Powered by Blogger.
photobucketWELL COME TO MY LOVING WORLD
အခြေအနေမပေးလို့အနေဝေးနေရပေမဲ့ရင်မှာအမြဲသတိရနေတယ်ဆိုတာယုံ......နားလည်မှုနဲ့.ယုံကြည်မှု...အလိုက်သတိပြု.....သစ္စာရှိပါ...ယုယပါ ချစ်သူ့ဝတ်ငါးဖြာ
RSS

ဇာပုဝါပါး

ညဟာနှင်းဖြူဖြူဝတ်ရုံဖြင့်စိုလဲ့နေသည်
အရပ်ရှစ်ခွင်လုံးက
ဇာပုဝါအဖြူပါးပါးလေးတစ်ထည်
လွှမ်းခြုံထားသည့်အလား
ထင်မှတ်မှားရလောက်အောင်
ကြည့်လေမြင်လေရာတိုင်း
နှင်းတွေချည်းအုပ်နှင့်သင်းနှင့်မင်းမူနေကြတာ
မသိရင်တော့ ဒီဇင်ဘာဆိုတာ
ဒီကမ္ဘာပေါ်မှာ
ဘယ်တုန်းကမှမရှိခဲ့ဖူးသလိုပုံစံနှင့်
ထုံအီသောပန်းရနံ့တချို့လည်း
တသုန်သုန်ဖြူးနေသည့်ညည့်လေညှင်းနဲ့အတူတူ
အေးစိမ့်စိမ့်လေထုတွေထဲတွဲခိုကပ်ပါလျှက်
ညဟာချမ်းလွန်းလှသဖြင့်
ငါ့မှာတော့အိပ်လို့လည်းမပျော်နိုင်
ဟူးးးးးးးးးးးးးး
စိတ်ပျက်လက်ပျက်ဖြင့်ကောင်းကင်ကို
ငါ့မော့ကြည့်မိတော့
ခပ်ဝါးဝါးသာနေသည့်လမင်းကြီးက
“သူနဲ့မဆိုင်သလိုလို”သဘောမျိုးနဲ့
ငါ့ကိုပခုံးနှစ်ဖက်ပြန်တွန့်ပြသွားခဲ့တယ်...

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Kiss.. kiss....kiss

အဆုံးစမဲ့ချစ်ခြင်းတွေက
ဒီဇင်ဘာရဲ့ နှင်းငွေ့တွေနဲ့အတူတူ
ငါ့ရဲ့အနမ်းတွေက
မင်းဆီပျံသန်းလာနေပြီးချစ်သူ
အဲဒီအနမ်းတွေကို
ဖမ်းဆုတ်လိုက်
ရင်ခွင်လေးမှာသိမ်းထားလိုက်
ဘာလို့ဆို ငါမင်းအနား
အမြဲတမ်းရှိနေတယ်ဆိုတာ
နင်မမေ့လိုက်ပါနဲ့ချစ်သူ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လမ်းပြကြယ်

ဒီနေ့တစ်နေ့လုံးငါ့ကောင်းကင်မှာ
မိုးသာတွေအုပ်ဆိုင်းလို့
တိမ်တွေကလည်းတရွှေ့ရွှေ့နဲ့
တိမ်တွေကရောဘာလို့ လွင့်မျောရင်း
မိုးစက်တွေအဖြစ် ကြွေဆင်းရတာလဲ
ဒီကမ္ဘာကြီးပေါ်မှာ
ငါ့ကိုယ်ငါအတွက် ဘာကိုမှ
တခုတ်တရ နဲ့မမျှော်လင့်ထားပါဘူး
တိမ်တွေကိုကျော်ဖြတ်ပျံသန်းချင်ခဲ့ပေမယ့်
ငါ့မှာ အတောင်ပံတွေလည်းမရှိခဲ့
ညရဲ့ကောင်းကင်ယံထက်က
ကြယ်တွေကတော့
ဟိုးအဝေးတနေရာကနေ
ငါ့ကို ညှို့ငင်ဆွဲဆောင်လို့ ကောင်းနေဆဲပေါ့
ဒီအချိန်မှာငါ့ခန္ခာကိုယ်မှာ
ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ ရည်မှန်းချက်
ငါ့လက်ထဲမှာ ရှိနေပေမယ့်
ကြယ်တွေဆီကို ရောက်ဖို့တော့
သိပ်ကို ခက်ခဲလွန်းနေပါလား
တချက်တည်းနဲ့သူ့ဆီ ရောက်အောင်သွားနိုင်ဖို့
ငါ့မှာအင်အားရှိပါ့မလားဆိုတာ
ငါလည်းမသိခဲ့မိဘူး
ဒါပေမယ့် ငါ့ရဲ့ခရီးအတွတ်
အဆင်သင့်ဖြစ်တဲ့အချိန်အထိ
အချိန်တစ်ခုကိုငါစောင့်ရမယ်
ငါ့ရဲ့အိမ်မက် မျှော်လင့်ချက်တွေတွတ်
ကျေးဇူးပြုပြီး ငါ့ကိုလမ်းပြပေးလှည့်ပါ
ငါ့ကြယ်လေးရယ်.........

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချဉ်ခြင်းတပ်မှု

အချစ်ကိုစစ်မစစ်သိဖို့က
ဓါတ်ခွဲခန်းသွားဖို့လည်းမလိုဘူး
ဘာလို့လည်းနင်သိလား
နင့်ရဲ့သံသယတွေကိုသာ
စိတ်ရှိလက်ရှိရေဆေးချလိုက်ပါ
နင်မြင်တွေ့လိမ့်မယ်
ငါ့ရဲ့ရင်ဘတ်ဟောင်းလောင်းကြီးပွင့်လို့
အတွင်းမှာနံရိုးပျောက်ရှာနေတဲ့
ရင်ခုန်သံရထားတစင်းစည်းချက်မညီစွာနဲ့
နင်တွေ့လိမ့်မယ်
အီကွေးရှင်းလေး ဘယ်ညာညီဖို့အရေး
ဖြုတ်ထုတ်ရှင်းနဲ့ အတင်းလိုက်လိုက်ညှိတတ်တဲ့
နင့်ရဲ့အကျင့်
ငါသာနင့်နေရာမှာဆိုရင်တော့
အရာရာကို ရင်ဘတ်နဲ့ကြည့်မိမှာပဲ
ရေဟာ H တွေ O တွေရဲ့ အရောအနှောဆိုရင်
အချစ်မှာကျတော့ရော ???
အ၀ိဇ္ဇာ နဲ့ တဏှာ ပေါပေါလောလော… တဲ့ ???
ဟားဟားဟား .....ငါ့ကိုနင်က
လှောင်ပြုံးလေးနဲ့ ခပ်သောသောရယ်မောလို့...
ပညာခန်းတွေအဲလောက်ထိပြစရာမလိုဘူးငါ့ကို
နင်သာခေါင်းတစ်ချက်သာယမ်းလှည့်
ကိုယ့်ဇလီဖားတုံးကိုယ်ထမ်းလို့
လာရာလမ်းကို မြန်းမယ့်ကောင်ပါ
နောင်တဆိုတာငါ့ဘဝမှာ ယောင်လို့တောင်
မရှိစေရဘူး နင်စိတ်ချလိုက်
ငါ့မှာသာ တန်ခိုးရှိရင်လေ
ရာဘင်နတ်တဂိုးနဲ့ပေးတွေ့မှာအမှန်ပဲနင့်ကို
သူပြောတဲ့ အချစ်ကို ဓါတ်ခွဲပြီးတဲ့နောက်
ပါဝင်ပစ္စည်းစာရင်းနဲ့တကွ
နင့်ဆီကိုဆက်သလို့
ညှီနံ့ကင်းတဲ့ ငါ့ရဲ့ချဉ်ခြင်းတပ်မှုကို
နင်…...ဟာ
ကြိုက်သလိုသာ ခေါင်းစဉ်တပ်လိုက်ပါတော့
ငါဘာမှမပြောလိုတော့ပါဘူးနင့်ကို......

