Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ဇာပုဝါပါး

ညဟာနှင်းဖြူဖြူဝတ်ရုံဖြင့်စိုလဲ့နေသည်
အရပ်ရှစ်ခွင်လုံးက
ဇာပုဝါအဖြူပါးပါးလေးတစ်ထည်
လွှမ်းခြုံထားသည့်အလား
ထင်မှတ်မှားရလောက်အောင်
ကြည့်လေမြင်လေရာတိုင်း
နှင်းတွေချည်းအုပ်နှင့်သင်းနှင့်မင်းမူနေကြတာ
မသိရင်တော့ ဒီဇင်ဘာဆိုတာ
ဒီကမ္ဘာပေါ်မှာ
ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုပုံစံနှင့်
ထုံအီသောပန်းရနံ့တချို့လည်း
တသုန်သုန်ဖြူးနေသည့်ညည့်လေညှင်းနဲ့အတူတူ
အေးစိမ့်စိမ့်လေထုတွေထဲတွဲခိုကပ်ပါလျှက်
ညဟာချမ်းလွန်းလှသဖြင့်
ငါ့မှာတော့အိပ်လို့လည်းမပျော်နိုင်
ဟူးးးးးးးးးးးးးး
စိတ်ပျက်လက်ပျက်ဖြင့်ကောင်းကင်ကို
ငါ့မော့ကြည့်မိတော့
ခပ်ဝါးဝါးသာနေသည့်လမင်းကြီးက
“သူနဲ့မဆိုင်သလိုလို”သဘောမျိုးနဲ့
ငါ့ကိုပခုံးနှစ်ဖက်ပြန်တွန့်ပြသွားခဲ့တယ်...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment