အဝေးမှာပစ်ပြီး မနက်ဖြန်တွေတိုင်းမှာ
နေပူခဲ့ရင်တောင် မင်းအတွတ်
အရိပ်ရဖို့ အဆင်သင့်
သံယောဇဉ်ထီးတစ်လက်
ငါ့မှာအသင့်ရှိနေခဲ့တယ်
စိတ်ချထားပြီး ရဲ့ရင့်လိုက်ပါ
ကောင်မလေးရယ်
ငါတို့နှစ်ယောက်ပြန်ဆုံတွေ့ကြမယ့်
နေ့ရက်တွေကို ရေတွတ်ပြီး
စောင့်နေပေးပါ
ဝေးနေတဲ့ ခဏမှာ
သံယောဇဉ်တွေကို သတိရပြီး
ငါလည်းမင်းကို လွမ်းနေလို့ပါ ကောင်မလေးရယ်......
..........................အသည်းလေး
ချမ်းသာစွာစံ ဥာဏ် ၃ ဥာဏ်
3 years ago