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လူပျို

ဘာတဲ့ လူကိုခေါ်လိုက်တာ
နာဝင်ကိုခါးသွားတာပဲ
ဒီလိုနဲ့ ပဲကိုလူပျိုချစ်တတ်လာခဲ့ပါတယ်
ဒီလိုနဲ့ ပဲကိုလူပျိုမုန်းတတ်လာခဲ့ပါတယ်
မသိရင်မှတ်ထား
လူပျိုကြီး ဆိုတာ
နှလုံးသားရေးရာသမိုင်းတစ်လျှောက်
ကွဲလိုက် စေ့လိုက်ဖြစ်နေတဲ့အသည်းကို
ခပ်တည်တည်နဲ့ ပတ္တာရိုက်ထားတဲ့လူမျိုး
လွယ်လွယ်နဲ့ ဖွင့်ပိတ် လုပ်လို့ရတယ်
တစ်ကိုယ်တည်း ဒီလိုနဲ့ပဲ
နေဝင်နေထွတ်တွေများနေတယ်
ဒီလို ဒီလိုနဲ့ပဲ
လူတွေကကင်ပွန်းတပ်ခဲ့ကြတယ်
လူပျိုကြီးရင်ထဲမှာလည်းချစ်တတ်တဲ့နှလုံးသားနဲ့ပါ
အပျိုအကြီးကြီးတွေကိုရော
အပျိုအသေးသေးတွေကိုရော
လူပျိုရင်ထဲတန်းတူရည်တူ
“ချစ်သောမျက်စိ”ဖြင့်သာကြည့်မိတာပါ
ဘာလို့များငါ့ကိုအားလုံးက
မုန်းသောမျက်စိ နဲ့ ပြန်အကြည့်ခံရတာလည်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှတတနေ့ရက်များ

အားလုံးပြီးဆုံးသွားပြီးနောက်မယုံနိုင်စရာ နှလုံးသားနှမွှာကြားအမြစ်တွယ်နေတဲ့သံယောဇဉ်ကြိုးလေးတွေက
ငါ့ကိုယ်ငါ..မရှုမလှပျောက်ရှခဲ့ရတယ်
အသိခေါက်ခက်တဲ့ ချစ်ခြင်းတွေအပါးလင်းကိုဖွင့်မပြောဖြစ်ခဲ့တဲ့အမှန်တရားတွေ
လင်းထွက်ခွါခဲ့ပေမယ့်အမှန်တကယ်ကျန်ရစ်ခဲ့သူမှာမြတ်တ်ယောက်တည်းရယ်ပါလင်းရယ်
နှလုံးသားထဲမှာအဖြေတွေ အဆင်သင့်ရှိနေခဲ့ပေမယ့် ပျောက်ဆုံးနေတဲ့ မေးခွန်းအတွက်
ဘယ်လိုဖြောင့်ချက်မျိုးကိုမှလည်းလင်းအပေါ်ံဝန်မခံခဲ့ဖြစ်ခဲ့လို့ပါအဲဒီအတွတ်မြတ်မွန်အပေါ်နားလည်ပေးနိုင်လိမ့်မယ်လို့
ယုံကြည်နေမိတယ်လင်းကို
အေးမြတဲ့ဆောင်းနံနက်ခင်းနှင်းမူန်တွေကြားပြတင်းတံခါးကိုဖွင့်ကော်ဖီပူလေးတစ်ခွတ်ကိုလက်မှာကိုင်ရင်းမြတ်မွန်ရဲ့
စိတ်တွေက ဟိုးးးးးးး လွန်ခဲ့တဲ့အတိတ်တွေဆီလွင့်မျှောလို့
မောင်နဲ့ကျမကဟိုးငယ်စဉ်ခလေးဘဝတည်းကအိမ်နီးနားခြင်းငယ်သူငယ်ချင်း မောင့်နာမည်က လင်းထက်နိုင် ကျမကတော့ မောင့်ကို
လင်း လို့ပဲခေါ်ခဲ့မိတယ်ငယ်စဉ်အချိန်တည်းက မောင်တို့အိမ်နဲ့ မြတ်မွန်တို့အိမ်ကလမ်း၇ဲ့ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်မောင်ကတစ်ဦးတည်းသောသား ငယ်စဉ်ခလေးဘဝ
အတူတူကစားဖတ်အရမ်းကိုဂျစ်ကန်ကန်နိုင်တဲ့လူတစ်ယောက် မောင့်မိဘတွေနဲ့မြတ်မွန်မိဘတွေကလူကြီးခြင်းလည်းအ၇မ်းခင်ကျတဲ့သူငယ်ချင်းတွေလည်းဖြစ်ပြန်တော့
အဲဒီလိုနဲ့မောင်နဲ့မြတ်မွန်ဟာကျောင်းသွားလည်းအတူတူ ကျူရှင်တတ်ရင်လည်းအတူတူ တစ်ယောက်အကြောင်းတစ်ယောက်သိခဲ့ကျတယ်
မောင်ဘာတွေကြိုက်တတ်လည်းမြတ်မွန်သိသလို မြတ်မွန်ဘာတွေနှစ်သက်လည်းဆိုတာလည်းလင်းကိုယ်တိုင်အသိဆုံးဖြစ်ခဲ့ကျတယ် ဒါတွေကလည်းလင်းပါစပ်ကအမြဲမြတ်မွန်ကိုပြောတာက
တစ်ချိန်လုံးအတူတူရှိနေတဲ့လူနှစ်ယောက်တစ်ယောက်ကိုတစ်ယောက်နားလည်တာမဆန်းပါဘူးတဲ့ ဒီလိုနဲ့ပဲမြတ်မွန်တို့နှစ်ယောက်၁၀တန်းအတူတူအောင်ခဲ့ကျတယ် မြတ်မွန်ကဂုဏ်ထူး၎ဘာသာပါတယ် လင်းကတော့
ဂုဏ်ထူး၁ခုပဲထွတ်လို့ နည်းပညာကျောင်းတတ်ခဲ့သလို မြတ်မွန်ကငယ်စဉ်ခလေးဘဝတည်းကဆ၇ာဝန်အလုပ်ကို ဝါသနာပါတော့ဆေးကျောင်းကိုတတ်ခဲ့တယ်တက္ကသိုလ်လည်းမတူတော့ အရင်ကလိုလင်းနဲ့မြတ်မွန်
တစ်ချိန်လုံးတစ်ပူးတွဲအတူတူမ၇ှိနေကျဘူးပေါ့ အဲဒီလိုနဲ့နေလာခဲ့ကျတာ
တစ်နေ့လင်း ကမြတ်မွန်တို့ကျောင်းဘက်ကိုလာရင်းလမ်းမှာအချည်ပေါင်းရောင်းတဲ့အသည်ဆီကသရက်သီးအချည်ပေါင်းတွေကိုငံပြာရည်ငရုပ်သီးမှုန့်တွေနဲ့ဝယ်လာပြီးအပြေးတစ်ပိုင်းရောက်လာခဲ့တယ် စိတ်ထဲမှာတော့
မြတ်မွန်ဝမ်းသာမှာပဲဆိုပြီးတော့
မြတ်မွန် ......ရော့ ငါနင့်အတွတ် သရက်ချည်ပေါင်း လို့ဝမ်းသာအားရနဲ့ပြောပြီးပေးတာဝမ်းမသာတဲ့အပြင်အံ့သြတဲ့မျက်နှာနဲ့ ငါဘယ်တုန်းကစားလို့လည်းတဲ့
ပီးမြတ်မွန်၇ဲ့ဘေးနားကခုံလေးမှာလင်းတစ်ခါမှမတွေ့ဘူးတဲ့ငနဲတစ်ကောင်နဲ့စကားတွေရီရီမောမောပြောလို့
ဟောဗျာ တယ်လည်းတတ်နိုင်တဲ့မိန်းမတွေပဲအပြောင်းလဲကလည်းမြန်တယ်ဆိုတာ အခုမှကိုယ်တွေ့ဗျာ ဟူးးးးမလွယ်ပါလား အရင်တုန်းကသူပဲကြိုက်လှချည်ရဲ့ အခုကျမှ အမယ်မင်းကအချိုးတွေပြောင်းလို့
ဘာလည်းမြတ်မွန် နင်တို့ကျောင်းမှာဒါတွေစားရင် ရောဂါဖြစ်တယ်ဆိုပီးသင်ထားတာလား ဆိုပီးပြောလိုက်ခြင်တာစိတ်ထဲကနေပီးတော့ ဟုတ်တယ်လေ ကိုယ့်မှာတော့စေတနာနဲ့အလိုက်သတိ သူစားပါစေဆိုပီးဝယ်လာခဲ့တာ
လူကို မတူသလိုမတန်သလိုနဲ့ ငယ်ငယ်တုန်းကလိုစိတ်၇ှိလက်၇ှိခေါင်းကိုဒေါက်ကနဲနေအောင်ခေါက်ပစ်လိုက်ချင်တာ အဟုတ်… လူကြားထဲမှာမို့လို့ပေါ့ဗျာ… ခင်ဗျားတို့လည်း ကျွန်တော့်နေရာမှာဆို ဒီလိုပဲဖြစ်မှာပဲ… လောင်းရဲတယ်ဗျာ…
သူ့ဘေးက ငနဲကလည်း ကျေနပ်သလို အပြုံးကြီးနဲ့ ကျွန်တော့်ကို အောင်နိုင်သူလို ပြုံးပြနေလိုက်တာများ… သွားတွေကျွတ်ထွက်သွားအောင် စိတ်ရှိလက်ရှိထိုးပစ်လိုက်ချင်တာ လက်ကိုယားလို့ကျွန်တော်လည်းစိတ်ထဲခပ်ချဉ်ချဉ်ရှိတာနဲ့
အေးလေးပီးတာပဲ ငါညနေနင့်ကိုလာမကြိုအားဘူးငါဖြိုးသူနဲ့ကိစ္စရှိသေးလို့ကိုယ့်ဘာသာပဲပြန်လိုက်တော့ အန်တီမေးရင်နင်သေခြာရှင်းပြထားနော် ငါနောက်မှလာခဲ့မယ် အိမ်ကို
ပြောပြောဆိုဆိုနဲ့ ကျွန်တော်ထွက်ခဲ့တယ်မြတ်မွန်ခေါင်းညိမ့်ပြတယ်ထင်တာပဲ သေသေချာချာတော့ သိပ်မမှတ်မိတော့ဘူးသူ့မျက်နှာက ကြောင်အိမ်ကထဲ ငါးဖယ်ကြော်ခိုးစားတာ လူမိတဲ့ ကလေးလိုပဲ
တစ်ခုခုဖြေရှင်းဖို့ကြိုးစားနေပုံပေါ်တယ်မျက်နှာပေါ်မှာ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်အားတော့ဘူး ဟုတ်တယ်လေ သူ့လုပ်ပေါက်က ဟုတ်မှမဟုတ်တာစိတ်ထဲမှာလည်းအတော်လေးကိုချည်နေတာ
ဒီကောင် ဘယ်ကကောင်ပါလိမ့်… အရင်က မြတ်မွန်နားမှာ တစ်ခါမှမတွေ့ဖူးပါဘူး…. ကျောင်းဝင်းတစ်ခုလုံး လင်းနဲ့မြတ်မွန် နှစ်ယောက်အတူတူတွဲသွားတွဲလာ လုပ်နေတာ ဒီကောင်မသိဘူးလား… ဒါမှမဟုတ် ကျွန်တော်ကပဲ ဒီကောင်မြတ်မွန်နားဝဲနေတာကို မသိတာလား
ဒါ့ထက် ငနဲရုပ်က မဆိုးဘူးလို့ပြောလို့ရတယ်…. ကျွန်တော် ယောက်ျားအချင်းချင်း သိပ်မကြည့်တတ်ပေမယ့် ဒီကောင်က အသားလတ်လတ်ဗျာ… ထောင်ထောင်မောင်းမောင်းရည်ရည်မွန်မွန်… ၀တ်တတ်စားတတ်… ဒါနဲ့ပဲ ဟို ငတိမ ဖြစ်ပျက်နေပုံများ…
ကျွန်တော်တွေးရင်းတော်တော်အသည်းယားလာတယ်… ဒေါသလည်းထွက်လာတယ်.. တစိမ့်စိမ့်တွေးလေ ဒေါသကထွက်လာလေပဲ… မြတ်မွန်ဆိုတာ ငယ်ငယ်ကတည်းက ကျွန်တော့်စကားတစ်ခွန်းကို ဘယ်တုန်းကမှ ပြန်လှန်ရဲခဲ့တာမဟုတ်ဘူး… ဟုတ်တယ်
သူ့မိဘတွေကအစ လင်းကို အာဏာကုန်လွှဲအပ်ထားတာ… သူ့အိမ်စည်းရိုးကျော်တာနဲ့ ကျွန်တော်ဟာ သူ့အုပ်ထိန်းသူပဲ… ဒါကို တစ်လောကလုံးသိတယ်… မြတ်မွန်ကိုယ်တိုင်လည်းသိတယ်… ကျွန်တော်ဟာမြတ်မွန်အပျိုဖော်ဝင်ပြီဆိုကတည်းက ရွယ်တူမိန်းကလေးတွေနဲ့
တွဲတာလာတာကအစ နေရာတကာ အရိပ်တကြည့်ကြည့်စောင့်ရှောက်လာခဲ့တဲ့ကောင်ပါ… ကလက်တက်တက် ခပ်ကဲကဲတွေဆိုရင် သူ့ကိုပေးမပေါင်းဘူး… အထီးတွေဆို ပိုဆိုး… ယောင်လို့ မျက်လုံးတောင် မကစားနဲ့… ကျွန်တော့်လက်သီးမိုး ဒီကောင်တွေမျက်နှာပေါ်ရွာပြီးသားပဲ
အဲ့ဒီကိစ္စနဲ့ ပြသနာဖြစ်ပေါင်းလည်း မနည်းတော့ဘူး… ဒီကောင်တွေ ဒီလောက်မိန်းကလေးတွေအများကြီး ဘာလို့ မြတ်ကိုပဲလာလာဝဲနေမှန်း စဉ်းကို မစဉ်းစားတတ်ဘူး
မြတ်ရဲ့ မိဘတွေကလည်း သားသမီးကို ငယ်ငယ်တည်းက မိဘစကားနားထောင်တတ်အောင်… ရိုသေတတ်အောင်… ဗိုင်းကောင်းကျောက်ဖိနေတတ်အောင် သေချာသင်ထားပေးတာဗျ.. အဲ့ဒါတစ်ခုတော့ ကျွန်တော် အန်တီ့ကို တော်တော်လေးစားတယ်ဗျ… (အန်တီဆိုတာ
မြတ်တို့မေမေလေ ကျွန်တော့်ကိုလည်း သားအရင်းလိုချစ်တယ်… ချစ်တာမှ သူ့သမီး အပိုင်သာပေးထားတာ ကြည့်ပေတော့… ) မြတ်တို့ဖေဖေကတော့ စီးပွားရေးကိုပဲ အာရုံစိုက်ထားတယ်… သားသမီးကိစ္စတွေကိုတော့ အန်တီကပဲ စီမံရတာပေါ့… မိဘစကားဆိုတာ
မြေ၀ယ်မကျနားထောင်ရတယ်ဆိုတဲ့အသိဟာ မြတ်ရဲ့ အသွေးထဲ အသားထဲမှာ သံမှိုနဲ့နှက်ထားသလိုစွဲနေပြီးသားအန်တီက ငယ်ငယ်ကတည်းက ကျွန်တော်ပြောတာနားထောင်ဖို့… အမြဲမှာထားတာဆိုတော့ မြတ်ဆိုတဲ့မိန်းခလေးကကျွန်တော် သေဆိုသေ ရှင်ဆိုရှင်ပဲ
အဲ မြတ်ကငယ်ငယ်ကတည်းကချောကလက်တို့ရေခဲချောင်းတို့ဆိုသေလောက်အောင်ကြိုက်တာဗျာ… ဒါပေမယ့်ကျွန်တော်က မစားနဲ့ဆို သူမစားရဘူးပဲ… စားကြည့်ပါလား ကျွန်တော်က ပြန်တိုင်တာပေါ့….သူကချောင်းဆိုးလွယ်တယ်ဗျ အအေးစာ နည်းနည်းစားတာနဲ့
ချောင်းတန်းဆိုးတော့တာပဲ.. နောက်ပြီး တစ်ခါတစ်ခါ သူချောင်းဆိုးရင် အကြာကြီးရယ် နှစ်ပါတ်သုံးပါတ်လောက်ကြာတတ်တယ်... ကျွန်တော်တိုင်ရင် အန်တီကသူ့ကိုဆူရော … သူ့အမေနဲ့တင် ကိစ္စကပြီးရင်တော်ရဲ့ မတော်လို့များ… သူ့အဖေသိသွားကြည့်… ပွဲကပြတ်ကရောပဲ
တစ်ပါတ်စာ မုန့်ဖိုးသွားလေရော့ပဲ.. အဲ့ဒါကြောင့် မြတ်ဆိုတဲ့မိန်းခလေးကကျွန်တော့်ကို ငယ်ငယ်ကတည်းက ကြောက်ရတယ်တစ်ခါတစ်လေ ကျွန်တော်သနားလို့ ခွင့်ပြုမှ သူရေခဲချောင်းစားရတာ… အဲ့ဒီအခါမျိုးဆို သူပျော်နေတာများ… ခင်ဗျားတို့ကို ပြချင်တယ်
ပါးစပ်ကို မစေ့တော့ဘူး ရှိသမျှသွားတွေကိုဖြီးလို့ချောကလက်စားလိုက်ကျွန်တော်နဲ့ အကြည့်ချင်းဆုံတိုင်း ဇက်ကလေးပုပုပြီး သွားဖြဲပြနေတာ… ခုခေတ် ကိုးရီးယားမင်းသမီးတွေအတိုင်းပဲ သူ့မျက်လုံးတွေထဲက ကျွန်တော့်ကိုကျေးဇူးတင်တဲ့အရိပ်အယောင်တွေကို ကျွန်တော်မြင်နေရတယ်
အဲလိုအချိန်မျိုးဆိုရင်စိတ်ထဲကနေကျွန်တော်ရယ်ချင်စိတ်ကို မနည်းအောင့်ထားရတယ်
တကယ်တော့ ကျွန်တော်ဖြိုးသူနဲ့လည်းချိန်းမထားသလို ဘယ်မှလည်းသွားစရာမရှိဘူးမြတ်ကိုသက်သက်ပညာပြချင်လို့ တစ်ယောက်တည်း အိမ်ပြန်ခိုင်းလိုက်တာ ကျွန်တော်မပါပဲ တစ်ယောက်တည်း အိမ်ပြန်ရတဲ့ဒုက္ခကိုဒင်းလေးကိုသိစေချင်လို့
သိတဲ့အတိုင်းပဲလေ… မြတ်မွန်ကအစစအရာရာ ကျွန်တော့်ကိုမှီခိုနေရတဲ့လူ… ကျွန်တော့်ကိုသူအားကိုးတယ် တွယ်တာတယ်… ကျွန်တော်မပါပဲ ဘယ်မှသွားရဲလာရဲတာမဟုတ်ဘူး… အခု ဘတ်စ်ကားကျပ်တဲ့ကျောင်းဆင်းချိန်မှာ ဒင်းကိုမှတ်လောက်သားလောက်အောင်
တစ်ယောက်တည်းပြန်ခိုင်းလိုက်တာ… ဒါပေမယ့် ကျွန်တော်ထင်တာ တက်တက်စင်အောင်လွဲသွားတယ်… ကျွန်တော်ပိုးဘတ်စ်ကားစီးမယ့် မှတ်တိုင်ကို မြင်ရတဲ့ လက်ဖက်ရည်ဆိုင်ကနေ ငတိမအခြေအနေကို ထိုင်စောင့်ကြည့်နေတာ… ကျောင်းဆင်းချိန်ဆိုတော့ မှတ်တိုင်မှာ လူတွေကလည်း အုံလို့
ကျောင်းဆင်းတော့ မြတ်က မှတ်တိုင်ဆီလျှောက်လာတာတွေ့တယ်… နောက်ပြီး ကျွန်တော့်ကိုများတွေ့မလား တောင်ကြည့်မြောက်ကြည့်နဲ့ သူရှာသေးတယ်… ကျွန်တော်ကသူမမြင်နိုင်တဲ့ ဆိုင်ထောင့်ဘက် အမှောင်ကျတဲ့နေရာနားမှာ ထိုင်နေတာမို့ ကျွန်တော့်ကိုသူမမြင်ဘူး… ခပ်ဝေးဝေးဆိုပေမယ့်သူ့
မျက်နှာသိသိသာသာကြီးငယ်နေတာကိုကျွန်တော်သိတယ်… ကျွန်တော်စိတ်ထဲမှာအတော်လေးရယ်ချင်သွားတယ်… မှတ်ထား.. ငါ့ကို အာခံချင်ဦး ဒါအကင်းပဲ ရှိသေးတယ် ဒီအကြောင်းများ ငါအန်တီ့ကိုပြန်တိုင်လိုက်ရင် တစ်လစာလောက် မုန့်ဖိုးငတ်သွားမယ် ဘာမှတ်နေလဲ
ကိုယ့်အတွေးနဲ့ကိုယ် သဘောကျပြီး ကျွန်တော်ပြုံးမိသေးတယ်… ရုတ်တရက်ဗျာ… မှတ်တိုင်နားမှာ ကားတစ်စီးအရှိန်လျှော့ပြီးဖြတ်မောင်းသွားတာ တွေ့တယ်… နောက်တော့ ခပ်လှမ်းလှမ်းမှာ ကားကိုရပ်ပြီး လူတစ်ယောက် မှတ်တိုင်ဘက်လျှောက်လာတာတွေ့တယ်ကိုယ့်ဆရာတို့သိပြီးသားပါ ဒါက
ထွေထွေထူးထူးလည်းပြောစရာလိုမယ်မထင်ပါဘူး… နေ့လည်က မြတ်ရဲ့ဘေးနားမှာတွေ့တဲ့ ဟိုငနဲပါပဲ… ကားက parado အဖြူလေးနဲ့မှတ်တိုင်နဲ့ကျွန်တော်ထိုင်နေတဲ့ဆိုင်ကလှမ်းနေတော့နံပါတ်မမြင်ရဘူးဒီကောင်မြတ်ရဲ့အနားနားကိုလျှောက်လာတာတွေ့တယ်… မြတ်နဲ့သူနဲ့ဘာတွေပြောလဲဆိုတာလဲ
မကြားရလဲ ကျွန်တော်သိတယ်ခင်ဗျားတို့လည်းသိမှာပါ… ကျွန်တော့စိတ်ထဲမှာတော့ သူ့ကားနဲ့လိုက်မသွားဘူးဆိုတာယုံတယ်… လောင်းရဲတယ်ဗျာ… တကယ်လည်း ပိုးလိုက်မသွားပါဘူး… အဲဒီ့ငနဲ မှတ်တိုင်မှာ ကားမလာမချင်းရပ်စောင့်နေတာဗျာ… လူတွေကလည်း ကွက်ကြည့် ကွက်ကြည့်နဲ့သူတို့နှစ်ယောက်ကို
ဟုတ်တယ်လေ သူသူကိုယ်ကိုယ် ကျောင်းသားသဘာဝ ဒါမျိုးတော့ စိတ်ဝင်စားတာပေါ့ဗျ… ဘာလဲဟ ကားနဲ့ခေါ်တယ် မလိုက်ဘူး… သွားလည်းမသွားဘူး ရပ်စောင့်နေတယ်… စိတ်ကောက်နေတာလား… ဘာတွေလဲ ဘာတွေလဲ ပေါ့… နောက် ခဏနေတော့ မြတ်စီးမယ့် ဘတ်စ်ကားေ၇ာက်လာတယ်
ကျွန်တော် ပြေးလိုက်သွားမလို့ လက်ဖက်ရည်ဖိုးရှင်းနေတုန်း ငနဲက မြတ်နောက်ကနေတူတူ ဘတ်စ်ကားပေါ်တက်သွားတာ တွေ့လိုက်တယ်…. ကျွန်တော် လက်ဖက်ရည်ဆိုင်ထဲမှာလည်း ငြိမ်ငြိမ်ထိုင်လို့မရတော့ဘူးစိတ်ပေါက်ပေါက်နဲ့ ကားဆီကိုလာပြီးလျှောက်ပါတ်မောင်းနေမိတော့တယ်
ကျွန်တော့်ခေါင်းထဲမှာလည်း အတွေးတွေကလည်း စုံလို့ သူနဲ့မြတ်နဲ့ကဘာတွေလည်း...ဘယ်လိုများပါတ်သတ်နေကျတာလည်း.....?
အဲဒီအချိန် ကျွန်တော့်စိတ်ထဲမှာ ကိုယ်ပိုင်ပစ္စည်းတစ်ခုကို အလုခံလိုက်ရသလိုပဲကျွန်တော့်အတွက် ``မြတ်မွန်´´ဆိုတာကလေ ဘိုင်နိမ်းနဲ့တပ်ပေးလိုက်တဲ့ ဘုရားသခင်ရဲ့ လက်ဆောင်ဗျမြတ်က ကျွန်တော့်အတွက် ကျွန်တော်ပိုင်တာ. မြတ် အခုချိန်ဆို လူတွေကျပ်တဲ့ ဘတ်စ်ကားပေါ်မှာ ဟိုငတိနဲ့လူတွေကျပ်လို့များအသားချင်းကပ်နေမလား
မြတ်ကိုသူက ကာပေးသလိုနဲ့ လက်မောင်းနှစ်ဖက်ကြား ရပ်စေမှာလား ကျွန်တော်တွေးရင်း ရင်တွေပူလာတယ် ကျွန်တော့် ခေါင်းတွေမီးတောက်လာတယ်... ဆောက်တည်ရာမရဖြစ်တယ်ဆိုတာ ဒါမျိုးထင်ပါရဲ့ ကျွန်တော် အိမ်ပြန်ရောက်တော့ စိတ်ပျက်လက်ပျက်နဲ့ ကုတင်ပေါ်ပစ်လှဲလိုက်တယ်... ရေလည်း ချိုးချင်စိတ်မရှိဘူး
မေမေက ထမင်းစားဖို့လာခေါ်တဲ့အထိ အိပ်ရာထဲမှာလဲနေတဲ့ ကျွန်တော့်ကိုမြင်တော့ နေမကောင်းဘူးလို့တောင် ထင်နေသေးတယ်... ဘာမှမဖြစ်တဲ့အကြောင်းပြောပြီး ကျွန်တော် မေမေကျေနပ်အောင် ထမင်းဆင်းစားတယ် နောက်ပြီး အခန်းထဲပြန်ဝင်ပြီး အိပ်ယာပေါ်ပြန်လှဲနေလိုက်တယ်. အဲဒီအချိန်မှာစိတ်ထဲကနေမြတ်တို့အိမ်သွားရင်ကောင်းမလား
စဉ်းစားပေမယ့် မသွားရဲသလိုလို မြတ်ကိုလည်းမျက်နှာချင်းဆိုပီး မကြည့်ရဲသလိုလို ဘယ်လိုကြီးမှန်းကိုမသိဘူး... တကယ်ဆို ကျွန်တော်ဘာမှလည်း အမှားမလုပ်ခဲ့ပဲနဲ့ကို သူနဲ့မျက်နှာချင်းဆိုင်ဖို့ စိတ်ထဲကနေ၀န်လေးနေမိတယ်... အင်း သူ့ကို အိမ်ပြန်ပို့ဖို့ဝတ္တရားတော့ ပျက်ကွက်မိတာပေါ့လေ... အဲ့ဒါကြောင့်ပဲဖြစ်မှာပါ .
ကိုယ့်ကိုကိုယ်လိပ်ပြာမလုံသလိုဖြစ်နေတာ... ဒါပေမယ့်အန်တီ့ကိုညနေလာခဲ့မယ်လို့ စကားပါးလိုက်ပြီးသားလည်းဖြစ်နေပြန် ... ဒီနေ့သူ့သမီးကိုလည်း အိမ်ပြန်ပို့ဖို့ဝတ္တရားကလည်း ပျက်ထားတယ်ဆိုတော့ ကိုယ်တိုင်သွားရှင်းပြမှ ဖြစ်မှာမို့လို့ အိပ်ယာထဲကနေလူးလဲထပြီး မေမေ့ကို မြတ်တို့အိမ်ဘက်သွားဦးမယ်လို့ လှမ်းအော်ပြီးထွက်ခဲ့တယ်.
ကျွန်တော်လည်းမြတ်တို့အိမ်ေ၇ာက်တော့ဧည့်ခန်းထဲမှာမိသားစု ၃ ယောက်လုံး တီဗီလာတဲ့ ကိုးရီးယားကား ထိုင်ကြည့်နေကြတယ်... ကျွန်တော်လာတာတွေ့တော့ အန်တီက တစ်ချက်ပဲလှမ်းကြည့်ပြီး ပြုံးပြတယ် နောက်သူ့ကိုးရီးယားကားပဲ သူအာရုံပြန်ရောက်သွားတယ်... ညနေက သူ့သမီးကို ကျွန်တော်ပြန်မပို့ခဲ့တာတောင် သူမသိတဲ့ပုံ
ဒါမှ မဟုတ် ဟိုငနဲလာပို့တာကိုပဲ ကျွန်တော်လို့ထင်သွားသလား မသိ... ဟုတ်တယ်ဗျ. .တစ်ခါတစ်လေ ကျွန်တော်က ခြံပေါက်ဝထိလိုက်ပို့တယ်လေ မြတ်က ခြံတံခါးမကြီးနေ လူတစ်ကိုယ်ဝင်စာ အပေါက်ကလေးကနေ သူ့အိမ်ထဲ သူဝင်သွားတာ.. အိမ်ထဲကနေဆိုရင် သစ်ပင်ရိပ်နဲ့ဆို လိုက်ပို့တာ ဘယ်သူဘယ်ဝါ သည်းသည်းကွဲကွဲမြင်ရတာ မဟုတ်ဘူး.
ဒါပေမယ့် အရင်က ကျွန်တော်တစ်ယောက်တည်း လိုက်ပို့နေတာ ပြဿနာမရှိပေမယ့်... အခု...အို မဖြစ်နိုင်ပါဘူး မြတ်ကလည်း ဒီကောင့်ကို အိမ်ထိခေါ်ရလောက်အောင် သတ္တိမကောင်းဘူး ဟိုကောင်ကလည်း အဲ့ဒီလောက်ထိ အတင့်မရဲနိုင်လောက်ပါဘူး....
``ဖြိုးသူနဲ့ကိစ္စရှိလို့လိုက်သွားရတယ်ဆို... သား...´´
ရုတ်တရက်မေးလာတဲ့ အန်တီ့အသံကြောင့် ကျွန်တော်လန့်သွားတယ်... ကြည့် ဒီကောင်မလေး ဒီလိုဆိုတော့လည်းကျွန်တော့် အပြစ်ပေါ့အောင် ဖာဖာထေးထေးပြောပေးတတ်သား.. မဆိုးဘူး...
စိတ်ထဲကနေချီးကျူးနေမိတယ်မြတ်ကို
``ဗျာ... ဟုတ် သူ့ဘကြီးဆေးရုံတက်တာ လူနာသတင်းမေးလေ... ´´
``အေးပေါ့ လူမှုရေးကိုး..မြတ်ကတော့အိမ်ကိုေ၇ာက်တည်းကကားကျပ်လို့ ညည်းလိုက်တဲ့အညည်း လွန်ရောပဲ.အန်တီတောင်အံ့သြနေတာသားကျောင်းဒီနေ့အရေးကြီးတဲ့လက်တွေ့တွေလုပ်နေတာလို့စိတ်ထဲမှာထင်နေတာမြတ်ကိုခါတိုင်းသားပဲကျောင်းကြိုပို့နေကျဆိုတော့အင်းလေဟုတ်သားပဲမြတ်ရဲ့ကျောင်းနဲ့သားရဲ့ကျောင်းကလည်းတောင်နဲ့မြောက်
မြတ်ကတော့အိမ်ေ၇ာက်ကတည်းက သားကို တစ်ချိန်လုံး အပြစ်တင်နေတာ လိုက်မပို့ရကောင်းလား ဆိုပြီး... ´´
``ဟုတ်... ဟဲ ဟဲ... ´´ ကျွန်တော်လည်းမြတ်ကိုစကားပြောစရာရှိတယ်ခြံထဲမှာငါစောင့်နေမယ် အန်တီတို့ကိုလည်းနူတ်ဆတ်လိုက်တယ်တစ်ခါတည်း ကျွန်တော်မြတ်နဲ့ခြံထဲမှာစကားနဲနဲပြောမလို့အန်တီခွင့်ပြုပါအုန်းလို့
အန်တီတို့လင်မယားကလည်း သတိတောင်ထားမိပုံမပေါ်ဘူးဗျာ သူတို့ ကိုးရီးယားရေယာဉ်ကြောမှာမြောနေတာ
ကျွန်တော် ခြံထဲက ဒန်းပေါ်မှာ ထိုင်စောင့်နေတယ် ခဏနေတော့ မြတ်ကမြန်မာဆန်ဆန်သနပ်ခါးရေကျဲလေးနဲ့မခို့တရို့လေးကျွန်တော့ဆီလျှေက်လာတာတွေ့တယ်လက်ထဲမှာလည်းစားစရာလေးတစ်ခုကိုင်လို့
``ရော့..´´ မြတ်ကသစ်တော်သီးပန်းကန်ကို ကျွန်တော့်ဆီထိုးပေးရင် ကျွန်တော့်ဘေးမှာ ၀င်ထိုင်တယ်... ဒီကောင်မလေး ငယ်ငယ်က ဒန်းစီးရတာ သိပ်ကြိုက်တာပဲပန်းခြံသွားတိုင်း ကျွန်တော်အမြဲတမ်း ဒန်းလွှဲပေးခဲ့ရတာ မှတ်မိသေးတယ်
``ညနေက ပြန်ရတာ အဆင်ပြေရဲ့လား ဟင်းမြတ်´´ကျွန်တော် သူ့မျက်နှာကို စေ့စေ့ကြည့်ပြီးမေးလိုက်တယ်
ချက်ချင်းခေါင်းငုံ့သွားတယ်... နောက်တော့ အသံတိုးတိုးနဲ့
``ပြေပါတယ်..´´
``တစ်ယောက်တည်းလား...´´ ကျွန်တော် ထပ်မေးလိုက်တယ် အဲအချိန်မှာ မျက်နှာ သိသိသာသာကြီး
ပျက်နေတယ်မြတ်မလိမ်တတ်တာ ကျွန်တော်သိတယ်အထူးသဖြင့် ကျွန်တော့်ကိုပေါ့ မလိမ်ရဲတာ ဆိုရင်ပိုမှန်ပါလိမ့်မယ်
မျက်နှာအရိပ်အကဲကိုကြည့်ရုံနဲ့ သူ့စိတ်ကိုကျွန်တော်ထွင်းဖောက်မြင်နိုင်တယ်ဆိုတာ... ပြောရင် ခင်ဗျားတို့ ယုံပါ့မလားမသိဘူး...
သူမကိုချောင်ပိတ်ပြီးမေးတဲ့ မေးခွန်းဆိုတာလည်းသိတယ်... ကျွန်တော်ဟာ အဖြေမှန်ကိုသိပြီးသားပါ.
ဒါဟာ မြတ်မွန်ရဲ့ရဲ့ရိုးသားမှုကို စစ်ဆေးတဲ့မေးခွန်းဆိုတာကို သူကိုယ်တိုင်လည်းကောင်းကောင်းကြီးသိနေခဲ့တယ်
``ဟို..ဟို.. သူက.... အတင်း...´´
သူ စကားတစ်ခွန်းဖြစ်ဖို့ အတော်ကြီး ကြိုးစားပန်းစားပြောယူနေရတယ်...
လရောင်အောက်မှာ ပိုးနဖူးပေါ်ကချွေးစက်ကလေးတွေ အရောင်လက်နေတာ ကျွန်တော်မြင်နေရတယ်...
``သူက ဘယ်သူလဲ...´´
ကျွန်တော့်လေသံ နည်းနည်းမာသွားတာ ကျွန်တော်သတိထားမိတယ်...
``ကိုသူရိန်စိုးဆေးကုမ္မဏီတစ်ခုကအရောင်းမြှင့်တင်ရေးမန်နေဂျာ´´
``နင်နဲ့ ဘယ်လိုသိလဲ...´´
`` မိုးဖြူမိတ်ဆက်ပေးတာ... သူ့အစ်ကိုတစ် ၀မ်းကွဲ´´
``သိတာ ကြာပြီလား...´´
``တစ်ပါတ်လောက် ရှိပြီ...´´ ကြည့်စမ်း တစ်ပါတ်လောက်ရှိပြီတဲ့... ကျွန်တော် တော်တော်ညံ့ပါလား.
သူ့နားမှာကျွန်တော်တစ်ချိန်လုံးရှိနေပါလျက် ဒီကောင်နဲ့သိတာ တစ်ပါတ်လောက်ရှိတာတောင် ကျွန်တော် ဘာမှ မသိရပါလား
ဘာလည်းဟ``ငါ့ကို ဘာလို့မပြောတာလဲ...´´ကျွန်တော့်မေးခွန်းတွေက မြတ်ကိုရာဇ၀တ်မှုကျူးလွန်တဲ့ တရားခံကိုမေးတဲ့မေးခွန်းတွေလို
ဆက်တိုက် ဆက်တိုက် . ``ဟို... မိုးဖြူကလင်းကို မပြောနဲ့တဲ့...´´
``တောက်.... ´´ ကျွန်တော် တော်တော်ဒေါသထွက်သွားတယ်... ဒါ သက်သက် လူပါးဝတာ... မိုးဖြူရော သူ့အစ်ကို ၀မ်းကွဲဆိုတဲ့ကောင်ရော
ကျွန်တော်တို့နှစ်ယောက်ပက်သတ်မှုကို သိသိကြီးနဲ့ လူမဆန်တာ... စည်းကျော်တာ... ပိုင်ရှင်မသိအောင် ခိုးစားချင်တာ...
ကျွန်တော့် ဒေါသတွေ ပွက်ပွက်ဆူလာတယ်...
``မြတ်နင် ငါ့မျက်နှာကိုသေချာကြည့်စမ်း ငါဘယ်သူလဲ... ´´ ကျွန်တော် သတိလက်လွတ် သူ့ပခုံးနှစ်ဖက်ကို ကိုင်လှုပ်ပြီး ကျွန်တော့်ဘက်ကို သူ့ကို အတင်းဆွဲလှည့်လိုက်တယ်
``လင်း...ထက်..နိုင်.. ´´အဲဒီခနသူမရဲ့ မျက်နှာက အခုပဲ ငိုချတော့မလို
``သြော်... အေး.. နင်သိသေးသားပဲ.. လင်းထက်နိုင် ဘယ်သူလဲဆိုတာလည်း နင်သိတယ်နော်...ဒီမယ် မြတ်မွန်မနက်ဖြန်မနက်ပိုင်း အတန်းတစ်ချိန် နင်ဖျက်ရလိမ့်မယ်.
ငါလာကြိုမယ် စောင့်နေ ကျွန်တော်ပြောပြီး ထွက်ခဲ့တယ် ...အိမ်ရောက်တော့ ကျွန်တော်ဘာလုပ်ရမလဲဆိုတာကို သွေးအေးအေးနဲ့စဉ်းစားနေမိတယ်... ဒီအတိုင်းဆို အဲ့ဒီ
သူရိန်ဆိုတဲ့ကောင်က မြတ်ကို ကွေ့ပတ်သွယ်ဝိုက်ပြီးဝင်ရောနေတာမဟုတ်ဘူးဆိုတာသေချာတယ် သူကသဘောကျလို့ တည့်(ဒဲ့)ကိုဝင်လာတာ.
ပြောရရင် တိုင်းသိပြည်သိ ကြေညာပြီးကျွန်တော့်ကို စိန်ခေါ်လိုက်တာပဲ
ကျွန်တော် အိပ်ယာပေါ် မှောက်လိုက်လှန်လိုက်နဲ့ အမျိုးမျိုးစဉ်းစားကြည့်တယ်... ဒီကောင်မြတ်အပေါ်မှာဘယ်လိုလက်လျှော့သွားအောင် လုပ်ရမယ်ဆိုတာ. ရုတ်တရက်
ကျွန်တော် တစ်ခုခုကို သတိရသွားတယ်... အမှန်က ကျွန်တော် ပေါ့ပေါ့ဆဆ မေ့လျော့နေခဲ့မိတဲ့အချက်ပါ... ဟုတ်တာပေါ့ ဒါကြောင့်ပဲနေမှာ... မိုးဆိုတာကလည်းမြတ်မွန်နဲ့
အရင်းနှီးဆုံး မိန်းကလေးသူငယ်ချင်းပဲ... ကျွန်တော်မသိသင့်တဲ့ မိန်းကလေးကိစ္စတွေကို သိနေတဲ့လူပေါ့... သူတို့ကကျောင်းကလည်းတစ်ခုတည်းအတူတူတတ်နေကျတာ အတန်းချင်းလည်း တူတယ်လေ
ကျွန်တော်နဲ့မြတ်ရဲ့အကြောင်းကိုလည်းသူအကုန်သိနေမှာပဲကျွန်တော်မေ့နေတာတစ်ခုကမြတ်မွန်ဆိုတဲ့မိန်းခလေးတစ်ယောက်ဟာကျွန်တော်ပိုင်တဲ့ မိန်းကလေးဆိုတာကို လူတိုင်းသိတာမှန်ပေမယ့်
ကျွန်တော်ကလည်းပဲမြတ်ကိုတရားဝင်ဖြစ်အောင် ရည်းစားစကားလည်းမပြောခဲ့ဘူးသလို မိဘတွေသဘောတူတယ်ဆိုတာကလည်း သတင်းစားထဲထည့်ဖို့မပြောနဲ့ ရပ်သိရွာသိအသိပေးထားတာလည်းမဟုတ်ဘူး
အမှန်တော့ ဘယ်သူမှလည်း အဲ့ဒီလိုလုပ်ဖို့စိတ်ကူးမရှိကြဘူး လုပ်ရကောင်းမှန်းလဲမသိဘူး... အော်တိုသိပြီးသားပဲလေ ဒီကလေးနှစ်ယောက် ကြီးလားရင်(ကျောင်းပြီးရင်)ပေးစားမယ်ဆိုတာ...
ဒါပေမယ့် အခု အဲ့ဒီလိုမဟုတ်တော့ဘူး... ကျွန်တော်တို့ နှစ်ယောက် ကိစ္စကို တရားဝင်ဖြစ်အောင်လုပ်ရတော့မှာ... လူကြီးတွေကို တရားဝင်ဖြစ်အောင်လုပ်ပေးဖို့ပြောဖို့ဆိုတာက ကျွန်တော့်ဘက်ကသေချာဖို့ အဓိကကျတယ်.
ကျွန်တော့်ဘက်က သေချာဖို့ဆိုတာမှာ... ကျွန်တော်တို့နှစ်ယောက် သမီးရည်းစားဖြစ်သွားဖို့က အရေးအကြီးဆုံးအချက်ပဲ... အခုမှ ကိုယ့်ကိုယ်ကိုယ် တော်တော်တုံးမှန်းသိတော့တယ်.. ဘယ့်နှယ့်ဗျာ တစ်သက်လုံး
ကိုယ့်လက်တွဲဖော်ဖြစ်လာမယ့် မိန်းမတစ်ယောက်နဲ့ တူတူရှိနေပါလျက်ကယ်နဲ့ ရည်းစားစကားပြောဖို့မေ့နေတယ်ဆိုတော့... ကျွန်တော် ကိုယ့်ကိုယ်ကိုယ် တော်တော်အသုံးမကျမှန်း ခုမှသိလိုက်ရတယ်
မနက်ကျရင် မြတ်ကိုဘယ်လိုပုံစံနဲ့တွေ့ရမှာပါလိမ့်ကျွန်တော်က မြတ်ရဲ့တစ်ဘ၀လုံးအေးအေးချမ်းချမ်းလေး ဖြတ်သန်းသွားနိုင်အောင် အတားအဆီးမှန်သမျှကို ဖယ်ရှာပေးမယ့် သူရဲကောင်းပေါ့... မြတ်မွန်ရယ်နင်သိလား
နင့်အတွက်ငါ အမြဲတမ်း သူရဲကောင်းဖြစ်ချင်နေတဲ့သူပါ... နင့်ရဲ့ဘ၀မှာငါ မရှိမဖြစ်ဖြစ်နေစေရမယ်... သူ့အတွက်အရာရာကို ဖြည့်ဆည်းပေးချင်နေတော့တာပဲ.မြတ် ငါ့စိတ်ထဲမှာနင့်ကို တစ်သက်လုံးက ကိုယ်ပိုင်တဲ့အရုပ်ကလေးလို
ထင်နေရာကနေ တခြားလူတစ်ယောက် လုတော့မှာပါလားဆိုတဲ့ အသိက ကျွန်တော့် အသိတရားတွေကိုခြောက်ချားသွားစေခဲ့တယ်နင်သိလားမြတ်ငါလေနင့်ကိုဘယ်နည်းနဲ့မှ အဆုံးရှုံးမခံနိုင်ဘူး.နင်ဟာငါ့အတွက်ပဲ...
ဒါကျွန်တော့်သစ္စာတရားပဲ... အဲ့ဒါ အချစ်လားလို့ မေးရင် ကျွန်တော်မသိဘူးလို့ပဲ အရှင်းဆုံး ၀န်ခံပါရစေ... ဘာပဲဖြစ်ဖြစ် မနက်ဖြန်ကျွန်တော်မြတ်ဆိုတဲ့ကောင်မလေးတစ်ယောက်ကိုကျွန်တော်ရည်းစားစကားပြောမှာပါ
စကားလုံးတွေနဲ့ ဖော်ပြရတာကို မနှစ်သက်တဲ့ကျွန်တော်ဟာ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ တရားဝင်ပြဌာန်းမထားတဲ့စည်းမျဉ်းစမ်းကမ်းအရ ... အရည်အသွေးအောင်လက်မှတ်မရသေးတဲ့
ချစ်သ၀ဏ်လွှာတစ်စောင် မနက်ဖြန်ဆက်မှာတော့ သေချာတယ်...
ဒီလိုနဲ့ပဲမနက်ကျောင်းသွားဖို့ မြတ်ကို ကားနဲ့ကျွန်တော်သွားခေါ်တော့ သူခြံရှေ့ထွက်စောင့်နေတာတွေ့တယ်... ထုံးစံအတိုင်းမြန်မာဆန်ဆန်လေးနဲ့လှနေတဲ့ကျွန်တော့်ချစ်သူကိုမြင်လိုက်ရတော့မှင်သက်ငေးကြည့်နေမိတယ်
မြတ်တို့ရဲ့ဆေးကျောင်းကိုရောက်တော့ မနက်စာ ကင်န်တင်းမှာ အတူတူစားကြတယ်ကျွန်တော်က နန်းကြီးသုပ်နဲ့ကျဆိမ့်...အဲ့ကောင်မလေး အခုထိကို မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲ အိုးဘဲဥနဲ့စားတုန်း သူမို့ နေ့တိုင်းအဲ့ဒါကို
မမုန်းပဲစားနိုင်တယ်... နောက်ပြီး သူကရေနွေးကြမ်း ခရေဇီ...ရေနွေးဆိုရင်လည်း သူက ရှိသမျှ ရေနွေးခွက်ကို အကုန်ကျင်း... ပြီးရင် အကုန်လုံးကို ညီနေအောင် တန်းစီသေးတာ ပြီးမှ ရေနွေးတွေတစ်ခွက်ပြီး တစ်ခွက်လိုက်ဖြည့်
အဲ့ဒါပြီးမှ မုန့်ဟင်းခါးကို စားတာ ... သူလည်းမုန့်ဟင်းခါ စားအပြီး ရေနွေးတွေက သိပ်မပူတော့ဘူး ခပ်နွေးနွေးဆိုတော့ အဆင်သင့်သောက်ရုံပဲတဲ့... အဲ့ဒါ သူလုပ်နေကျ.... မုန့်ဟင်းခါးစားပုံကိုလည်း ပြောရဦးမယ်...လာချချချင်း
မုန့်ဟင်းရည်ကပူနေတော့သူကချက်ချင်းမစားနိုင်သေးဘူး .... အဲ့တော့ ပန်းကန်ထဲပါတဲ့ အိုးဘဲဥပေါ်ကို ဟင်းရည်တွေ ဇွန်းနဲ့ခပ်ခပ်ပြီးလောင်းချနေတာ ခင်ဗျားတို့ မျက်စိထဲ မြင်အောင်ပြောရရင် ကန်တော့ဗျာ
ခွက်သေးသေးလေးနဲ့ ဘုရားရေသပ္ပါယ်နေသလိုပဲဗျာ အခေါက်ပေါင်းမနည်းဘူး အဲ့ဒါ ဟင်းရည် မအေးမချင်းလုပ်နေတာ... ကျွန်တော်က အစားမြန်သလောက် သူက အစားစားရင် ကြာတတ်တယ်
တစ်လုပ်လေက် ပါးစပ်ထဲထည့်ပြီး မကြေမချင်းဝါးနေတာမကြေပဲလည်း သူမျိုမချတတ်ဘူး အဲ့လိုဆို နင်ပြီး ဂျို့ထိုးရော.. တစ်ခါတစ်လေသူစာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖတ်နေခိုက်များဆို ကလေးတွေလိုပဲ
ထမင်းတစ်လုပ်ပါးစပ်ထဲ ထည့်ထားပြီးရင် ၀ါးဖို့မေ့နေတတ်တယ် အဲ့အတိုင်းကြီးငုံပြီးစာဖတ်နေတာ ကျွန်တော်က သတိပေးမှ... ၀ူးဝူးဝါးဝါးနဲ့ အတင်းဝါးပြီးမြိုချ... အဲ့လိုကောင်မလေးဗျ မြတ်ရယ်ဒီလောကကြီးမှာ
နင့်အကြောင်း နင့်အကျင့်တွေ ငါ့လောက်များ ဘယ်သူက သိနိုင်မှာတဲ့လဲ... ကျွန်တော် ကျေနပ်သလိုပြုံးလိုက်မိတယ် ထင်တယ် အဲအချိန်မှာမြတ်က
``ဘာရယ်တာလဲ..´´တဲ့
``မရယ်ပါဘူး...´´
``ရယ်ပါတယ်... အခုပဲလေနင်ငါ့ကို မလိမ်နဲ့...´သြော် နင်အခုထိ ကလေးကလားလုပ်နေတာကို သဘောကျလို့ပါဟာ
``ဟမ်... ဒါကလေးကလားလား ကိုယ့်ဘာသာ ရေနွေးသောက်တာကို´ အေးပါဟာထားပါတော့...အတန်းတောင် ဖျက်ပြီး နင်ဘာပြောမလို့လဲ
သောက်မှာသာ သောက်ပါမြတ်ရယ် နင့်ရေနွေး ပြီးရင် သွားမယ်
``ဘယ်ကိုလဲ...´သြော် တစ်ကတည် စပ်စုရန်ကောမြတ်ရာခေါ်တဲ့နေရာသာ လိုက်ခဲ့...အခုချိန်မှာပါစပ်လေးကိုပိတ်ပီးအစားကိုသာစားပါနော်
ကျွန်တော် သူ့ကို ကန်ပေါင်ဘက်ခေါ်လာတယ် ... ဘာရယ် မဟုတ်ဘူး ဒီလိုပဲ ကန်ပေါင်တစ်လျှောက် လေကတည်း တဖြူးဖြူးနဲ့ဆိုတော့ လမ်းလျှောက်ကောင်းကောင်းနဲ့လျှောက်လာလိုက်တာ လူရှင်းတဲ့နေရာနားရောက်မှ
အရိပ်ကောင်းကောင်းသစ်ပင်အောက်မှာ ကျွန်တော်တို့ရပ်လိုက်ကြတယ်... အမှန်က ကျွန်တော်ရပ်လိုက်တာပါ ကျွန်တော်ရပ်လိုက်တော့ သူလည်း ဆက်သွားလို့ ဘယ်ရမလဲ... ``ခဏထိုင်ရအောင်´´ လို့ ကျွန်တော်က ပြောတော့
``အေး..´´ တဲ့ကျွန်တော်က သစ်ပင် အမြစ်ဆုံကြီးတွေမှာ ထိုင်ချလိုက်တယ်... မြတ်ကတော့ သူ့လွယ်အိတ်လေး ကျွန်တော့ဘေးချပြီး ကန်ရေစပ်နားထိ လျှောက်သွားပြီးမှ ဖိနပ်ကိုသေသေချာချာချွတ် သူ့ခြေထောက်တွေ
ရေနဲ့ထိနိုင်လောက်တဲ့နေရာရောက်တော့မှ ထိုင်ချပြီး ခြေထောက်တွေ ရေထဲတွဲလောင်းချပြီး ဆော့နေလေရဲ့.. ကျွန်တော့ရဲ့မျက်စိမှာတော့ဒီအချိန်မှာမြတ်ကအလှနတ်သမီးလေးတစ်ပါးပါပဲ
လှလိုက်တာမြတ်ရယ် စိတ်ထဲကနေတိုးတိုးလေးရွတ်နေမိလိုက်တယ်``မြတ်´´
ကျွန်တော့်ခေါ်သံကြောင့် သူမ ဆတ်ခနဲ့ လှည့်ကြည့်ပြီး ဘာလဲဆိုတဲ့ သဘောနဲ့ မေးဆတ်ပြတယ်
``ဘာမှ မဟုတ်ဘူး... နေမပူဘူးလားလို့...´´မပူပါဘူး.. ဆိုပြီး ပြန်လှည့်သွားတယ်..
ဟုတ်ပါတယ် နေမပူပါဘူး သိသားပဲ သစ်ပင်ရိပ်အောက်မှာ ထိုင်နေတာ ဘယ်လိုလုပ် ပူမှာလဲ... ကျွန်တော်က ကိုယ့်အကြံအစည်နဲ့ကိုယ်ခေါ်တာ တွေ့လား အဲ့ဒီ ငတိမလေးက ဘာမှသိတာမဟုတ်ဘူး အခုကျွန်တော် သိလိုက်ပြီလေ...
သူ့မရဲ့မျက်လုံးတွေက ကျွန်တော့်လိုအနက်လည်း မဟုတ်ဘူး အညိုရင့်ရောင်.. နောက်မျက်တောင်တွေက သိပ်တော့မရှည်ဘူး ဒါပေမယ့် ထူထူထဲထဲနဲ့ ကော့နေတဲ့ အမျိုးအစားသူ့မျက်ခုံးတွေက ဇင်ယော်တောင်ပုံဗျခုမှကျွန်တော်လည်းသတိထားမိတယ်
ပုံမသွင်းထားပဲ သဘာဝအတိုင်း ဇင်ယော်တောင်ပုံပေါ့ဗျာ ကျွန်တော်ထင်တယ် မိတ်ကပ်ပြင်ဆရာတွေဆိုရင်တော့သူမရဲ့မျက်တောင်အဖျားဘက်ကို နည်းနည်းသွယ်သွားအောင် ဓါးနဲ့ တိပစ်မလားပဲကျွန်တော်သာအနားမှာဆို မလုပ်ဖို့တားမှာပဲ
အယ် စကားကလွဲပြန်ပြီ နှာတံတော့ သွယ်သွယ်လေးမဟုတ်ဘူး အဖျားဘက်မှာ လုံးလုံးလေးနဲ့ အရင်းတော့မဆိုစလောက်လေး ပြားတယ်လို့ပြောရမယ်နောက် နေပူပူ မပူပူနှာသီးဖျားလေးက အမြဲတမ်းချွေးထွက်တတ်တယ် အဲ့ဒါတော့
ငယ်ငယ်တည်းက ကျွန်တော်သတိထားမိတယ်သူမ နှုတ်ခမ်းတွေက ပန်းနုရောင်သန်းပြီးတော့ ထူထူထဲထဲရှိတယ်အမြဲတမ်းတင်းတင်းစေ့ထားတတ်ပေမယ့် သူပြုံးလိုက်ရင် အရမ်းအသက်ပါတာပဲ တကယ်ပြောတာကျွန်တော့်
သူငယ်ချင်းတွေဟိုကောင်တွေဆိုမြတ်က ပြုံးလိုက်ရင် အရမ်းလှတာပဲတဲ့ လူက အလိုလို ရိုကျိုးမိလျက်သားဖြစ်သွားတယ်ဆိုပဲ ကျွန်တော်တောင် ဒေါခွီးသေးတယ် အဲ့ကောင်တွေကိုကျွန်တော်တော့ မသိဘူးအဲအချိန်ကဟုတ်တယ်လေ
ပြုံးပြတယ်ဆိုတာ မျက်မှန်းတန်းမိတဲ့လူလောက် အိမ်နီးနားချင်းလောက်သာ ပြုံးပြလို့ကောင်းတာကိုယ့်အိမ်သားအချင်းချင်း ဘယ်သူက အဲ့လိုကြီး နှုတ်ဆက်ပြုံးပြုံးလို့တုန်းဟုတ်တယ်လေကျွန်တော်ကလည်း အိမ်သားလိုပဲဆိုတာ
ကိုယ့်ဆရာတို့လည်း အသိသားနဲ့.. အဲ့တော့ အမှန်အတိုင်း ၀န်ခံရရင်မြတ်ပြုံးရင် လှတယ်ဆိုတာကျွန်တော် မသိဘူးနောက် သူ့အကြောင်း ကျွန်တော်သိတာ တစ်ခုရှိသေးတယ် နှုတ်ခမ်းနီဘယ်သောအခါမှမဆိုးတတ်ဘူးဆိုတာ ဘာလို့လဲလို့ ကျွန်တော်မေးဖူးတယ်
မြတ်ရဲ့လက်ချောင်းခြေချောင်းလေးတွေ သိပ်လှတယ်ရှည်ရှည်သွယ်သွယ်လေးတွေသူ့လက်ချောင်းထိပ်ကလေးတွေဆိုဖောင်းပြီးရဲနေတာပဲအရမ်းကိုလှတာကျွန်တော့မျက်စိထဲမှာအင်း အဲ့လိုဆိုတော့လည်းသူမလှတယ်လို့ပြောလို့ရတာပေါ့နော်ကျွန်တော်လည်းတစ်ခါမှ
မြတ်ကိုလှဧ။် မလှဧ။် မဝေဖန်ခဲ့ဖူးဘူး အမှန်ပြောရရင် သတိလည်း မရဘူး.. ဘာလို့ဆို သတိရခဲ့သည့်တိုင် ရွေးစရာမှမရှိခဲ့ပဲသူမလှသည်ဖြစ်စေ မလှသည်ဖြစ်စေ တစ်နေ့ကျွန်တော် သူ့ကိုလက်ထပ်ရမှာပဲဒါ ကျွန်တော့်ဘ၀မှာ ပြဌာန်းထားပြီးသားသမိုင်းပေးတာဝန်လိုကိုစိတ်ထဲကနေ
သိနေတာအခု ကျွန်တော်အဲ့ဒီသမိုင်းပေးတာဝန်ကို ထမ်းဆောင်ဖို့ ပထမခြေလှမ်းကို စလှမ်းလိုက်ပြီ
``မြတ် လာဦးဟ ခဏ... ´´ဘာလဲ... ပြော... ဒီကနေ ကြားရတယ်ကြားရတာသိတာပေါ့... ဒါပေမယ့် လာဦးခဏ...´´
ဘာလဲဟာ နင်ကလည်း ရစ်နေပြန်ပြီ... ကြားရပါဆိုမှ ပြောမှာသာပြောတစ်ကယ်ပဲအရစ်ကိုရှည်လိုက်တာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS